You are currently browsing: Camera reviews

Auto အပြင် Manual အတွက်ပါ ကောင်းမွန်တဲ့ Canon Powershot G12

တူလေး ရေးသားသည်။

ဒီ ကင်မရာ ရဲ့ အားသာချက်တွေကတော့ ဓာတ်ပုံ အရည်အသွေး ကောင်းမွန်တယ်၊ optical viewfinder ပါဝင်တယ်။ အသုံးပြုရတာ လွယ်ကူတယ်၊ auto အပြင် manual control တွေလည်း ပြည့်စုံစုံ ပါဝင်တယ်၊ အနေအထား အစုံ လှည့်လို့ရတဲ့ LCD screen ပါဝင် တဲ့အပြင် နဂို ပါဝင်တဲ့ scene mode တွေ အသုံးပြုပြီး ရိုက်ကူး ရတာလည်း စိတ်ဝင်စား ပျော်ရွင်စရာ ကောင်းတာပါ။

10 megapixel ရှိတဲ့ ဒီကင်မရာ ဟာ လောလောဆယ် ထွက်ရှိ ထားတဲ့ point and shoot camera တွေထဲမှာ တော့ တော်တော်ကို စိတ်တိုင်းကျတဲ့ အမျိုးအစား လို့ ပြောလို့ ရပါတယ်။

Samsung ရဲ့ dual view camera အသစ်

တူလေး ရေးသားသည်။

Samsung က သူတို့ ရဲ့ အောင်မြင်ပြီးသား LCD ၂ ခုပါ digital camera တွေကို အဆင့်မြင့်ပြီး အသစ် ထပ်မံ ထုတ်လုပ် လိုက်ပါတယ်။ ကင်မရာရဲ့ မော်ဒယ် တွေကတော့ ST600 နဲ့ ST100 ပြီး 14.2 mega pixel ပါ။ ကင်မရာ ရဲ့ နောက်မှာ ၃ ဒသမ ၅ လက်မ LCD srcreen ပါဝင်မှာ ဖြစ်ပြီး အရှေ့မှာ ရှိတဲ့ LCD ကို ၁ ဒသမ ၅ လက်မ ကနေ ၁ ဒသမ ၈ လက်မ အထိ ချဲ့ထွင် ပေး လိုက်ပါတယ်။ အရှေ့မှာ ပိုကြီးတဲ့ LCD ထည့်သွင်း လိုက်တာကြောင့် အဖွဲ့ ဓာတ်ပုံ တစ်ပုံ ရိုက်ဖို့ ကင်မရာ နောက် ကနေ အလျင်စလို အပြေးသွားရတဲ့ ဒုက္ခ ကနေ ကင်းဝေး သွားမှာပါ။

ကင်မရာ နှစ်လုံး လုံးက ဒီဇိုင်း လှပပြီး ပြည့်စုံ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တွေ ပါဝင်ပါတယ်။ အရောင်အသွေး အနေနဲ့လည်း စတိုင်ကျ တဲ့ အရောင် တွေနဲ့ ထုတ်လုပ် ထားပြီး အထူး သဖြင့် ခရမ်းရောင် နဲ့ ပန်းရောင် လို အရောင် တွေက လူငယ်တွေ အကြိုက်တွေ့မယ့် အရောင်တွေပါ။ ကျစ်လစ်တဲ့ ဒီဇိုင်းရှိပြီး သတ္တုအနားသတ်တွေ ထည့်သွင်း ထားတာ ကြောင့် စတိုင်ကျ ခေတ်မှီတဲ့ ပုံစံ ကို ခံစား ရစေ နိုင်ပါတယ်။

Lumix ကင်မရာဖုန်း

တူလေး ရေးသားသည်။

ဟုတ်ပါတယ်။ Lumix ဆိုတဲ့ နာမည်ကတော့ Panasonic ကုမ္ပဏီက ထုတ်လုပ်တဲ့ ကင်မရာတွေ နဲ့ ပူးတွဲ အသုံးပြု ထားတဲ့ နာမည် ပါ။ ဒါပေမဲ့ အခု Lumix ဆိုတဲ့ နာမည် နဲ့ မိုဘိုင်းဖုန်းကိုပါ ထုတ်လုပ် တော့မှာဖြစ်ပါတယ်။ ရိုးရိုးဖုန်း ဆိုတာထက် ကင်မရာဖုန်း လို့ ပြောရင် ပိုမှန်မယ်လို့ ထင်ပါတယ်။ ကင်မရာ ကောင်းကောင်း ပါတဲ့ ဖုန်းကို မှ လိုချင်တယ် ဆိုတဲ့ သူတွေ အကြိုက်တွေ့မဲ့ ဖုန်းမျိုးပါ။

ဒီ ကင်မရာဖုန်းမှာ 13.2 megapixel CMOS sensor ကို အသုံးပြု ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃ ဒသမ ၃ လက်မ LCD screen ပါဝင်မှာ ဖြစ်ပြီး အလေးချိန်က ၁၄၆ ဂရမ် အလေး ရှိမှာပါ။ ထူးခြားတဲ့ ထူးခြားချက် ကတော့ ဒီ ကင်မရာ ဖုန်းမှာ ရိုးရိုးဖုန်းလို မဟုတ်ပဲ ကင်မရာ အပို ပစ္စည်း တွေ ထပ်မံ တပ်ဆင် နိုင်ဖို့ expansion slot တွေ ပါဝင်မှာပါ။

အသစ် ထုတ်လိုက်တဲ့ Nikon ကင်မရာ အသစ် ၂ မျိုး

တူလေး ရေးသားသည်။

Nikon က အသုံးပြုချင်စရာ ကောင်းတဲ့ ကင်မရာ အသစ် ၂ မျိုးကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ပထမ တစ်မျိုးက 12.1 megapixel ရိုက်ကူး ပေးနိုင်တဲ့ Coolpix S5100 ဖြစ်ပြီး ဒုတိယ တစ်မျိုးကတော့ projector ပါဝင်တဲ့ 14.1 megapixel S1100pj ဖြစ်ပါတယ်။ ဒီ S1100pj က ပြီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ S1000pj ကို အဆင့်မြင့် ထားတဲ့ အမျိုး အစား ဖြစ်ပြီး၊ projector ရဲ့ အလင်းအားကို 10 lumens ကနေ 14 lumens အထိ ထားပေးနိုင်သလို၊ ကွန်ပျူတာကို USB ကြိုးနဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာထဲက data တွေ၊ ဓာတ်ပုံတွေ ကို နီးစပ်ရာ နံရံ ဒါမှမဟုတ် screen မှာ project နဲ့ ထိုးပြီ ပြလို့ ရပါသေးတယ်။ Projector က ပုံရိပ်တွေကို ၈ ပေ အကွာအဝေး အထိ ထိုးပေးနိုင်ပြီး အရွယ်အစား အနေနဲ့ကတော့ ၄၇ လက်မ အရွယ် အစားနဲ့ ပြသပေး နိုင်ပါတယ်။

Panasonic ရဲ့ 3D camcorder အသစ်

တူလေး ရေးသားသည်။

Panasonic က 3D conversion lens ကို တပ်ဆင်ပြီး ၃ ဖက်မြင် ဗီဒီယိုတွေကို ရိုက်ကူး နိုင်သလို 3D conversion lens မတပ်ပဲ ပုံမှန် ၂ ဖက်မြင် ဗီဒီယို တွေကို ရိုက်ကူး နိုင်တဲ့ HDC-SDT750 camcorder အသစ် တစ်မျိုးကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ကနဦး အနေနဲ့တော့ သြဂုတ်လ ၂၀ ရက်နေ့မှာ ဂျပန် နိုင်ငံမှာ စတင် ရောင်း ချမှာ ဖြစ်ပါတယ်။

၃ဖက်မြင် တွေ ခေတ်စား လာတဲ့ အခု အချိန်မှာ တီဗီ တွေလည်း သုံးဖက်မြင် တီဗီတွေ ထုတ်လုပ်နေသလို၊ ရုပ်ရှင် ထုတ်လုပ် သူ တွေဖက် မှာ လည်း သုံးဖက်မြင် ရုပ်လုံးကွ ရုပ်ရှင်တွေ ထုတ်လုပ် နေကြတာကြောင့် Panasonic က camcorder လောက ကို လက်ဦးမှု ရယူလိုက်တဲ့ သဘော ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို အပေါ့စား အိမ်သုံး camcorder လောကမှာ သုံးဖက်မြင် ကို ရိုက်ကူး နိုင်တဲ့ အရည်အသွေးမြင့် camcorder တစ်လုံး ထွက်ပေါ်လာ တာ ကိုတော့ ကြိုဆို ရမှာပါ။

ရေစိုမှာ စိုးလို့လား… မပူပါနဲ့

တူလေး ရေးသားသည်။

Pool side က ပါတီပွဲမှာ ဓာတ်ပုံ ရိုက်ချင်ပေမဲ့…. ကမ်းခြေကို ကင်မရာ ယူသွားချင်ပေမဲ့…. ရေစိုမှာ စိုးရိမ်တယ် ဆိုတဲ့ သူတွေ အတွက် Samsung က ရေစိုခံ ကင်မရာ တစ်လုံး ထုတ်လုပ် လိုက်ပါပြီ။ မော်ဒယ် နံပါတ်က WP10(AQ100) ပါ။ water proof casing မပါပဲ ရေထဲမှာ ၃ မီတာ အနက်အထိ အသုံးပြု နိုင်ပါတယ်။ ဒါကြောင့် ရေကူးကန်ပဲ ဖြစ်ဖြစ် ကမ်းခြေ ကိုပဲဖြစ်ဖြစ် ယူသွား နိုင်တယ်လို့ ပြောခဲ့တာပါ။

ရေစို ခံရုံတင် မကပါဘူး။ ဒီကင်မရာ ရဲ့ လုပ်ဆောင်ချက် တော်တော်များများ ကလည်း စွဲမက်စရာပါ။ အဝေးကို ဆွဲယူ ရိုက်ကူးဖို့ 5x optical zoom ပါဝင် ပါတယ်။

ဘယ်သွားသွား အမြဲအတူရှိပေးမဲ့ အဖော်မွန် Canon PowerShot D10

တူလေး ရေးသားသည်။

ပုံမှန်အားဖြင့် Digital camera တွေဟာ ရေစိုခံဖို့ဆို သီးသန့်ထုတ်လုပ်ထားတဲ့ waterproof (ရေလုံ) casing တစ်ခု သီးသန့်ထပ် ၀ယ်ပြီး တွဲဖက် အသုံးပြု ရစမြဲပါ။ ဒါတောင် အေးလွန်းတဲ့ ရာသီဥတုကို ခံနိုင်ဖို့၊ မတော်တဆ လွတ်ကျတဲ့ ဒဏ်တွေ ခံနိုင်ဖို့ အာမမခံ နိုင်ပါဘူး။ ဒါပေမဲ့ Canon ရဲ့ အသစ် ထုတ်လိုက်တဲ့ PowerShot D10 ကတော့ ဘာမှပြောစရာမလိုအောင် အကြမ်းခံပြီး ကောင်းမွန် တဲ့ ဓာတ်ပုံ အရည်အသွေးကို ထုတ်လုပ် ပေးနိုင်ပါတယ်။ Canon က သူ့ရဲ့ D10 ကင်မရာဟာ waterproof (ရေစိုခံ)၊ freezeproof (ဆီးနှင်းတွေကြောင့် အေးခဲတဲ့ဒဏ်ခံ)၊ shockproof (ထိခိုက်ခံ) တယ်လို့ ဆိုထားပါတယ်။ D10 ကင်မရာဟာ ရေအောက်ကို ၃၃ ပေ အနက်ထိ ယူဆောင် သွားနိုင်ပါတယ်။ အပူချိန် အားဖြင့် ၀ အောက် -၁၀ ဒီဂရီ စင်တီဂရိတ်မှ ၄၀ ဒီဂရီ စင်တီဂရိတ် အတွင်းကောင်းမွန်စွာ အလုပ်လုပ် နိုင်သလို၊ အမြင့် ၄ ပေ အကွာမှ မတော် တဆ လွတ်ကျတာ သို့မဟုတ် တစုံတခုနဲ့ ထိခိုက်မိတဲ့ ဒဏ်ကို ကောင်းစွာ ခံနိုင်ပါတယ်။ ဒါဆိုရင် ခရီးကြမ်း သွားလာ တတ်တဲ့ သူတွေနဲ့ အခြေအနေ အမျိုးမျိုးမှာ ဓာတ်ပုံ မှတ်တမ်း တင်ချင်သူတွေ အတွက် အတော်ကို ပြည့်စုံနေပါပြီ။

HD movie နဲ့ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်တဲ့ Sony Digital Camera

တူလေး ရေးသားသည်။

ဆိုနီရဲ့ ဒီဂျစ်တယ် ကင်မရာ Cyber-shot DSC-TX7 ပါ။ Full HD video ကို 1080p နဲ့ ရိုက်ကူးနိုင်ပါတယ်။ 10.2 Mega pixel ဖြစ်ပြီး အရည်အသွေး ကောင်းမွန် တဲ့ ဓာတ်ပုံ တွေကို ရိုက်ကူးပေးနိုင် သလို အရွယ်အစား ကလည်း ပြောစရာ မလိုအောင် ကျစ်လစ်ပါတယ်။ ဒါကြောင့် သွားလေရာကို ယူသွားဖို့ အခက်အခဲ မရှိသလို တစ်ဖက် မှာလည်း ကျစ်လစ် လွန်းတဲ့အတွက် ကိုင်တွယ်တဲ့ နေရာမှာတော့ အခက်အခဲတွေ ရှိနေနိုင်တယ်လို့ သုံးသပ် ထားပါတယ်။

Lens တွေ ပြောင်းလဲ အသုံးပြုနိုင်မဲ့ Sony compact camera

တူလေး ရေးသားသည်။

Lens တွေပြောင်းတပ်နေတဲ့ ဓာတ်ပုံဆရာတွေကို အားကျသလို တစ်ဖက်မှာလည်း လေးလံပြီး ၀န်ကြီးတဲ့ DSLR တွေကို မသယ်သွားချင်တဲ့သူတွေရဲ့ ခံစားချက်ကို Sony က ကောင်းကောင်း သဘော ပေါက်ပုံ ပေါ်ပါတယ်။ Sony ရဲ့ ထုတ်လုပ်လိုက်တဲ့ ကင်မရာက ပုံမှန် ဒီဂျစ်တယ် compact camera ဖြစ်ပေမဲ့ lens တွေကိုပြောင်းလဲ တပ်ဆင် အသုံး ပြုနိုင်တော့မှာပါ။ အရေအသွေး မြင့်တဲ့ DSL sensor ကို အသုံးပြုမှာ ဖြစ်သလို၊ Sony ရဲ့ DSL brand logo , alpha ကို ပဲ ဒီ ကင်မရာမှာ တွေ့ရမှာပါ။ ရှေးဦး DSL ကင်မရာတွေ နီးတူ Viewfinder မှသာ ကြည့်ရှု ရိုက်ကူး နိုင်မယ်လို့ သိရပါတယ်။

အကောင်းဆုံး zoom တွေနဲ့ Samsung ကင်မရာ အသစ်

တူလေး ရေးသားသည်။

Samsung က ၃၀ မီလီမီတာ သာ ရှိတဲ့ ကင်မရာ ကိုယ်ထည်ထဲမှာ အကောင်းဆုံး 15x optical zoom တွေ ပါဝင်တဲ့ WB 650 နဲ့ WB 600 point and shoot ဒီဂျစ်တယ် ကင်မရာ ၂ မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ မြင့်မားလှတဲ့ optical zoom နဲ့ အတူ wide angle အတွက် ၂၄ မီလီမီတာမှ စတင်ပါရှိပြီး အသုံးပြုထားတာကတော့ Schneider KREUZNACH lenses ပါ။ ကြည်လင်တဲ့ ဓာတ်ပုံတွေ အတွက်တော့ Dual Image Stabilisation (IS) ကို အသုံးပြုထားပါတယ်။