Facebook မှာ ကိုယ့် status လေး လူတိုင်း မသိစေဖို့
Facebook က တကယ်ကို အသုံးတည့်ပြီး တနေကုန် အချိန်ကုန်လို့ ရတဲ့ social network ပါ။ ကျွန်တော် တို့ သူငယ်ချင်းတွေ ဆိုရင် facebook ကြောင့် အလှမ်းဝေး ကွာနေရာကနေ ပြန်လည် စုစုစည်းစည်း ဖြစ်လာ ခဲ့ရတာပါ။ သူငယ်ချင်းတွေ တွေ့တော့ ထုံးစံ အတိုင်း ပြောချင် တာတွေပြော၊ ရေးချင်တာတွေ ရေး၊ ဖြစ်သလို ရိုက်တာတဲ့ ဓာတ်ပုံတွေ တင်လို့ တင်နဲ့ ပျော်စရာပါ။ ဒါပေမဲ့ Facebook က ကိုယ့် သူငယ်ချင်းတွေ သီးသန့် သုံးတာမဟုတ် သလို တခြား သူတွေလည်း အသုံးပြုနေတာ ကြောင့် ကိုယ့် အကြောင်းတွေ အားလုံး လူတိုင်း သိနေရတာ တော့ မကောင်းဘူးပေါ့။
ကိုယ့်ရဲ့ friend ထဲမှာ လုပ်ဖော် ကိုင်ဖက် တွေပါမယ်၊ အလုပ်ရှင်တွေနဲ့ potential အလုပ်ရှင် တွေလည်း ပါကောင်း ပါနေမှာပါ။ ကိုယ့်က အလုပ်မှာ ခန့်ခန်းငြားငြား နေရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် သွားချင်ရာ သွားပြီး ပြောချင်ရာ ပြောမှာပေါ့၊ ဒါတွေကို လုပ်ဖော်ကိုင်ဖက် တွေသာ မြင်သွားရင် အထင် အမြင်သေးသွား နိုင်တယ် မလား။ ဒီလိုပဲ ကျောင်း ဆရာ၊ ဆရာ မတွေ ဆိုရင်လည်း ကိုယ့် friend list ထဲမှာ တပည့်တွေလည်း ပါမှာပဲ။ ဒီတပတ် စနေနဲ့ ဟိုတယ်က pub မှာ သွားကဲ မယ် ဆိုတဲ့ event မျိုးကို ကိုယ့်တပည့် တွေကို တွေ့စေချင်မှာ မဟုတ်ပါဘူး။ ဒီလို လေး တွေကြောင့် facebook က အသုံးတဲ့မဲ့ policy feature လေးကို ထည့်သွင်းပေးထားပါတယ်။ အသုံးဝင်ပေမဲ့ တော်တော်များများက ရှိမှန်း မသိသလို၊ လုပ်ရတာ ခေါင်းစားနေတဲ့ သူတွေ၊ ကျွန်တော့်ကို ပြောပြပါလို့ ပူဆာနေတဲ့ ကျွန်တော့် ချစ်သူငယ်ချင်း တွေ အတွက် ကျွန်တော် တစ်ဆင့်ချင်း ရေးပေး လိုက်ရပါတယ်။
ကဲ ဒီလို ဆိုရင် စရအောင်….
၁. အရင်ဆုံး facebook ရဲ့ ညာဖက် အပေါ်ထောင့်မှာရှိတဲ့ account ကို နှိပ်၊ ကျလာတဲ့ menu ထဲက နေ edit friend ကို ထပ် နှိပ်ရပါမယ်။
၂. ဘယ်ဖက်မှာ ရှိတဲ့ list ခေါင်းစဉ်အောက်က friends ကို နှိပ်ပါမယ်။
၃. ကိုယ့် friend တွေရဲ့ အပေါ်ဆုံးမှာ Create new list ဆိုတဲ့ ခုလုတ် ရှိပါတယ်။ အဲဒါကို နှိပ်ပါမယ်
၎. ကျလာတဲ့ box ထဲမှာ ကိုယ် ပေးချင်တဲ့ နာမည် တစ်ခုကို ပေးပြီး create list ကို နှိပ်ရ ပါမယ်။ ဒီနေရာမှာ ကိုယ်က ကိုယ့် အရင်းနှီးဆုံး သူငယ်ချင်း တွေကို တစ် group၊ လုပ်ဖော်ကိုင်ဖက်တွေကို တစ် group၊ မိသားစု ကို တစ် group စသဖြင့် ခွဲထားမယ် ဆိုရင် policy သတ်မှတ် ရတာ ပိုလွယ် ပါတယ်။
၁. ပြီးရင် ပြနေတဲ့ ကိုယ့်ရဲ့ သူငယ်ချင်း နာမည်ရဲ့ ဘေးမှာ ကိုယ် သတ်မှတ်ပေးချင်တဲ့ list ကို ရွေးပေးရပါမယ်။

၁. ပြီးရင် facebook ရဲ့ ညာဖက် အပေါ် ထောင့်မှာ ရှိတဲ့ account ကို နှိပ်။ ကျလာတဲ့ menu ထဲမှာ privacy setting ကို သွားပါ။
၂. ရောက်သွားမဲ့ စာမျက်နှာမှာ profile information ကို ရွေးပေးရပါမယ်။
၃. အဓိက ကိုယ့်ရဲ့ status message ကို အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ ပြချင်တယ် ဆိုပါစို့၊ post by me ရဲ့ ဘေးမှာ ရှိတဲ့ edit setting ကနေတဆင့် custom ကို ရွေးပေးရပါမယ်။

၁. ကျလာတဲ့ box ထဲမှာ Specific people ကို ရွေး၊ အောက်က အကွက်ထဲမှာ ကိုယ်ပေးထားတဲ့ list ရဲ့ အစ စာလုံးကို ရိုက်ထည့်ပြီး ရွေးယူ ရပါမယ်။ ဥပမာ – close friends လို့ပေးထားရင် clo စသဖြင့် ရိုက်ထည့်လိုက်ရင် list တွေကို ရွေးဖို့ ချပေးမှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးပြီး ရင် Save setting ကို နှိပ်ရပါမယ်။

၁. ကိုယ့်ရဲ့ ဓာတ်ပုံ တွေကို သတ်မှတ်ပေးချင်ရင် Photo Album ရဲ့ ဘေးက edit setting ကို နှိပ်ရပါမယ်။
![]()
၁. ကိုယ့်ရဲ့ album တွေကို ပြပေးတဲ့ စာမျက်နှာကို ရောက်ရင် album တစ်ခုချင်းစီရဲ့ ဘေးနားက box ကနေ တဆင့် အပေါ်က နည်းအတိုင်း လုပ်ပေးနိုင်ပါတယ်။

ကဲ ဒါဆိုရင် အားလုံးကို စိတ်ချ လက်ချ ရေး နိုင်သွားပါပြီ။
၁. ဒီလို privacy သတ်မှတ်ထားပြီး အသုံးပြုနေရင်းမှာ ပဲ status message တစ်ခုချင်းစီကို အသေးစိပ် စိတ်တိုင်းကျ သတ်မှတ်နိုင်ပါသေးတယ်။ ဒီလိုပါ…
၂. Facebook က status message ရိုက်တဲ့ box ရဲ့ အောက်၊ share ခုလုတ်ရဲ့ ဘေးမှာ သော့ခလောက် ပုံလေး ရှိပါတယ် အဲဒါကို နှိပ်ရပါမယ်။
၃. ကျလာတဲ့ box ထဲက custom –edit ကို နှိပ်ရပါမယ်။
အဲဒီ ထဲမှာ close friend ဖြစ်ပေမဲ့ ဒီ message ကို တစ်ယောက်ယောက် ကို မတွေ့ စေချင်ရင် hide this from – box ထဲမှာ အဲဒီ သူငယ်ချင်းရဲ့ နာမည်ကို ရိုက်ထည့်၊ save setting ကို နှိပ်ပြီး message တစ်ခု ချင်းစီ အတွက် သတ်မှတ်ပေးနိုင်ပါတယ်။

ကဲဒါဆိုရင် ကိုယ်ကဲ ထားတာလေးတွေ၊ ကဲ ချင်တာလေးတွေကို facebook မှာ စိတ်ချ လက်ချ share လို့ရပြီ ထင်ပါတယ်။
အခက်အခဲ တွေ ရှိနေရင် comment ရိုက်ပြီး မေးလို့ပါတယ် ခင်ဗျာ။ ကျွန်တော် တတ်သလောက် ပြန်ဖြေပေးပါ့မယ်။
Tags: facebook





ကျေးဇူးပါအကို…….. ပြောပြပေးတဲ့အတွက်…….အခက်အခဲရှိရင် မေးပါ့မယ်……
ဟုတ်ကဲ့။ ကျွန်တော် သိသလောက် ပြောပြပေးပါ့မယ် ခင်ဗျာ။ facebook က interface တွေ ပြောင်းထား တာနဲ့ ဆို ကျွန်တော် လုပ်ပေးထားတဲ့ screenshots တွေနဲ့ ကိုက်မှာ မဟုတ်တော့ဘူး ထင်တယ်။ အဆင် မပြေတာ ရှိရင် မေးလို့ ရပါတယ်။ ကျေးဇူး တင်ပါတယ်။
ကျေးဇူးပါပဲနော်.. သူငယ်ချင်းတွေဆီကိုလည်း ဝေငှချင်လို့ ကူးယူသွားပါတယ်နော်…
ဟုတ်။ ရပါတယ် ခင်ဗျာ။