You are currently browsing: All about laptops

Tablet တွေ ဘယ်လိုပဲ ခေတ်စား ခေတ်စား မရိုးနိုင်တဲ့ Acer Netbook များ

တူလေး ရေးသားသည်။

ဟုတ်ပါတယ်။ iPad နဲ့ အတူ Tablet တွေ ခေတ်စား လာပေမဲ့ Acer ကတော့ netbook ပရိသတ်တွေ အတွက် netbook အသစ် လေးမျိုးကို ထုတ်လုပ် လိုက်ပြန်ပါပြီ။ ဒီ netbook တွေက ဈေး သက်သာသာ ရှိယုံ သာမက ပေါ့ပါးပြီး ဘက်ထရီ သက်တမ်း ကလည်း ကြာရှည်ခံ အောင် ပြုလုပ်ထား တဲ့အပြင် ကွန်ယက် ချိတ်ဆက်တဲ့ နေရာမှာ အဆင် ပြေဆုံး ဖြစ်ဖို့ နဲ့ အပန်းဖြေဖို့ ရည်ရွယ်ချက် တွေ အတွက် ကိုလည်း ထည့်သွင်း စဉ်းစား ထားတယ်လို့ သိရ ပါတယ်။

Netbook ၄ မျိုးမှာ ၂ မျိုးကို Intel Atom Processor နဲ့ ထုတ်လုပ် ထားပြီး နောက် ၂ မျိုးကို AMD processor အသုံးပြု ထားပြီး high definition graphic တွေကို အထောက် အပံ့ ပေးမယ်လို့ သိရ ပါတယ်။

စာအုပ် အရွယ်လောက် သာရှိတဲ့ Asus ရဲ့ nettop

တူလေး ရေးသားသည်။

Asus ရဲ့ Asus EeeBox EB1501 ဖြစ်ပြီး ၀ထ္ထုစာအုပ် တစ်အုပ် အရွယ်ပဲ ရှိပါတယ်။ အင်တာနက် သုံးဖို့၊ သာမန် စာစီစာရိုက် လုပ်ဖို့ နဲ့ 1080p HD video တွေ ကြည့်ဖို့ ကိုတော့ ကောင်းကောင်း လုပ်ဆောင် ပေးနိုင်ပါတယ်။ ဒါ့အပြင် DVD Drive လည်း ပါဝင်တာကြောင့် တခြား nettop တွေထက် ပိုပြီး အသုံးဝင်မှာတော့ အမှန်ပါ။

Unit ထဲမှာ တော့ 1.6 GHz နဲ့ အလုပ်လုပ်တဲ့ Intel Atom 330 processor ၊ 2GB DDR2 RAM ၊ 250GB hard drive ၊ nVidia ION Integrated video card နဲ့ Windows 7 Home Premium 64-bit တို့ ပါဝင်ပါတယ်။ USB port က အရှေ့မှာ ၂ ခု၊ အနောက်မှာ ၄ ခု ပါဝင်ပါတယ်။ memory card reader ကတော့ စက်ရဲ့ အရှေ့မှာ ရှိပြီး SD, memory stick နဲ့ MultiMediaCard တို့ဖတ်နိုင်ပါတယ်။

Lenovo ရဲ့ All in one PC အသစ်

တူလေး ရေးသားသည်။

Lenovo က IdeaCentre လို့ နာမည်ပေးထားတဲ့ all in one PC အသစ် နှစ်မျိုးကို ထုတ်လုပ် ဦးမှာ ဖြစ်ပါတယ်။ A700 နဲ့ B305 လို့ သတ်မှတ်ထားပြီး သူတို့ရဲ့ screen တွေမှာ ဆေးပညာ လောကမှာသာ အသုံးပြုတဲ့ Surface Acoustic Wave (SAW) နည်းပညာကို အသုံးပြုထားမှာ ဖြစ်တာကြောင့် touch screen တွေက အထူး ကောင်းမွန် မယ် လို့ သိရပါတယ်။ A700 က ၂၃ လက်မ ၊ B305 က ၂၁ ဒသမ ၅ လက်မ screen size ရှိမှာ ဖြစ်ပါတယ်။ A700 က Intel core i7 processor ကို အသုံးပြုထားမှာဖြစ်ပြီး B305 ကတော့ AMD Athlon Quad-Core CPU ကို အသုံးပြု ထားမှာဖြစ်ပါတယ်။

One button social networking ပါတဲ့ Gateway notebook အသစ်

တူလေး ရေးသားသည်။

အရင်တုန်းက one button media player ဆိုတာပဲ ရှိပါတယ်။ တချို့ laptop တွေမှာ Windows (OS) ကိုမစပဲ media တွေ တန်းဖွင့်လို့ရအောင် one button setup ရှိခဲ့ ဖူး ပါတယ်။ အခု အခါမှာတော့ social network ခေတ်ကို ရောက်ရှိ လာတာနဲ့ အမျှ one button setup က ပြောင်းလဲလာပါတယ်။ အခု Gateway ရဲ့ NV series Notebook တွေကတော့ ကိုယ်စိတ်ကြိုက် Social network တွေကို ခုလုတ် တစ်ချက်နှိပ်ယုံနဲ့ ချိတ်ဆက်ပေးပြီး နောက်ဆုံး update တွေကို ကြည့်နိုင် တော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တုန်းက လို Windows မစပဲ သုံးလို့ ရမရ ကိုတော့ မဖော်ပြ ထားပါဘူး။

ရေဆူအောင် ပူလာတဲ့ i7 MacBook အသစ်တွေ

တူလေး ရေးသားသည်။

i7 processor တွေကို အသုံးပြုထားတဲ့ Apple ရဲ့ MacBook အသစ်ဟာ အစွမ်းထက်လှတဲ့ နောက်ဆုံးပေါ် ပစ္စည်း တွေကို ကျစ်လစ်လှတဲ့ ကိုယ်ထည်ထဲမှာ စုစည်း ထည့်သွင်းထားတာကြောင့် အပူချိန်လွန်ကဲမှု တွေဖြစ်ပေါ်ပြီး ရေဆူမှတ် နီးပါး ရောက်ရှိ နေတတ်တယ်လို့ သိရပါတယ်။ ကွန်ပျူတာ ပစ္စည်းတွေကို စမ်းစစ်တဲ့ PC Authority က စမ်းသပ်ချက် တစ်ခုအရ MacBook အသစ်က အမြင့်ဆုံး စွမ်းဆောင်ချက်ကို လုပ်ဆောင်နေတဲ့ အချိန်မှာ အပူချိန် ၁၀၁ ဒီဂရီ စင်တီဂရိတ်ကို တက်သွားခဲ့တယ်လို့ ပြောထား ပါတယ်။ ဒါ့အပြင် တစ်ခြားသော အသုံး ပြုသူ တစ်ယောက် ကလည်း သူဟာ သူ့ရဲ့ MacBook ကို အသုံးပြု နေစဉ်မှာ လက်မှာ အတော်ကို ပူလာတာကို ခံစားရတဲ့ အတွက် စစ်ဆေးကြည့်တဲ့ အခါမှာ ၇၀ ဒီဂရီ စင်တီ ဂရိတ် ကျော်ကျော် ကို ရောက်နေတာ တွေ့ရတယ်လို့ Apple ရဲ့ forum မှာ ရေးထားတာကို တွေ့ရပါတယ်။

Apple က ပိုမို မြန်ဆန်တဲ့ Apple MacBook Pro တွေ ထုတ်လုပ်လိုက် ပြန်ပြီ

တူလေး ရေးသားသည်။

iPad, iPad နဲ့ အလုပ်ရှုပ်နေ ကြတာ၊ အခု Apple က MacBook ဖက်ကို ခဏ ပြန်ဇောင်းပေး လိုက်ပြန်ပါပြီ။ အခု ပိုမို မြန်ဆန်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ MacBook Pro တွေကို upgrade လုပ်ပြီး ပြန်လည်ထုတ်လုပ် လိုက်ပါတယ်။ အဓိက က ပိုမိုမြန်ဆန်တဲ့ processor နဲ့ ပိုကြာရှည်ခံတဲ့ battery သက်တမ်းကို အဓိက အဆင့်မြင့် upgrade လုပ်ပေးထား တာပါ။

၁၃ လက်မ၊ ၁၅ လက်မ၊ ၁၇ လက်မ၊ မော်ဒယ် သုံးမျိုးကို အဆင့်မြင့်ထား တာ ဖြစ်ပြီး ၁၃ လက်မ မော်ဒယ်မှာ အသစ် upgrade လုပ်လိုက်တာကြောင့် charging ပြန်မသွင်းပဲ ၁၀ နာရီ အသုံး ခံ လာခဲ့ပါတယ်။ ဒါ့အပြင် graphic processor ကလည်း လက်ရှိ မော်ဒယ် တွေထက် ၈၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

နည်းပညာ အဆန်းအပြားတွေနဲ့ ဖွဲ့စည်းထားတဲ့ Dell Adamo XPS

တူလေး ရေးသားသည်။

Mac book က ပါးလွှာလို့ သဘောကျတယ်ဆိုရင် Mac book အထူရဲ့ တ၀က် သာ ရှိတဲ့ Dell ရဲ့ ဒီ laptop ကို သဘောကျ နှစ်သက်မှာ အမှန်ပါ။ လက်ပ်တော့ပ် ကိုဖွင့်ဖို့ အဖုံးမှာ ရှိတဲ့ sensor ပေါ်မှာ လက်ချောင်းကို အသာအယာ ပွတ်ဆွဲလိုက်ယုံနဲ့ ပွင့်လာမှာ ဖြစ်ပြီး သာမန်ထက် မြင့်တဲ့ နေရာမှာ ထားထားတဲ့ screen နဲ့ အသုံးပြုရ လွယ်ကူ အောင် မော့်ထားပေးတဲ့ keyboard တို့က ထူးခြားချက်တွေပါ။ ဒေါ်လာ ၂၀၀၀ ၀န်းကျင်မှာ ရှိပြီး CEO laptop တွေလို့ သတ်မှတ်ထားတဲ့ show off အမျိုးအစားထဲ မှာ ပါဝင်ပါတယ်။ အတော်ကို ပါးလွှာပြီး ပေါ့ပေါ့ပါးပါး ရှိတာတော့ အမှန်ပါ။

Laptop ၀ယ်တော့မယ် ဆိုရင်

တူလေး ရေးသားသည်။

အခုအချိန်မှာ laptop တွေကလည်း ဒုနဲ့ဒေး ထွက်ပေါ်နဲ့ပြီး laptop, netbook စသဖြင့် အမျိုးအစားတွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီ လို ရှုပ်ထွေး လှတဲ့ ရွေးခြယ်မှုတွေကြားမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ laptop တစ်လုံး ကိုအကောင်း ဆုံး ရွေးခြယ် ၀ယ်ယူနိုင်ဖို့အတွက် အခြေခံ အချက်လေး တွေကို စုစည်း ပေးလိုက်ပါတယ်။

ပေါ့ပါးတယ်၊ ပါးလွှာတယ်၊ ခိုင်ခန့်တယ်၊ ဒါ့ အပြင် အကောင်းဆုံး စွမ်းဆောင် ပေးနိုင်တဲ့ Sony Vaio X

တူလေး ရေးသားသည်။

Windows 7 ကို အခြေခံထားပြီး မဖြစ်နိုင်လောက်အောင် ပါးလွှာ၊ ပေါ့ပါးတဲ့ Sony ရဲ့ Vaio X ပါ။ အရင် က ထုတ်လုပ် ခဲ့တဲ့ Sony Vaio series notebook ရဲ့ အားနည်း ချက် တွေကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံး ထုတ်လုပ်ခဲ့ တဲ့ notebook ဖြစ်တာနဲ့ အညီ ဈေးနှုန်းကလည်း ဒေါ်လာ ၁၃၀၀ ကို ခုန်တက်သွားခဲ့ပါတယ်။ ဟာသ အနေနဲ့ အင်တာနက်မှာ ပြောဆိုထားတာက ပါးလွှာလှပါပြီဆိုတဲ့ macbook air က ကိတ်မုန့် လှီးလို့ ရလောက်အောင် ပါးလွှာတယ်ဆိုရင်၊ ဒီ Sony Viao X က ခွဲစိတ်ခန်း မှာ ဓားအနေ နဲ့တောင် အသုံးပြုလို့ရပါတယ်လို့ ပြောဆို ထားတာ တွေ့ရပါတယ်။

Windows အပြင် Linux အတွက်ပါ အဆင်ပြေတဲ့ Haleron Swordfish

တူလေး ရေးသားသည်။

Haleron Swordfish 20 Netbook ပါ။ Dual core Atom 330 processor ကို အသုံးပြုထားပြီး Windows အပြင် Linux နဲ့ အသုံးပြုရင်လည်း အဆင်ပြေစေပါတယ်။ screen က ၁၀.၂ လက်မ ဖြစ်ပြီး resolution ၁၀၂၄ x ၆၀၀ နဲ့အလုပ်လုပ်ပါ တယ်။