You are currently browsing: World of games
Angry Birds – web ပေါ်မှာ အခမဲ့ ကစားလို့ ရပြီ
မိုဘိုင်းဂိမ်းတွေနဲ့ နာမည်ကြီးလာတဲ့ Angry Birds ဂိမ်းဟာ အခုဆိုရင် Google နဲ့ ပူးပေါင်းပြီး web ပေါ်မှာ အခမဲ့ ကစားနိုင်ဖို့ စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Google ရဲ့ I / O conference မှာ ကြေငြာ ခဲ့တာ ဖြစ်ပြီး web browser ကနေ တဆင့်အလွယ်တကူ ကစား နိုင်နေပါပြီ။ connection နှေးတဲ့ သူတွေ အတွက် HD version နဲ့ မဟုတ်ပဲ SD version နဲ့လည်း ကစား နိုင်ပါတယ်။ http://chrome.angrybirds.com/ ကို ဝင်ရောက်ပြီး ကစား ရမှာပါ။
Sony က အသစ် ထုတ်လုပ် လိုက်တဲ့ portable ဂိမ်းစက်
သတင်းတွေ ကြိုထွက်နေခဲ့ သလိုပဲ Sony က PSP ကို အဆင်မြင့်ပြီး NGP (Next Generation Portable) လို့ နာမည်ပေး ထားတဲ့ လက်ကိုင်ဂိမ်းစက် အသစ် တစ်ခုကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီ device မှာ အရင်တုန်းက သတင်းထွက် ခဲ့သလို slide out လုပ်လို့ရတဲ့ control တွေ တော့ မပါဝင် ပေမဲ့ ၅ လက်မ OLED screen, muti touch လုပ်ဆောင် ချက်၊ motion control ၊ အသစ် ထည့်သွင်းလိုက်တဲ့ analog control stick ၂ ခု အပြင် နောက်ကျောမှာ ပါ multi touch မျက်နှာပြင် ပါဝင် လာပါတယ်။
Processor အနေနဲ့ Sony က quad-core ARM Cortex-A9 processor နဲ့ SGX543 quad-core graphic processor တွေကို အသုံးပြုထားတာကြောင့် လက်ရှိ PSP ထက် ၄ ဆ လောက် အစွမ်းထက်တယ်လို့ ဆိုနိုင်ပါတယ်။ ဘက်ထရီ သက်တမ်း အနေနဲ့တော့ ၄ နာရီနဲ့ ၅ နာရီ ဝန်းကျင် အသုံးခံမယ် လို့ သိရပါတယ်။
Mac ကွန်ပျူတာ တွေ အတွက် Call of Duty
ဂိမ်းလောက မှာ နာမည်ကြီး လူကြိုက်များတဲ့ Call of Duty ဂိမ်းက အခု ဆိုရင် Mac ကွန်ပျူ တာတွေ အတွက်ပါ ထုတ်လုပ် လိုက်ပြီ ဖြစ်ပြီး Apple ရဲ့ ပူပူနွေးနွေး Mac app store ကနေ download လုပ်ယူပြီး ကစား နိုင်ပြီ လို့ သိရပါတယ်။ Apple ရဲ့ mac app store မှာတော့ “challenges ၁၀၀ ကျော် ထပ်ထည့်သွင်းထားပြီး ဂိမ်းရဲ့ ပတ်ဝန်းကျင် အသစ်မှာ ကစား နိုင်ပါပြီ” လို့ ရေးသား ထားပါတယ်။
Microsoft ရဲ့ Kinect ကို ကွန်ပျူတာ ထိန်းချုပ်ဖို့ hack လုပ်နိုင်ပြီ
Microsoft က သူတို့ ထုတ်လုပ်ထားတဲ့ Xbox ဂိမ်းစက်နဲ့ ကစားဖို့ motion controller – Kinect ကို ထုတ်လုပ် ထားပြီး အဲဒီ controller ဟာ လူတွေ ရဲ့ လှုပ်ရှားမှု ကို မှတ်တမ်းတင်ပြီး ဂိမ်းထဲက ဇာတ်ကောင် က လိုက်လံ လှုပ်ရှား ကစား တာကြောင့် လူကြိုက်များ တဲ့ controller တစ်ခု ပါ။ အခု အဲဒီ controller ကို University of Southern California Institute for Creative Technologies က လူတစ်စု က hack လုပ်ပြီး War Craft စတဲ့ ကွန်ပျူတာ ဂိမ်းတွေကို ကစား နိုင်ဖို့ open source software တစ်ခုကို တည်ထွင် ထုတ်လုပ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမြတ် ၃ ဆ တင်ထားတဲ့ Kinect
Microsoft ရဲ့ game တွေ နဲ့ ကစားဖို့ ထုတ်လုပ်ထားတဲ့ Kinect – motion controller ကို ကစားသူတွေ အတော်ကို ကြိုက်နှစ်သက် ကြပါတယ်။ အဲဒီ motion controller က ဒေါ်လာ ၁၅၀ ဝန်းကျင်ပေး ရပြီး အသုံးပြုသူ တွေ အနေနဲ့ လည်း သုံးပျော်တဲ့ ဈေးတစ်ခု ဖြစ်တာကြောင့် အတော်ကို အဝယ် လိုက်ခဲ့ပါတယ်။ Microsoft အနေနဲ့ အဲဒီ controller ကို ထုတ်လုပ်ရတဲ့ အရင်းက ရောင်းဈေးနဲ့ သတ်ကွာခြားမှု မရှိဘူးလို့ ပြောထားခဲ့ပေမဲ့ လက်တလော အလွတ်တမ်း အဖွဲ့အစည်း တစ်ခု ရဲ့ စစ်ဆေးမှု အရ အဲဒီ controller ရဲ့ ထုတ်လုပ်မှု ကုန်ကျ စရိတ် က ၅၆ ဒေါ်လာ သာသာ ပဲ ရှိတယ် လို့ သိရပါတယ်။
Facebook နဲ့ ပူးပေါင်းလိုက်တဲ့ PS3
PlayStation 3 က firmware အသစ်ကို upgrade လုပ်ပေးလိုက်ပြီး အဲဒီ upgrade ကြောင့် နောက်ပိုင်းမှာ PlayStation3 အသုံးပြုသူ တွေ ဟာ သူတို့ရဲ့ game တွေကို Facebook ရဲ့ social network data တွေ နဲ့ ပေါင်းစည်း ပြီး ဆော့ကစား နိုင်တော့မှာ ပါ။ ဒါကြောင့် Rock Band မှာ စိတ်ကြိုက် playlist လုပ်လို ရသလို၊ NFL လို ဂိမ်းမျိုးမှာ facebook က သူငယ်ချင်းတွေ ရဲ့ ပုံစံ တွေနဲ့ ကစား နိုင်တော့မှာ ဖြစ်တဲ့ အပြင် Grand Theft Auto ရဲ့ billboard တွေ နဲ့ logo တွေမှာ facebook ရဲ့ “likes” တွေ နဲ့ တန်ဆာဆင် ကစား နိုင်တော့မှာ ဖြစ်ပါတယ်။
စဉ်းစဉ်းစားစား ကစား ရမဲ့ Cut The Robe ဂိမ်း
ဒီတစ်ပတ် ဂိမ်းလမ်းညွန်မှာတော့ iPod Touch / iPhone / iPad တို့နဲ့ ကစားလို့ ရတဲ့ Cut The Robe ဆိုတဲ့ ဂိမ်း နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ လောလောဆယ် iTune Store မှာ hit ဖြစ်နေတဲ့ ဂိမ်း တစ်ခုပါ။ ချိုချဉ်လုံး လေး တစ်ခု ကို ကြိုးတွေ ၃ ၊ ၄ ချောင်းနဲ့ ချည်ထားပြီး သက်ဆိုင် ရာ ကြိုးတွေကို ဖြတ်ပြီး အောက်မှ ချိုချဉ်စား ဖို့ စောင့် နေတဲ့ ချစ်စရာ အကောင်လေး ဆီရောက် အောင် ကျွေးရမှာ ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ကြိုးပေါ်မူတည်ပြီး သွားရာ လမ်းကြောင်းမှာ ရှိတဲ့ ကြယ်လေးတွေကို ထိအောင် ယူပြီး အမှတ် ယူရမှာ ဖြစ်ပါတယ်။
Sony Move ရဲ့ ပုံစံ အသစ်
Sony က သူ ရဲ့ Play Station 3 နဲ့ တွဲကစားဖို့ Sony Move ကို မကြာခင်က ထုတ်လုပ်ထားခဲ့ပါတယ်။ အဲဒါ ကတော့ ဂိမ်းကို ပုံမှန် လက်ကိုင်တွေ အစား Sony Move ကို ကိုင်ပြီး တင်းနစ် ဂိမ်း၊ အပစ်အခတ် ဂိမ်း စတာတွေကို ပိုမို သဘာဝ ကျကျ နဲ့ ပျော်ပျော်ရွင်ရွင် ကစားနိုင်တဲ့ console တစ်ခုပါ။ အခု Sony က အဲဒီ Sony Move ကို အပစ် အခတ် ဂိမ်းတွေ အတွက် သီးသန့် ရည်ရွယ်ထားတဲ့ Sony Move Shooting ကို ထုတ်လုပ် လိုက်ပါတယ်။
ပိုမိုပြည့်စုံလာတဲ့ Xbox 360 Slim
Microsoft က Xbox 360 အသစ် Xbox 360 Slim နဲ့ အတူ လူရဲ့ လှုပ်ရှားမှုကို လိုက်ပြီး ပုံရိပ်ဖမ်း ကစား နိုင်တဲ့ Kinect ကို ထုတ်လုပ်ခဲ့ပါတယ်။ အရင်က ဒီ ပစ္စည်းကို project Natal လို့ နာမည်ကြီး ခဲ့ပေမဲ့ တကယ်တမ်း ထွက် ပေါ်လာတဲ့ အချိန်မှာတော့ Kinect ဆိုတဲ့ နာမည် နဲ့ ထွက်လာတာ ဖြစ်ပါတယ်။
[xbox-360-slim-21] Xbox 360 က နာမည် အတိုင်း ပိုပါးလွှာပြီး ကျစ်ကျစ်လစ်လစ် ရှိသွားတာတော့ အမှန်ပါ။ ဒါ့အပြင် Wifi ပါဝင်လာ ပါတယ်။ အရင် အမျိုးအစားမှာ Ethernet ပဲ ပါတာကြောင့် ကြိုးနဲ့ပဲ သုံးခဲ့ရပြီး Wifi သုံးလို့ရအောင် ၉၉ ဒေါ်လာ အပို ဆောင်းခဲ့ ရတာပါ။ အခု ဒီ Slim မှာတော့ Wifi 802.11n ပါတာကြောင့် မြန်နှုန်း အမြင့်ဆုံး wifi နဲ့ အတူ HD movie တွေ၊ TV show တွေ ကြည့်နိုင်မဲ့ အပြင် ဂိမ်းတွေကိုလည်း network ကြိုးရှုပ်နေစရာ မလိုပဲ ကစား နိုင်တော့ မှာ ဖြစ်ပါတယ်။
လှုပ်လှုပ်ရှားရှား Sony Game များ အတွက် Sony Move
Nintendo ရဲ့ Wii, Microsoft ရဲ့ Project Natal စတဲ့ ကရိယာ တွေနဲ့ အတူ Sony ကလည်း PlayStation Move လို့နာမည်ပေးထားတဲ့ ခန္ဓာ ကိုယ် လှုပ်ရှားမှုတွေကို sony_moveဂိမ်းထဲက ဇာတ်ကောင်ရဲ့ လှုပ်ရှားမှု အဖြစ် အသွင်ပြောင်းပေးမဲ့ motion controller ကို ဈေးကွက် ဖြန့်ချီတော့မှာပါ။ PlayStation Move ကို PlayStation 3 နဲ့ တွဲဖက် ကစားလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ပုံစံကတော့ မျက်လှည့်ဆရာသုံး မှော်တုတ်တံ ကလေး လို ဖြစ်ပြီး လေထဲမှာ ဝှေ့ယမ်း အသုံး ပြုပြီး ဂိမ်းကို ကစားရမှာပါ။



