ပိုမို အဆင့်မြင့် ပြီး အကွာအဝေး ပိုရလာတဲ့ TP-Link CPE
လက်ရှိ အိုင်တီနယ်ပယ်၊ အင်တာနက်ဆိုင်နဲ့ အသုံးပြုသူရဲ့အိမ်နဲ့ စသဖြင့် wireless ရရှိအောင် ချိတ်ဆက် အသုံးပြု နေတဲ့ TP-Link CPE 5210 က 2.4 GHz ကို အသုံ% Continue reading
ဘက်စုံသုံးဖို့ Defined Tab
product အသစ်ဖြစ်တဲ့ Defined tab ကို ထုတ်လုပ်ထားတယ်လို့ သတင်းရတာကြောင့် ကိုယ်တိုင် သွားရောက် စမ်းသပ်ရင်း Technomation ရဲ့ CEO ကိုထူးမြင့်နောင်နဲ့ စကားပြောဖြစ်ခဲ့ ကြပါတယ်။ အသစ် ထုတ်လုပ် ထားတဲ့ Defined tab ကတော့ screen အရွယ်အစား ၃ ဒဿမ ၈ လက်မ အကျယ် ၊ ၂ ဒဿမ ၃ လက်မ အမြင့် ရှိတဲ့ high resolution touch screen သုံး touch screen device တစ်ခုပါ။
အဓိက လုပ်ဆောင်ချက်ကတော့ dictionary ဖြစ်ပါတယ်။ dictionary မှာ စာအုပ် အနေနဲ့လည်း အထူး ပြည့်စုံတဲ့ ပညာရေးဝန်ကြီးဌာန ၊ မြန်မာစာ အဖွဲ့ ဦးစီး ဌာနက ထုတ်လုပ် ထားတဲ့ အင်္ဂလိပ် – မြန်မာ ၊ မြန်မာ – အင်္ဂလိပ် အဘိဓာန် ၂ အုပ်ကို အဓိကထား ထည့်သွင်း ထားပြီး တရားဝင် လိုင်စင်နဲ့ ထည့်သွင်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် English – English အတွက်ကိုတော့ နိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ Oxford Advanced Learners, Merriam – Webster, Longman Contemporary အဘိဓာန် ၃ မျိုးကို အပိုဆောင်း ထည့်သွင်းပေးထားပါတယ်။ Continue reading
ကလေးတစ်ဦး tablet တစ်ခု
၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းက အစပြုခဲ့တဲ့ OLPC (One Laptop Per Child) INGO အဖွဲ့အစည်းက အာဖရိကတိုက်မှာ ရှိတဲ့ ကလေးတွေ နည်းပညာနဲ့ အဆက်အသွယ် မပြတ်စေဖို့ အတွက် laptop တစ်လုံးကို ဒေါ်လာ ၁၀၀ နဲ့ ရောင်းချခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခု tablet တွေ ခေတ်ရောက်လာ တော့ OLPC က ဒေါ်လာ ၁၀၀ တန် tablet တွေကို ထုတ်လုပ်လာပြန်ပါတယ်။ Continue reading
မျှော်လင့်ချက်တွေနဲ့ ၂၀၁၂
အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြောင်းလဲ တိုးတက်လို့ လာနေတဲ့ နည်းပညာဟာ ၂၀၁၂ မှာ ရှေးယခင်ထက် ပိုမို မြန်ဆန်စွာ တိုးတက်လို့ လာမယ်ဆိုတာ မှန်းဆ လို့ရတဲ့ ကိစ္စ တစ်ခုပါ။ မြန်ဆန်စွာ တိုးတက်ခြင်း နဲ့ အတူ ဆန်းပြားတဲ့ တီထွင်မှု တွေလည်း ပါဝင်လာမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းမှု တချို့ကို ရေးသားလိုက်ရပါတယ်။ Continue reading
အကြမ်းခံတဲ့ Toughpad
Panasonic က အကြမ်းခံလွန်းတဲ့ laptop – Toughbook တွေထုတ်လုပ်ခဲ့တာ လိုအပ်ချက် ရှိတဲ့ သူတွေ အကြိုက် တွေ့ခဲ့ကြဖူးပါတယ်။ အခု tablet ခေတ်မှာလည်း Panasonic က အကြမ်းခံလွန်းတဲ့ Toughpad ကို ထုတ်လုပ် ဦးမှာ ဖြစ်ပါတယ်။ Android Honeycomb အသုံးပြုထားမဲ့ ဒီ tablet မှာ 1.2GHz dual-core Marvell processor ၊ 16 GB internal memory ပါဝင်ပါတယ်။ Continue reading
External Hard Drive ဝယ်တော့မယ် ဆိုရင်
အခု အချိန်မှာ external hard drive တွေရဲ့ ဈေးနှုန်းကလည်း ရှေးယခင်က memory stick ဈေး သာသာ လောက်ပဲ ရှိပါတော့တယ်။ ကျွန်တော် မှတ်မိသလောက် လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက 256 MB memory stick ကို ငွေ ခြောက်သောင်းနဲ့ ဝယ်ခဲ့ဖူးပါတယ်။ အခု အဲဒီ ဈေးနဲ့ ဆိုရင် external hard drive တစ်လုံး ရနေလောက်ပါပြီ။ ဒီလို ဈေးတွေ ပေါလာတဲ့ အချိန်မှာ ဈေး နဲ့ ပုံသဏ္ဍန် လှပမှု ပေါ်မူတည်ပြီး အရွေးမှားရင်လည်း အသုံးမတည့်တာ၊ မကြာခဏ ပျက်တဲ့ ပြဿနာ တွေနဲ့ ကြုံတွေ့ရ နိုင်ပါတယ်။ Continue reading
အားလုံးရဲ့ ရင်ထဲမှာ ကျန်နေခဲ့မဲ့ Steve
လူတွေ နားထောင်တဲ့ music player ရဲ့ လောက ၊ လူတွေ အသုံးပြုတဲ့ တယ်လီဖုန်းရဲ့ လောက၊ လူတွေ အသုံးပြုတဲ့ ခရီးဆောင် ကွန်ပျူတာ တွေရဲ့ လောက ကို အားလုံး မြေလှန်ပြောင်းလဲပစ်ပြီး အသုံးပြုသူ နဲ့ တသားတည်းဖြစ်တဲ့ နည်းပညာ ပစ္စည်း တွေကို ထုတ်လုပ် ပေးခဲ့တဲ့ Apple ရဲ့ CEO ဟောင်း Steve Jobs ဟာ သူချစ်တဲ့ Apple ကုမ္ပဏီ၊ သူချစ်တဲ့ Apple ပစ္စည်းတွေ နဲ့ သူ့ကို ချစ်တဲ့ ကမ္ဘာလောကကြီးကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာ သွားခဲ့ ပါပြီ။ Continue reading
error တက်လာတဲ့ Skype
လွန်ခဲ့တဲ့ ၂ ရက် ၊ ၃ ရက် လောက်က ပါ။ Skype က version အသစ် ထွက်တယ်။ update လုပ်မလားလို့ မေးတာ နဲ့ update လုပ်လိုက်တယ် ဗျ။ ပြသနာက အဲဒီမှာ စတာပဲ။ update လည်းပြီးရော၊ Skype က ခေါ်တာပဲ ဖြစ်ဖြစ်၊ လက်ခံတာပဲ ဖြစ်ဖြစ် error တက်ပြီး ပြုတ်ပြုတ်ကျသွားတော့တာ။ uninstall လုပ်ပြီး ပြန် install လုပ်၊ စမ်း တော့လည်း အဆင် မပြေဘူး ဗျ။ Continue reading
Angry Birds – web ပေါ်မှာ အခမဲ့ ကစားလို့ ရပြီ
မိုဘိုင်းဂိမ်းတွေနဲ့ နာမည်ကြီးလာတဲ့ Angry Birds ဂိမ်းဟာ အခုဆိုရင် Google နဲ့ ပူးပေါင်းပြီး web ပေါ်မှာ အခမဲ့ ကစားနိုင်ဖို့ စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Google ရဲ့ I / O conference မှာ ကြေငြာ ခဲ့တာ ဖြစ်ပြီး web browser ကနေ တဆင့်အလွယ်တကူ ကစား နိုင်နေပါပြီ။ connection နှေးတဲ့ သူတွေ အတွက် HD version နဲ့ မဟုတ်ပဲ SD version နဲ့လည်း ကစား နိုင်ပါတယ်။ http://chrome.angrybirds.com/ ကို ဝင်ရောက်ပြီး ကစား ရမှာပါ။ Continue reading
ဘင်လာဒင်စစ်ဆင်ရေး တိုက်ရိုက် tweet လုပ်ခဲ့မိသူနဲ့ အမေးဖြေ
အကြမ်းဖက် ခေါင်းဆောင် ဘင်လာဒင် ကို စစ်ဆင်ရေး လုပ်ခဲ့ရာမှာ လူထုကို ပထမဆုံး ဖြန့်ဝေ နိုင်ခဲ့တဲ့ မီဒီယာက twitter ဖြစ်ခဲ့ပါတယ်။ ဘင်လာဒင်ရဲ့ နေအိမ်နားမှာနေထိုင်တဲ့ programmer တစ်ယောက်ဟာ ဘင်လာဒင် နေထိုင် နေမှန်း မသိ သလို၊ အမေရိကန် စစ်တပ် တွေ အနေနဲ့ ဘင်လာဒင်ကို လာရောက် နှိမ်နှင်းတာ ဖြစ်တယ် ဆိုတာလည်း သူအနေနဲ့ မသိခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်ကြောင်း ကုန်စင် ကို စက္ကန့်မလပ် tweet လုပ်နေခဲ့ပြီး စစ်ဆင်ရေး ပြီးမြောက်ချိန်လောက်မှ သူဟာ ဘင်လာဒင် ရဲ့ စစ်ဆင်ရေးကို ဘုမသိ ဘမသိ live blog လုပ်နေမိမှန်း သိခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီ twitter ပိုင်ရှင် (Really Virtual ၊ အမည်ရင်း Sohaib Athar) ဟာ ပါကစ်စတန် နိုင်ငံ ရဲ့ ပထမ ဆုံး follower ၁ သိန်း အထက် ရှိတဲ့ သူ တစ်ယောက် ဖြစ်လာခဲ့သလို၊ လက်ထပ်ခွင့်တောင် ၂ ကြိမ် အတောင်းခံခဲ့ရပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခု အဲဒီ live blog လုပ်မိသူနဲ့ Cnet တို့ တွေ့ဆုံ အင်တာဗျူးခဲ့တာကို အလျင်းသင့်သလို ဘာသာပြန်ပေး လိုက်ရပါတယ်။ Continue reading



