SanDisk ရဲ့ paperclip အရွယ် Flash Drive
Flash Drive တွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ SanDisk က စက္ကူ တွေ ပူးတွဲရာမှာ သုံးတဲ့ paper clip တစ်ခု ရဲ့ အရွယ် အစားနဲ့ ထပ်တူ အရွယ်အစားရှိ တဲ့ Flash Drive တစ်ခု ကို ထုတ်လုပ်လိုက်ပါတယ်။ နာမည်ကိုတော့ Cruzer Blade လို့ပေးထားပါတယ်။ ဒီ flash drive က အရွယ် အစားမှာ သေးငယ် ရုံသာမက အလေးချိန်မှာလည်း အင်္ဂလန် နိုင်ငံသုံး ပြားစေ့ တစ်စေ့ ရဲ့ အလေးချိန် ပဲ ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အရွယ်အစား သေးငယ်လို့ အထင်သေးမယ် ဆိုရင်မှားသွားမှာပါ။ ကျစ်ကျစ် လစ်လစ် ပေါ့ပေါ့ပါးပါး ရှိပေမဲ့ သိမ်းဆည်းနိုင်မှုမှာတော့ 16 GB အမြင့်ဆုံး ရှိပါတယ်။ SanDisk က ဒီ flash drive ကို တယ်လီဖုန်း မှာ အလှ ချိတ်တဲ့ ပစ္စည်း တစ်ခု၊ ဒါမှမဟုတ် သော့ချိတ် တစ်ခု အနေနဲ့ အသုံးပြုပြီး လိုအပ်တဲ့ အချိန်မှာ digital data တွေကို အချိန်မရွေး ရွေ့ပြောင်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရ ပါတယ်။
အမေရိကန် နိုင်ငံနဲ့ ကနေဒါ နိုင်ငံ မှာ စတင် ရောင်းချမှာ ဖြစ်တယ်လို့ သိရပြီး ဈေးနှုန်းက 16 GB ကို ၇၈ ဒေါ်လာ၊ 8GB ကို ၃၉ ဒေါ်လာ၊ 4GB ကို ၂၂ ဒေါ်လာ၊ 2GB ကို ၁၅ ဒေါ်လာ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
Tags: flash drive, sandisk





Terrific work! This is the type of information that should be shared around the web. Shame on the search engines for not positioning this post higher!