Facebook ရဲ့ ပြိုင်ဖက်လား
သာမန်အားဖြင့် အခုလက်ရှိအချိန်မှာ ရေပန်း အစားဆုံး ဖြစ်နေတဲ့ Facebook ကို ပြိုင်ဆိုင်ဖို့ လွယ်ကူ တဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ အားလုံး လက်ခံ ထားပြီးသားပါ။ ဒါပေမဲ့ အခု အခါမှာ facebook ကို စိန်ခေါ်ဖို့ social network တစ်ခု ထွက်ပေါ်လာ တော့မှာပါ။ အဲဒီ project ကို လုပ်ကိုင်တဲ့ developer တွေက ဒီ project ကို စက်တင်ဘာ ၁၅ ရက် နေ့မှာ စတင်ဖို့ ရည်ရွယ်ထားတယ် လို့ သိရပြီး ထူးခြားချက် အနေနဲ့ open source အနေနဲ့ ပေးမှာ ဖြစ်တာ ကြောင့် သူ့ရဲ့ coding တွေကို အခြား developer တွေက အခမဲ့ ရယူပြီး ပိုကောင်းအောင် လုပ်ဆောင် ပေးလို့ ရမှာ ဖြစ်ပါတယ်။ Mozilla ရဲ့ Firefox browser ကလည်း ဒီလို open source project အနေနဲ့ပဲ browser လောက ကို လက်ဝါးကြီး အုပ်နိုင်ခဲ့တာ ပါ။
ဒီ project ကို Diaspora လို့ နာမည် ပေးထားပြီး အဓိကအားဖြင့် facebook ရဲ့ ရိုးရှင်းလွန်းတဲ့ privacy သတ်မှတ် ချက် တွေကြောင့် ကိုယ်ရေးကိုယ်ထာတွေကို မသိ သင့်တဲ့ သူတွေ သိစေခဲ့လို့ စိတ်ပျက် ခဲ့ရတဲ့ သူတွေ အတွက် အဓိက ရည်ရွယ် တယ်လို့ သိရပါတယ်။ Diaspora ကို ရေးဆွဲတဲ့ developer တွေက သူတို့ဟာ ဘယ် အချက် အလက် တွေကို လုပ်ဖော် ကိုင်ဖက်တွေ သိစေပြီး ဘယ်အချက်အလက်တွေကို သောက်စားဖော် သောက်စားဖက် သူငယ်ချင်းတွေ သိစေ ရမယ် ဆိုတဲ့ လွယ်ကူတဲ့ privacy သတ်မှတ်ချက် မျိုးကို ကောင်းကောင်း နားလည် သဘောပေါက် ထားတာကြောင့် သူတို့ရဲ့ project က အောင်မြင်လိမ့်မယ်လို့ လုံးဝ ယုံကြည်နေကြပါတယ်။
ဒီ project ကို ဦးစီးလုပ်ကိုင် နေသူတွေကတော့ New York မြို့ က ကွန်ပျူတာ သိပ္ပံ ပညာရှင် ၃ ဦးနဲ့ သချာင်္ပညာရှင် ၁ ဦးတို့ ဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့ လအနည်းငယ်က facebook ကို privacy အားနည်းမှုတွေနဲ့ ၀ိုင်းအပြစ်တင် ကြတဲ့ အချိန်မှာ ဒီလို privacy သတ်မှတ်ချက်တွေ ကောင်းကောင်းလုပ်ပေးနိုင်မဲ့ social network တစ်ခုကို စတင်ဖို့ အကြံရခဲ့ပါတယ်လို့ ပြောဆိုထားပါတယ်။ သူတို့က ဒီ project ကို အကောင်အထည် ဖော်ဖို့ ငွေကြေး ရင်းနှီး မြုပ်နှံပေးတဲ့ ကုမ္ပဏီ Kickstarter ကို ဒေါ်လာ ၁၀,၀၀၀ မတည် ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ Kickstarter က လူပေါင်း ၆,၅၀၀ ကနေတဆင့် ဒေါ်လာ ၂၀၀,၆၄၂ မတည်ပေးနိုင်ခဲ့လို့ ငွေကြေး အလုံအလောက်နဲ့ စတင် နေနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုသူ သန်း ၅၀၀ ရှိနေပြီး သန်းပေါင်း ၃သောင်း ၃ ထောင် တန်ဖိုးရှိနေပြီဖြစ်တဲ့ facebook ကို အလဲထိုးဖို့တော့ မလွယ်ဘူးလို့ထင်မိပါတယ်။ Diaspora project ကို အကောင်အထည်ဖော်ဖို့ ငွေးကြေး မတည် သူများရဲ့ စာရင်းမှာ Facebook ကို တည်ထောင်သူ Mark Zuckerberg လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Tags: facebook




