You are currently browsing: Guides
ပိုမို အဆင့်မြင့် ပြီး အကွာအဝေး ပိုရလာတဲ့ TP-Link CPE
လက်ရှိ အိုင်တီနယ်ပယ်၊ အင်တာနက်ဆိုင်နဲ့ အသုံးပြုသူရဲ့အိမ်နဲ့ စသဖြင့် wireless ရရှိအောင် ချိတ်ဆက် အသုံးပြု နေတဲ့ TP-Link CPE 5210 က 2.4 GHz ကို အသုံ%
ဘက်စုံသုံးဖို့ Defined Tab
product အသစ်ဖြစ်တဲ့ Defined tab ကို ထုတ်လုပ်ထားတယ်လို့ သတင်းရတာကြောင့် ကိုယ်တိုင် သွားရောက် စမ်းသပ်ရင်း Technomation ရဲ့ CEO ကိုထူးမြင့်နောင်နဲ့ စကားပြောဖြစ်ခဲ့ ကြပါတယ်။ အသစ် ထုတ်လုပ် ထားတဲ့ Defined tab ကတော့ screen အရွယ်အစား ၃ ဒဿမ ၈ လက်မ အကျယ် ၊ ၂ ဒဿမ ၃ လက်မ အမြင့် ရှိတဲ့ high resolution touch screen သုံး touch screen device တစ်ခုပါ။
အဓိက လုပ်ဆောင်ချက်ကတော့ dictionary ဖြစ်ပါတယ်။ dictionary မှာ စာအုပ် အနေနဲ့လည်း အထူး ပြည့်စုံတဲ့ ပညာရေးဝန်ကြီးဌာန ၊ မြန်မာစာ အဖွဲ့ ဦးစီး ဌာနက ထုတ်လုပ် ထားတဲ့ အင်္ဂလိပ် – မြန်မာ ၊ မြန်မာ – အင်္ဂလိပ် အဘိဓာန် ၂ အုပ်ကို အဓိကထား ထည့်သွင်း ထားပြီး တရားဝင် လိုင်စင်နဲ့ ထည့်သွင်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် English – English အတွက်ကိုတော့ နိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ Oxford Advanced Learners, Merriam – Webster, Longman Contemporary အဘိဓာန် ၃ မျိုးကို အပိုဆောင်း ထည့်သွင်းပေးထားပါတယ်။
မျှော်လင့်ချက်တွေနဲ့ ၂၀၁၂
အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြောင်းလဲ တိုးတက်လို့ လာနေတဲ့ နည်းပညာဟာ ၂၀၁၂ မှာ ရှေးယခင်ထက် ပိုမို မြန်ဆန်စွာ တိုးတက်လို့ လာမယ်ဆိုတာ မှန်းဆ လို့ရတဲ့ ကိစ္စ တစ်ခုပါ။ မြန်ဆန်စွာ တိုးတက်ခြင်း နဲ့ အတူ ဆန်းပြားတဲ့ တီထွင်မှု တွေလည်း ပါဝင်လာမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းမှု တချို့ကို ရေးသားလိုက်ရပါတယ်။
External Hard Drive ဝယ်တော့မယ် ဆိုရင်
အခု အချိန်မှာ external hard drive တွေရဲ့ ဈေးနှုန်းကလည်း ရှေးယခင်က memory stick ဈေး သာသာ လောက်ပဲ ရှိပါတော့တယ်။ ကျွန်တော် မှတ်မိသလောက် လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက 256 MB memory stick ကို ငွေ ခြောက်သောင်းနဲ့ ဝယ်ခဲ့ဖူးပါတယ်။ အခု အဲဒီ ဈေးနဲ့ ဆိုရင် external hard drive တစ်လုံး ရနေလောက်ပါပြီ။ ဒီလို ဈေးတွေ ပေါလာတဲ့ အချိန်မှာ ဈေး နဲ့ ပုံသဏ္ဍန် လှပမှု ပေါ်မူတည်ပြီး အရွေးမှားရင်လည်း အသုံးမတည့်တာ၊ မကြာခဏ ပျက်တဲ့ ပြဿနာ တွေနဲ့ ကြုံတွေ့ရ နိုင်ပါတယ်။
error တက်လာတဲ့ Skype
လွန်ခဲ့တဲ့ ၂ ရက် ၊ ၃ ရက် လောက်က ပါ။ Skype က version အသစ် ထွက်တယ်။ update လုပ်မလားလို့ မေးတာ နဲ့ update လုပ်လိုက်တယ် ဗျ။ ပြသနာက အဲဒီမှာ စတာပဲ။ update လည်းပြီးရော၊ Skype က ခေါ်တာပဲ ဖြစ်ဖြစ်၊ လက်ခံတာပဲ ဖြစ်ဖြစ် error တက်ပြီး ပြုတ်ပြုတ်ကျသွားတော့တာ။ uninstall လုပ်ပြီး ပြန် install လုပ်၊ စမ်း တော့လည်း အဆင် မပြေဘူး ဗျ။
NFC ဆိုတာ…
အခု နည်းပညာ သတင်းတွေ မှာ NFC ဆိုတဲ့ စကားလုံးကို တော်တော်လေး တွေ့လာပါပြီ။ iPhone 5 မှာ NFC ပါမယ် စသဖြင့် ကောလဟာလ တွေလည်း ထွက်ပေါ် ခဲ့ပါတယ်။ ဒီတော့ NFC ဆိုတာ ဘာလည်း ဆိုတဲ့ အချက် က ဝင်လာ ပါတယ်။ NFC ဆိုတာ Near Field Communication ကို ဆိုလိုတာပါ။
အဓိက ကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်းပညာလို့ လွယ်လွယ် ပြောလို့ ရပါတယ်။ ဒါပေမဲ့ သူက တခြား နည်းပညာ တွေထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို device A က ယူသုံးလို့ ရနေမှာပါ။ electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။ အဲဒါကို Active Communication Mode လို့သိကြပါတယ်။
ကိုယ့်ရဲ့ Wifi များ ယူသုံးနေ ကြသလား
အခုက တော့ အားလုံး နီးပါး wireless ခေတ်ပါ။ ရုံးတွေ သာမက၊ အိမ်တွေ မှာပါ wireless ကို လွယ်လွယ် ကူကူ သုံးလာ ကြသလို၊ တော်တော် များများကလည်း wireless network အတွက် လုံခြုံရေးကို ပေါ့ပေါ့ တန်တန် သဘော ထား လာကြပါတယ်။
တကယ့်လို့ ကိုယ်က မြန်နှုန်းမြင့် အင်တာနက် ကိုတပ်ထားတယ်။ ဘေး ပတ်ဝန်းကျင်ကသာ ကိုယ့်ရဲ့ wireless network ကို ယူသုံးပြီး အဲဒီ မြန်နှုန်းမြင့် လိုင်းကို ပါ သုံးနေ ရင် ကိုယ့်အတွက် နစ်နာမှု တွေ ရှိသလို ကိုယ့် ကွန်ယက် အတွက်ပဲ share လုပ်ထားတဲ့ အရေးကြီး data တွေပါ သူတို့ ယူကြည့်လို့ ရ လို့ကတော့ ပြသနာ ရှိတဲ့ အပြင် မတော်လို့ သူတို့က တရားမဝင် အလုပ် တွေကို ကိုယ့်ရဲ့ ကွန်ယက်ကို အသုံးပြုပြီး လုပ်တယ် ဆိုရင် အကြီး အကျယ် ပြသနာ တက်မဲ့ ကိစ္စ ပါ။ ဒါကြောင့်အခု ကိုယ့်ရဲ့ wireless network ကို ယူသုံး နေတာ ရှိမရှိ ဆိုတာ သိနိုင်ဖို့ စစ်ဆေးနိုင်တဲ့ အချက် အလက် တွေကို သိသလောက် ဖော်ပြပေးလိုက်ပါတယ်။
Email ကို လုပ်ငန်း အတွက် အကျိုးရှိရှိ အသုံးပြုဖို့
အခု အချိန်မှာ email က နေ့စဉ်မပါမဖြစ်၊ မသုံးမဖြစ်တဲ့ အရာ တစ်ခု ဖြစ်လာ ပါပြီ။ အီးမေးကို သူငယ်ချင်း အချင်းချင်း ဆက်သွယ်ဖို့ သုံးသလို စီးပွားရေးအတွက်လည်း မပါမဖြစ် သုံးရပြန်ပါတယ်။ အဲဒီလို အီးမေး ကို စီးပွားရေး အတွက် အတွက် လုပ်ငန်းရှင် အချင်းအချင်း ဆက်သွယ်ဖို့ သုံးတဲ့ အခါမှာ လိုက်နာသင့်တဲ့ အချက်လေး တွေကို လက်လှမ်း မှီသလောက် စုစည်းပေး လိုက်ပါတယ်။
Firefox မှာ page loading မြန်အောင်
Firefox က ပုံမှန် အားဖြင့် web page တွေ အတွက် cache ကို hard disk ထဲမှာ ပဲ ထားပြီး ဆွဲယူပြသ တာပါ။ Hard Disk ထက်စာရင် Memory ထဲက ဆွဲ ပြရင် ပိုမြန် နိုင်ပါတယ်။ Firefox ကို အဲဒီလို လုပ်ဖို့ စေခိုင်း နိုင်ပါတယ်။
Firefox ကို စကားပြောပြီး ခိုင်းဖို့
Firefox browser ကို mouse နဲ့ ကလစ် တစ်ချက်ချင်း စီ မသွားပဲ စကားပြောပြီး ခိုင်းလို့ ရရင် ကောင်းမယ်လို့ တွေး ခဲ့ ဖူးတယ် ဆိုရင် ဒီ addon က အကောင်အထည် ဖော်ပေး နိုင်ပါလိမ့်မယ်။ search queries တွေကို စကားနဲ့ ပြောပြီး ရှာလို့ ရသလို၊ tab အသစ်ဖွင်ပြီး site တစ်ခု ထပ်ဖွင့်တာ၊ tab ကို ပိတ်တာ၊ facebook မှာ status စစ်တာ၊ Hulu မှာ TV show ကြည့်တာတွေကို အသံနဲ့ ထိန်းချုပ်ပြီး လုပ်ဆောင် နိုင်ပါတယ်။ Firefox 3.0 ကနေ 3.6 အတွင်း အသုံး ပြုလို့ရပါတယ်။



