Apple က iPod အသစ်တွေ ထပ်ထုတ်လိုက်ပြန်ပါပြီ။

တူလေး ရေးသားသည်။

Apple က စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ Special Event မှာ iPod အသစ် တွေနဲ့ iTunes 10, iOS 4.1, Apple TV အသစ် တွေကို ချပြခဲ့ပါတယ်။

iPod အသစ်တွေ ထဲမှာတော့ shuffles, nanos တွေနဲ့ အတော်ကို powerful ဖြစ်တဲ့ iPod Touch တို့ပါပါတယ်။  iTune 10 ထဲမှာတော့ “Ping” လို့နာမည် ပေးထားတဲ့ Social network ပါဝင်လာမယ်လို့ သိရပါတယ်။

အသစ်ထုတ်လုပ်လိုက်တဲ့ iPod Shuffle က နဂိုရှိတဲ့ iPod shuffle ထက် ပိုသေးသွားပြီး အရင် edition မှာ မပါ လာတဲ့  physical button တွေ ပါဝင်လာတာကြောင့် physical button ပါတဲ့ iPod shuffle ကိုမျှော်လင့်နေကြတဲ့ သူတွေ လုံးဝ အကြိုက်တွေ့မှာ အသေအချာပါ။  ဒါ့အပြင် playlist, voice speaking ပါဝင်မှာ ဖြစ်ပြီး genius mix ပါ အထောက် အပံ့ပေးဦးမှာ ဖြစ်ပါတယ်။ storage အနေနဲ့တော့ 2GB ပါရှိမှာဖြစ်ပြီး Apple ရဲ့ ပြောဆိုချက် အရတော့ ၁၅ နာရီအသုံးခံတဲ့ ဘက်ထရီပါဝင်မယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ အပြာရောင်၊ ရွှေရောင်၊ အစိမ်းရောင်၊ ပန်းရောင်နဲ့ ငွေရောင်တို့ နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။  ဈေးနှုန်းကတော့ ၄၉ ဒေါ်လာလို့ သိရပါတယ်။

နောက်ထပ် အသစ်ထုတ်တဲ့ iPod nano ကတော့ iPod shuffle လိုပဲ ပိုသေးသွားပြီး ထူးခြားတာက multi touch color display ပါဝင်လာပါတယ်။  nano မှာ သုံးနေကျ clickwheel controller ကို စွန့်လွတ်ပြီး ပိုအဆင့်မြင့်တဲ့ touch screen နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် clik ပါဝင်လာမှာ ဖြစ်တာကြောင့် iPod shuffle လိုပဲ wearable iPod တစ်ခု ဖြစ်လာ ဦးမှာပါ။  (ဒီ clik နဲ့ ရှပ်အကျီလက်မှာ ညှပ်ထားလို့ ရသလို၊ jean ဘောင်းဘီရဲ့ coin pocket မှာ ချိတ်ထားလို့ ရနိုင်မှာ ပါ။)  အရင် nano ရဲ့ အရွယ် အစားနဲ့ အလေးချိန် တစ်ဝက်ပဲ ရှိမယ် လို့သိရပြီး ဘက်ထရီကတော့ ၂၄ နာရီ အသုံးခံမယ်လို့ သိရပါတယ်။  OS က iOS မဟုတ်ပေမဲ့ iPhone, iPad တို့မှာ တွေ့ရတဲ့ user interface မျိုးကို သုံးထားတာကြောင့် iPhone, iPad, iPod Touch သုံးဖူးရင် လုံးဝ အခက်အခဲမရှိ သုံးနိုင်မှာ ဖြစ်ပါတယ်။  iPod nano ရဲ့ screen ကို two finger gesture နဲ့ လှည့်နိုင်မယ်လို့ လည်း သိရပါတယ်။  (RED) version ကို iPod nano မှာ ထုတ်လုပ်မှာ ဖြစ်သလို တခြား အရောင်တွေ အနေနဲ့ ခဲရောင်၊ အပြာရောင်၊ ရွှေရောင်၊ အစိမ်းရောင်၊ ပန်းရောင်တို့ နဲ့ ၀ယ်ယူ နိုင်မှာ ဖြစ်ပါတယ်။  ဈေးနှုန်းက 8 GB ကို ၁၄၉ ဒေါ်လာ ၊ 16 GB ကို ၁၇၉ ဒေါ်လာပါ။

iPod Touch ကတော့ သတင်းတွေ ထွက်ထားတဲ့ အတိုင်း iPhone 4 နဲ့ အတော်ကို ဆင်တူတဲ့ iPod Touch ကို ထုတ်လုပ် ခဲ့ပါတယ်။  အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အရှေ့  မှာ front facing camera တစ်ခု ပါဝင်လာပြီး facetime ကို wifi ကနေ တဆင့် အသုံးပြုပြီး video chat လုပ်နိုင် သလို အနောက်က ကင်မရာကလည်း HD video တွေကို ရိုက်ကူး ပေးနိုင်မှာ ဖြစ်ပါတယ်။   လက်ရှိအချိန်မှာ iPod Touch က ရေပန်းအစားဆုံး gaming device တစ်ခု ဖြစ်တာနဲ့ အညီ ဒီ iPod Touch အသစ်ကိုလည်း ဂိမ်းတွေ အကောင်းဆုံး ကစားလို့ ရနိုင်အောင် အထူးစီမံ ထားတယ်လို့ သိရပါတယ်။  screen က iPhone 4 မှာလိုပဲ 326ppi “retina display” ကို အသုံးပြုထားမှာ ဖြစ်ပြီး iPhone 4 မှာ သုံးတဲ့ processor ကိုပဲ သုံးထားမှာ ဖြစ်ပါတယ်။  ရိုက်ထားတဲ့ ဗီဒီယိုတွေကို iPod Touch မှာပါမဲ့ iMovie app ကိုသုံးပြီး edit လုပ်နိုင်မှာ ဖြစ်ပါတယ်။  ဘက်ထရီ အနေနဲ့တော့ နာရီ ၄၀ အသုံးခံမယ်လို့ သိရပါတယ်။ 8 GB ကို ၂၂၉ ဒေါ်လာ၊ 32 GB ကို ၂၉၉ ဒေါ်လာ၊ 64 GB ကို ၃၉၉ ဒေါ်လာ လို့ သိရပါတယ်။

အသစ်ထွက်တဲ့ iPod တွေ အားလုံးကို အမှာ စတင်လက်ခံ နေပြီ ဖြစ်ပြီး နောက်တစ်ပတ် ထဲမှာ စတင် ပို့ဆောင် ပေးမယ် လို့ သိရပါတယ်။

Tags: , , , ,

Leave a Reply