ကလေးတစ်ဦး tablet တစ်ခု
၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းက အစပြုခဲ့တဲ့ OLPC (One Laptop Per Child) INGO အဖွဲ့အစည်းက အာဖရိကတိုက်မှာ ရှိတဲ့ ကလေးတွေ နည်းပညာနဲ့ အဆက်အသွယ် မပြတ်စေဖို့ အတွက် laptop တစ်လုံးကို ဒေါ်လာ ၁၀၀ နဲ့ ရောင်းချခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခု tablet တွေ ခေတ်ရောက်လာ တော့ OLPC က ဒေါ်လာ ၁၀၀ တန် tablet တွေကို ထုတ်လုပ်လာပြန်ပါတယ်။

Las Vegas မှာ ပြုလုပ်နေတဲ့ Consumer Electronic Show (CES) 2012 မှာ ချပြလာတာပါ။ Android Honeycomb တင်ထားပြီး Marvell’s 1Ghz PXA618 processor နဲ့ 512MB RAM ပါဝင်ပါတယ်။ ကာဗာမှာ ပါတဲ့ solar ကနေတဆင့် အားသွင်းနိုင်သလို လက်လှည့် ကိရိယာကို အသုံးပြုပြီးလည်း အားသွင်း နိုင်ပါသေးတယ်။
ရောင်းချတဲ့ နေရာမှာတော့ တစ်ခုချင်း ရောင်းချမှာ မဟုတ်ပဲ အဖွဲ့အစည်းအနေနဲ့ အများအပြား မှာယူမှသာ ရောင်းချမယ်လို့ သိရပါတယ်။
Tags: tablet PC



