Google ရဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်တဲ့ ၀န်ဆောင်မှု အသစ်

တူလေး ရေးသားသည်။

Google က Gmail ထဲကနေ တဆင့် နိုင်ငံတကာကို ဖုန်းခေါ်ဆိုပေးနိုင်တဲ့ ၀န်ဆောင်မှု အသစ် တစ်ခုကို စတင် လိုက်ပါပြီ။  သူ့ရဲ့ ထူးခြားချက်က ဘာ ဆော့ဖ်ဝဲ ထည့်သွင်းစရာ မလိုပဲ Gmail ထဲကနေ အဆင့်သင့် အသုံပြု နိုင်မှာ ဖြစ်ပါတယ်။  လောလော ဆယ်မှာ အမေရိကန် နဲ့ ကနေဒါ နိုင်ငံကို ၂၀၁၀ နှစ်ကုန် ပိုင်းအထိ အခမဲ့ ခေါ်ဆို ခွင့်ပြုထားပြီး တခြား နိုင်ငံတွေကိုတော့ အခကြေးငွေ သက်သက်သာသာ နဲ့ ခေါ်ဆို နိုင်အောင် စီစဉ် ပေးထား ပါတယ်။  လောလောဆယ် မှာ စမ်းသပ် အသုံးပြုဖို့ free credit 0.10 ဒေါ်လာ ထည့်သွင်းပေးထား ပါတယ်။  credit ကို မြန်မာ နိုင်ငံကနေ ထပ်ဖြည့်ဖို့ လောလောဆယ် မရနိုင်သေးပေမဲ့ နောက်ပိုင်းမှာ ဖြည့်ပေးတဲ့ ၀န်ဆောင်မှုတွေ လည်း ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။  အသေးစိပ်ကို http://bit.ly/google-call ကနေ ၀င်ရောက် လေ့လာ နိုင်ပါတယ်။

Tags:

Leave a Reply