You are currently browsing: App guide

ဂစ်တာ ကြိုးညှိဖို့ app

တူလေး ရေးသားသည်။

iPod Touch / iPhone / iPad တို့ နဲ့ အသုံးပြု ရမဲ့ app ပါ။ တွေ့ဖူးသမျှ ဂစ်တာ ကြိုးညှိတဲ့ app တွေ ထဲမှာတော့ အစွမ်း အထက်ဆုံး app လို့ ပြောနိုင်ပါတယ်။ အခမဲ့ ပေး ထားပေမဲ့ လုပ်ဆောင် ချက်တွေ ကတော့ အံ့မခန်းပါ။ တခြား ကြိုးညှိတဲ့ app တွေလို အသံမှန်တွေကို ဖွင့်ပြ ပေးပြီး နားနဲ့ နားထောင် ညှိ ရတာမျိုးမဟုတ်ပဲ iPod / iPhone / iPad ကို ဂစ်တာ နားထားပြီး သက်ဆိုင် ရာကြိုးကို တီးလိုက်ယုံနဲ့ ကြိုးဘယ်လောက်လျော့ နေတယ်၊ တင်းနေတဲ့ ဆိုတာ ဘားတန်း နဲ့ ပြသပေးမှာဖြစ်ပြီး အလွယ်တကူ ညှိုယူ နိုင်ပါတယ်။

Android အတွက် Winamp app

တူလေး ရေးသားသည်။

ကွန်ပျူတာကို ၂၀၀၀ ခုနှစ် ၀န်းကျင်လောက်က စတင် အသုံးပြုခဲ့ တယ် ဆိုရင် Winamp မီဒီယာ ပလေရာ ကို ကောင်းကောင်း သိမှာပါ။ အသံကောင်းကောင်း ထုတ်ပေးနိုင်သလို၊ ပေါ့ပေါ့ ပါးပါးလည်း ရှိတဲ့ software တစ်ခုပါ။ အခု အဲဒီ Winamp ပလေရာ ကို Android မိုဘိုင်းဖုန်း တွေ အတွက် ထုတ်လုပ် ပေး လိုက်ပါပြီ။

လောလော ဆယ်မှာ Android 2.1 မှာ အလုပ်လုပ် ပြီး၊ Android desktop widget အနေနဲ့လည်း အလုပ် လုပ် သလို Last.fm ကိုလည်း နားထောင်လို့ ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ Winamp 5.59 beta ကို အသုံးပြု နေတယ် ဆိုရင် ကိုယ့်ရဲ့ music library ကို USB ဒါမှမဟုတ် wifi နဲ့ sync လုပ်လို့ရပါသေးတယ်။

စဉ်းစဉ်းစားစား ကစား ရမဲ့ Cut The Robe ဂိမ်း

တူလေး ရေးသားသည်။

ဒီတစ်ပတ် ဂိမ်းလမ်းညွန်မှာတော့ iPod Touch / iPhone / iPad တို့နဲ့ ကစားလို့ ရတဲ့ Cut The Robe ဆိုတဲ့ ဂိမ်း နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ လောလောဆယ် iTune Store မှာ hit ဖြစ်နေတဲ့ ဂိမ်း တစ်ခုပါ။ ချိုချဉ်လုံး လေး တစ်ခု ကို ကြိုးတွေ ၃ ၊ ၄ ချောင်းနဲ့ ချည်ထားပြီး သက်ဆိုင် ရာ ကြိုးတွေကို ဖြတ်ပြီး အောက်မှ ချိုချဉ်စား ဖို့ စောင့် နေတဲ့ ချစ်စရာ အကောင်လေး ဆီရောက် အောင် ကျွေးရမှာ ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ကြိုးပေါ်မူတည်ပြီး သွားရာ လမ်းကြောင်းမှာ ရှိတဲ့ ကြယ်လေးတွေကို ထိအောင် ယူပြီး အမှတ် ယူရမှာ ဖြစ်ပါတယ်။

ကြိုက်တဲ့ ဗီဒီယို တွေဖွင့်ဖို့ VLC Media Player – app

တူလေး ရေးသားသည်။

ဒီ တစ်ပတ် app လမ်းညွန်မှာတော့ iPad နဲ့ အသုံးပြုလို့ရတဲ့ app တစ်ခုကို ညွန်ပြပေး ချင်ပါတယ်။ VLC media player ကိုတော့ ကွန်ပျူတာနဲ့ ဗီဒီယို အကြည့်များတဲ့ သူတွေ အားလုံး နီးပါး သိကြ ပါတယ်။ ဒီ media player က တခြား player တွေလို မဟုတ်ပဲ ဗီဒီယို ဖော်မက် ပေါင်းစုံ ကို ကြည့်ရှု နိုင်အောင် စီစဉ်ထားသလို၊ HD format တွေကိုလည်း ပြသ ပေးနိုင်ပါတယ်။ အခု အဲဒီ VLC media player က app တစ်ခု အနေနဲ့ iPad မှာ ရရှိ လာ ပါပြီ။ ပုံမှန် အားဖြင့် ကန့်သတ်ချက်တွေ ရှိနေလို့ iPad ရဲ့ နဂို ပါဝင်ပြီးသား video player ကို မကြိုက်နှစ် သက်တဲ့ သူတွေ အဘောကျမဲ့ app ပါ။

iPhon App: စိတ်ကြိုက်ကားကို ဖန်တီးခွင့်ပေးမဲ့ Rolls-Royce Ghost App

တူလေး ရေးသားသည်။

iPhone ဒါမှမဟုတ် iPod Touch အသုံး ပြု တဲ့ ကားဝါသနာ အိုးတွေ အကြိုက်တွေမဲ့ app ပါ။ ဒီ app က ကား ကုမ္ပဏီ Roll Royce က ထုတ်လုပ် ထားတာဖြစ်ပြီး စိတ်ကြိုက် Rolls Royce တစ်စီး ဖန်တီးဖို့ အခွင့်အရေး ပေးမှာပါ။ အရောင် ၁၂ ရောင်ထဲက စိတ်ကြိုက် အရောင် ကို ရွေးခြယ် နိုင်တယ်၊ ဘီးတွေကို စိတ်ကြိုက် ဒီဇိုင်း တပ်ဆင် နိုင်တဲ့ အပြင် အတွင်းခန်း ကိုလည်း ကြိုက်နှစ် သက်ရာ အသားနဲ့ တဆာဆင် နိုင်ပါ သေးတယ်။ ဒီ app က ကားဝယ်ယူ နိုင်တဲ့ dealer တွေကို ညွန်ပြ ပေးနိုင်တဲ့ အပြင် ကိုယ်စိတ်ကြိုက် ဖန်တီးထားတဲ့ ကားတွေကို သိမ်းထားဖို့ ဂိုဒေါင် ကိုလည်း ထည့်သွင်း ပေးထားပါတယ်။

Android မိုဘိုင်းဖုန်းတွေ အတွက် Firefox browser

တူလေး ရေးသားသည်။

Android အခြေပြု မိုဘိုင်းဖုန်း သုံးတဲ့ သူတွေ အတွက် ၀မ်းသာစရာ တစ်ခုပါ။ ကွန်ပျူတာတွေမှာ အင်တာနက် ကြည့်ရာမှာ လူတိုင်းလိုလို အသုံးပြုကြတဲ့ Firefox application က အခု Android ဖုန်းတွေအတွက် app အနေ နဲ့ ရရှိနိုင်တော့မှာပါ။ အခု အချိန်မှာ စမ်းသပ်ဆဲ အချိန်ဖြစ်တာကြောင့် အခက်အခဲ အနည်းငယ် ရှိတာကလွဲလို့ သုံးလို့ ကောင်းတဲ့ app တစ်ခုပါ။ desktop version မှာလိုပဲ tab တွေ၊ bookmark menu တွေ၊ setting တွေ၊ addon တွေ ပါဝင်ပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။

Facebook ကို ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ သူတွေ အတွက် echofon app

တူလေး ရေးသားသည်။

နာမည် က Echofon for Facebook ပါ။ iTune Store မှာ အဲဒီလို ရိုက်ထည့် ပြီး ရှာဖွေ နိုင်ပါတယ်။ Facebook က သူတို့ ရဲ့ ကိုယ်ပိုင် app ထုတ်ထားပေမဲ့ ဒီ Echofon app ကလည်း သုံးလို့ ကောင်းတဲ့ app တစ်ခုပါ။ Newsfeed, message, photo, notification စတာတွေကို tab တွေနဲ့ လွယ်လွယ်ကူကူ ကြည့်နိုင်ပါတယ်။ Chat feature လည်း အလုပ်လုပ်ပါတယ်။

ဘောလုံးပွဲ အဖြေတွေ သိနိုင်ဖို့ iPhone / iPod Touch app

တူလေး ရေးသားသည်။

ဘောလုံးပွဲ အဖြေ တွေကို အချိန်နဲ့ တပြေးညီ ဖော်ပြ ပေးတဲ့ ၀ဘ်ဆိုဒ် livescore.com က ထုတ်လုပ် လိုက်တဲ့ livescore app ပါ။ iPhone / iPod Touch နဲ့ အသုံးပြု နိုင်ပါတယ်။ လက်ရှိ ကန် နေတဲ့ ဘောလုံးပွဲ တွေရဲ့ အဖြေ တွေကို မိနစ် အလိုက် အမြဲ update လုပ်ပေး နေပါတယ်။ premier league, serie a, primera division စတဲ့ နာမည်ကြီး league တွေအပြင် တခြားသော ဘောလုံးပွဲ များရဲ့ အဖြေတွေ၊ အ၀ါကဒ်၊ အနီကဒ် ပစ်ဒဏ်နဲ့ အချိန်တွေ၊ ပယ်နယ်တီ ၀င်၊ မ၀င် စတဲ့ အချက် အလက် တွေကို ရှင်းရှင်း လင်းလင်း ဖော်ပြ ပေးတာကြောင့် သဘောကျ မိပါတယ်။

အရောင်တွေ ရွေးခြယ် ဖို့ palette app

တူလေး ရေးသားသည်။

ဒီဇိုင်နာတွေ၊ ၀ဘ်ဒီဇိုင်နာတွေ၊ အိမ်အတွင်းပိုင်း ပြင်ဆင်တဲ့သူတွေ၊ ဖက်ရှင် ဒီဇိုင်နာ တွေ၊ စတဲ့ အရောင် နဲ့ နေ့စဉ် အလုပ်လုပ် နေရတဲ့ သူတွေအတွက် အရောင်တွေကို စိတ်တိုင်းကျ ရွေးခြယ်ပြီး လိုက်ဖက် မဲ့ အရောင်တွေကိုပါ တပါ တည်း ဖော်ပြပေးမဲ့ app ပါ။  ၀ဘ်ဆိုဒ် ၊ ဓာတ်ပုံ နဲ့ ကင်မရာ မှတဆင့် ကြိုက်တဲ့ အရောင် တစ်ရောင်ကို ထောက်ပြီး ရွေးခြယ်ကာ လိုက်ဖက်မဲ့ အရောင်တွေကို စိတ်တိုင်းကျ ချိန်ညှိပေးနိုင်ပါတယ်။  ဒါကြောင့် သွားရင်းလာရင်းနဲ့လည်း စိတ်ကူး တည့်တဲ့ အချိန်မှာ လှပတဲ့ အရောင်တွေကို စပ်ထားနိုင်တော့ မှာပါ။  အခမဲ့ ရရှိနိုင်ပြီး OS 3.0 လိုအပ် ပါတယ်။Read more..

Security geeks တွေ အတွက် Cisco app

တူလေး ရေးသားသည်။

Cisco က Cisco Engineer တွေ Security Experts တွေနဲ့ Network Engineer တွေ အတွက် iPhone/iPod app တစ်ခု ကို ဒီနေ့ သေကြာနေ့ ကနေစတင်ပြီး ဖြန့်ချီမယ်လို့ သိရပါတယ်။ ဒီ app မှာ နောက်ဆုံးရ malware signature တွေ security အတွက် လိုအပ်တဲ့ ဖြေရှင်းချက်တွေနဲ့ podcast တွေ video တွေကို ကြည့်ရှုခွင့်ပေးထားမှာပါ။