အသစ် ထုတ်လိုက်တဲ့ Nikon ကင်မရာ အသစ် ၂ မျိုး

တူလေး ရေးသားသည်။

Nikon က အသုံးပြုချင်စရာ ကောင်းတဲ့ ကင်မရာ အသစ် ၂ မျိုးကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။  ပထမ တစ်မျိုးက 12.1 megapixel ရိုက်ကူး ပေးနိုင်တဲ့ Coolpix S5100 ဖြစ်ပြီး ဒုတိယ တစ်မျိုးကတော့ projector ပါဝင်တဲ့ 14.1 megapixel S1100pj ဖြစ်ပါတယ်။  ဒီ S1100pj က ပြီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ S1000pj ကို အဆင့်မြင့် ထားတဲ့ အမျိုး အစား ဖြစ်ပြီး၊ projector ရဲ့ အလင်းအားကို 10 lumens ကနေ 14 lumens အထိ ထားပေးနိုင်သလို၊ ကွန်ပျူတာကို USB ကြိုးနဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာထဲက data တွေ၊ ဓာတ်ပုံတွေ ကို နီးစပ်ရာ နံရံ ဒါမှမဟုတ် screen မှာ project နဲ့ ထိုးပြီ ပြလို့ ရပါသေးတယ်။  Projector က ပုံရိပ်တွေကို ၈ ပေ အကွာအဝေး အထိ ထိုးပေးနိုင်ပြီး အရွယ်အစား အနေနဲ့ကတော့ ၄၇ လက်မ အရွယ် အစားနဲ့ ပြသပေး နိုင်ပါတယ်။

ဒီ ကင်မရာမှာ ၃ လက်မ LCD touch screen display , 5x optical zoom နဲ့ face priority autofocus ပါဝင်သလို high definition 720p ရုပ်ရှင် တွေကို ရိုက်ကူး ပေးနိုင်ပါတယ်။  ဒီကင်မရာမှာ auto focus နဲ့ ရိုက်ကူး ထားတဲ့ face detected ပုံတွေ ကို အခြေခံပြီး နောက်ခံ တီးလုံးနဲ့ စည်းချက်ညီညီ လှုပ်ရှားပေးမဲ့ animated character ရဲ့ ပျော်စရာ ဖျော်ဖြေရေး လုပ်ဆောင်ချက် ပါတာကြောင့် ရိုက်ကူးထားတဲ့ ပုံတွေကို projector နဲ့ ထိုးပြီး မိသားစု၊ သူငယ်ချင်း အတူတူ ကြည့်ရင် ပျော်စရာ ရသ ကို ပေးစွမ်းနိုင်မှာ ပါ။  79 MB built in memory ပါဝင်ပြီး SD/SDHC/SDXC storage card တွေ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။

နောက်ကင်မရာ တစ်လုံး ဖြစ်တဲ့ Coolpix S5100 ကတော့ အလင်းရောင် နည်းတဲ့ နေရာတွေမှာ ကြည်လင်တဲ့ ပုံတွေ ကို အကောင်းဆုံး ရိုက်ကူး ပေးနိုင်ဖို့ ရည်ရွယ် ပါတယ်။  motion detection, vibration-reduction, flash control technology ပါဝင်ပြီး၊ လက်နဲ့ ကိုင်ရိုက် သလား၊ tripod မှာတင် ရိုက်သလား ရွေးခြယ် ပေးနိုင်တဲ့ လုပ်ဆောင် ချက် ကြောင့် ကင်မရာက ရွေးခြယ်မှု ပေါ်မူတည်ပြီး၊ အကောင်းဆုံး setting တွေကို ရွေးခြယ် ပေးမှာ ဖြစ်ပါတယ်။  manual ရိုက်ကူး မယ်ဆိုရင် ISO ကို ၃၂၀၀ အထိ ထားနိုင် တယ်လို့လည်း သိရပါတယ်။  5x optical zoom, HD 720p video recording, ၂ ဒသမ ၆ လက်မ LCD display တို့ ပါဝင်ပါတယ်။

S1100pj ကို ဈေးနှုန်း ဒေါ်လာ ၃၅၀ ၀န်းကျင် နဲ့ စက်တင်ဘာလမှာ ဖြန့်ချီမှာဖြစ်ပြီး S5100 ကိုတော့ အောက်တို ဘာ လမှာ ဈေးနှုန်း ဒေါ်လာ ၁၈၀ ၀န်းကျင်နဲ့ ဖြန့်ချီမှာ ဖြစ်ပါတယ်။  ကင်မရာ ၂ မျိုး လုံးကို အရောင် ၄ ရောင် နဲ့ ဖြန့်ချီမယ်လို့ သိရပါတယ်။

Tags:

Leave a Reply