ပိုမို အဆင့်မြင့် ပြီး အကွာအဝေး ပိုရလာတဲ့ TP-Link CPE

တူလေး ရေးသားသည်။

လက်ရှိ အိုင်တီနယ်ပယ်၊ အင်တာနက်ဆိုင်နဲ့ အသုံးပြုသူရဲ့အိမ်နဲ့ စသဖြင့် wireless ရရှိအောင် ချိတ်ဆက် အသုံးပြု နေတဲ့ TP-Link CPE 5210 က 2.4 GHz ကို အသုံးပြုထားပြီး အခု ထွက်ရှိတဲ့ TP-Link CPE 7510 က 5 GHz bandwidth ကို အသုံးပြုထားတာပါ။

ဒါကြောင့် တခြား 2.4 GHz လိုင်းတွေ နဲ့ ရောထွေးမှု တွေ မရှိတော့တဲ့ အပြင် directional antenna ကိုလည်း  15 dBi အထိ တိုးမြင့် ထားတာကြောင့် အကွာအဝေးကို လည်း 5210 ထက် ၁ ဆ ပိုမို ရရှိ နိုင်တယ်လို့ ကိုယ်စားလှယ်ယူ ဖြန့်ချီနေတဲ့ Neo Tech က ရှင်းလင်း ပြပါတယ်။

တွဲဖက်ပါဝင်တဲ့ cable က outdoor အသုံးပြုဖို့ သီးသန့်ရည်ရွယ် ထုတ်လုပ်ထားပြီး ထူးခြားချက်က တပ်ဆင်ထားတဲ့ RJ 45 connector ကနေ မိုးရေ စိမ့်ဝင်တာမျိုး မရှိတာပါ။  Neo Tech – Tel: 01 398199 မှာ ၁၅ မီတာ အရှည် cable ပါပြီးသား CPE 7510 ကို ဈေးနှုန်း ၆၅၀၀၀ ကျပ်နဲ့ ဝယ်ယူ နိုင်ပါပြီ။

Tags: ,

Comments are closed.