သန်း ၂၀ မှတ်တိုင်ကို စိုက်ထူ နိုင်ပြီ ဖြစ်တဲ့ Twitter
စာလုံး အရေ အတွက် ၁၄၀ လုံး နဲ့ ကိုယ်ပြော ချင်တာကို ပြောရတဲ့ micro blogging site တစ်ခု ဖြစ်သလို social networking site တစ်ခုလည်း ဖြစ်တဲ့ Twitter က သူ့ရဲ့ သန်း ၂ သောင်း မြောက် tweet ကို ဇူလိုင်လ ၃၁ ရက်နေ့ မြန်မာ စံတော်ချိန် ည ၁၀ နာရီ ၁၄ မိနစ်မှာ လွင့်တင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Twitter က tweet ပေါင်း သန်း ၁ သောင်း ရောက်ဖို့ ၄ နှစ် စောင့်ခဲ့ ရပေမဲ့ သန်း ၂ သောင်း မြောက်ဖို့ကို ၅ လ နီးပါးပဲ စောင့်ခဲ့ရတာကြောင့် Twitter ရဲ့ ရေပန်း စားမှုက အံ့မခန်း ဖြစ်လာ တယ်လို့ ဆိုလို့ ရပါတယ်။
Twitter ရဲ့ သန်း ၂ သောင်း မြောက် tweet ကတော့ ဂျပန် နိုင်ငံက ဂရပ်ဖစ် ဒီဇိုင်နာ တစ်ယောက်ရဲ့ ကြေငြာ အေဂျင်စီ အတွက် တင်လိုက်တဲ့ tweet ဖြစ်ပြီး စာသားက “GGGGGGo_Lets_Go” ဖြစ်တယ် လို့ သိရပါတယ်။ အဲဒီ tweet ပိုင်ရှင်က သူ့ရဲ့ tweet က သန်း၂ သောင်း မြောက် မှတ်တိုင် စိုက်ထူနိုင် ခဲ့တာကို ၀မ်းမြောက် ကြောင်း message တွေ ၀င်လာ တဲ့ အချိန်မှ သိရပြီး ထီပေါက် သလိုပဲ ခံစား ခဲ့ရ တယ်လို့ ပြောပြ ခဲ့ကြောင်း ဘီဘီစီ သတင်း ဌာန က ရေးသား ထားပါတယ်။
Tags: twitter




