Panasonic ရဲ့ 3D camcorder အသစ်

တူလေး ရေးသားသည်။

Panasonic က 3D conversion lens ကို တပ်ဆင်ပြီး ၃ ဖက်မြင် ဗီဒီယိုတွေကို ရိုက်ကူး နိုင်သလို 3D conversion lens မတပ်ပဲ ပုံမှန် ၂ ဖက်မြင် ဗီဒီယို တွေကို ရိုက်ကူး နိုင်တဲ့ HDC-SDT750 camcorder အသစ် တစ်မျိုးကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။  ကနဦး အနေနဲ့တော့ သြဂုတ်လ ၂၀ ရက်နေ့မှာ ဂျပန် နိုင်ငံမှာ စတင် ရောင်း ချမှာ ဖြစ်ပါတယ်။

၃ဖက်မြင် တွေ ခေတ်စား လာတဲ့ အခု အချိန်မှာ တီဗီ တွေလည်း သုံးဖက်မြင် တီဗီတွေ ထုတ်လုပ်နေသလို၊ ရုပ်ရှင် ထုတ်လုပ် သူ တွေဖက် မှာ လည်း သုံးဖက်မြင် ရုပ်လုံးကွ ရုပ်ရှင်တွေ ထုတ်လုပ် နေကြတာကြောင့် Panasonic က camcorder လောက ကို လက်ဦးမှု ရယူလိုက်တဲ့ သဘော ရှိပါတယ်။  ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို အပေါ့စား အိမ်သုံး camcorder လောကမှာ သုံးဖက်မြင် ကို ရိုက်ကူး နိုင်တဲ့ အရည်အသွေးမြင့် camcorder တစ်လုံး ထွက်ပေါ်လာ တာ ကိုတော့ ကြိုဆို ရမှာပါ။

Panasonic ရဲ့ အကြီးတန်း ထုတ်လုပ်မှု မန်နေဂျာက “အရည်အသွေးမြင့်တဲ့ Panasonic ရဲ့ နည်းပညာကို လူတိုင်း သုံးနိုင်တဲ့ အပေါ့စား camcorder ထဲ ထည့်သွင်းပေးပြီး ကြည်လင် ပြတ်သားတဲ့ သုံးဖက်မြင် ဗီဒီယို တွေကို အိမ်မှာ ခံစား နိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။  camcorder ရဲ့ 3D lens ကို camcorder ရဲ့ နဂိုပါဝင်တဲ့ Leica 12x optical zoom lens မှာ ထပ်မံတပ်ဆင်ပြီး အသုံးပြုရမှာ ဖြစ်ပြီး အဲဒီ 3D conversion lens က လူရဲ့ ဘယ်ဖက် နဲ့ ညာဖက် မျက်စိ အတွက် ပုံရိပ် ၂ ခု ကို သီးသန့် ရိုက်ကူး ပေးမှာ ဖြစ်ပါတယ်။  3D အတွက် 960 x 1080 pixel နဲ့ ရိုက်ကူး ပေးနိုင်ပြီး 3D conversion lens မပါပဲ 2D ပဲဆိုရင်တော့ 1920 x 1080  HD ဗီဒီယိုကို 50 / 60 frames per seconds နဲ့ ရိုက်ကူး ပေးနိုင်ပါတယ်။

ဗီဒီယိုတွေကို SDHC / SDXC card တွေနဲ့ သိမ်းဆည်းပေး နိုင်ပြီး ၃ လက်မ touch screen LCD display ပါဝင် ပါတယ်။  အသံ အနေနဲ့တော့ 5.1 channel recording ရရှိပြီး Panasonic ရဲ့ Hybrid IOS Optical / electronic image stabilization နည်းပညာ ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၀၀ ၀န်းကျင် လို့ သိရပြီး အမေရိကန် နိုင်ငံမှာ အောက်တိုဘာလမှာ စတင် ရောင်းချမှာ ဖြစ် ပြီး နိုင်ငံတကာ ဈေးကွက်ကိုတော့ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ချီမယ်လို့ သိရပါတယ်။

Tags: , ,

One Response to “Panasonic ရဲ့ 3D camcorder အသစ်”

  1. Hi there, anyway, thanks for the info!

Leave a Reply