You are currently browsing: Mobiles

အသစ်အဆန်း ဒီဇိုင်း Bubbles နဲ့ Nokia N8

တူလေး ရေးသားသည်။

Nokia က N8 မိုဘိုင်းဖုန်းတွေနဲ့ အသုံးပြုဖို့ Bubble ကို စမ်းသပ် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါကတော့ ဖုန်းကို lock လုပ်ထားတဲ့ အချိန်မှာ screen မှာ အသုံးများတဲ့ လုပ်ဆောင်ချက်တွေက ပူစီဖောင်းလေး တွေလို ရွေ့လျားနေမှာ ဖြစ်ပြီး ဖုန်းကို unlock လုပ်စရာ မလိုပဲ အသုံးများတဲ့ လုပ်ဆောင် ချက်တွေကို အလွယ်တကူ လုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကို unlock လုပ်ချင်ရင် key ပုံစံကို lock ပေါ်ဆွဲတင်လိုက်ရုံနဲ့ ရနိုင်သလို missed call ဆိုရင်လည်း အဲဒီ missed call ပြထားတဲ့ ပူစီဖောင်းလေးကို ဖုန်း ပူစီဖောင်းလေး ပေါ်ကို ဆွဲတင် လိုက်ရုံပါ။ အတော်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

CDMA နဲ့ ထပ် ထုတ်လုပ် မဲ့ iPhone

တူလေး ရေးသားသည်။

iPhone က သူတို့ နဲ့ ရေရှည် လက်တွဲ လာတဲ့ AT&T အပြင် အခု နောက်ထပ် carrier တစ်ခု ဖြစ်တဲ့ Verizon နဲ့ပါ စာချုပ်ချုပ်ပြီး ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံမှာ iPhone ကို ကြိုက်ပေမဲ့ AT&T ရဲ့ ဝန်ဆောင်မှုကို မကြိုက်တာကြောင့် ဒါမှမဟုတ် AT&T ရဲ့ call quality တွေကို စိတ်ပျက်နေ တဲ့ သူတွေ အတွက် သတင်း ကောင်းလို့ ဆိုရမှာပါ။ Apple အနေနဲ့လည်း Verizon ကို ကြိုက်တဲ့ သူတွေ ကို ဖွင့်ပေး လိုက်တာကြောင့် သူတို့ ရဲ့ iPhone အသုံးပြုတဲ့ အသုံးပြုသူ ရာခိုင်နှုန်းတွေ တိုးတက်လာမယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။

Lumix ကင်မရာဖုန်း

တူလေး ရေးသားသည်။

ဟုတ်ပါတယ်။ Lumix ဆိုတဲ့ နာမည်ကတော့ Panasonic ကုမ္ပဏီက ထုတ်လုပ်တဲ့ ကင်မရာတွေ နဲ့ ပူးတွဲ အသုံးပြု ထားတဲ့ နာမည် ပါ။ ဒါပေမဲ့ အခု Lumix ဆိုတဲ့ နာမည် နဲ့ မိုဘိုင်းဖုန်းကိုပါ ထုတ်လုပ် တော့မှာဖြစ်ပါတယ်။ ရိုးရိုးဖုန်း ဆိုတာထက် ကင်မရာဖုန်း လို့ ပြောရင် ပိုမှန်မယ်လို့ ထင်ပါတယ်။ ကင်မရာ ကောင်းကောင်း ပါတဲ့ ဖုန်းကို မှ လိုချင်တယ် ဆိုတဲ့ သူတွေ အကြိုက်တွေ့မဲ့ ဖုန်းမျိုးပါ။

ဒီ ကင်မရာဖုန်းမှာ 13.2 megapixel CMOS sensor ကို အသုံးပြု ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃ ဒသမ ၃ လက်မ LCD screen ပါဝင်မှာ ဖြစ်ပြီး အလေးချိန်က ၁၄၆ ဂရမ် အလေး ရှိမှာပါ။ ထူးခြားတဲ့ ထူးခြားချက် ကတော့ ဒီ ကင်မရာ ဖုန်းမှာ ရိုးရိုးဖုန်းလို မဟုတ်ပဲ ကင်မရာ အပို ပစ္စည်း တွေ ထပ်မံ တပ်ဆင် နိုင်ဖို့ expansion slot တွေ ပါဝင်မှာပါ။

HTC ရဲ့ Desire mobile ဖုန်း အသစ် ၂ မျိုး

တူလေး ရေးသားသည်။

HTC က Desire – Android အခြေပြု ဖုန်း ၂ လုံး နဲ့ အတူ web based – Sense suite service ကို စတင် ထုတ်လုပ် လိုက် ပါတယ်။ ထုတ်လုပ်လိုက်တဲ့ mobile ၂ မျိုးကတော့ Desire HD နဲ့ Desire Z ပါ။ Sense service က ဖုန်း ပျောက် သွားတဲ့ အချိန်မှာ အသံ အကျယ် မြည်ခိုင်းပြီး ရှာတဲ့ ၀န်ဆောင်မှု၊ ဖုန်းရဲ့ နေရာကို မြေပုံ မှာ ရှာလို့ ရတဲ့ ၀န်ဆောင်မှု တွေကို ပေးသလို၊ အဝေးကနေ data တွေကို ဖျက်ပစ်တဲ့ ၀န်ဆောင်မှုနဲ့အတူ ဖုန်းအသစ်ကို ဖုန်း အဟောင်းထဲက data တွေ ကူးပြောင်းရာမှာလည်း အသုံးပြု နိုင်ပါတယ်။ အားလုံးက ကွန်ပျူတာရဲ့ web browser နဲ့ လုပ်ဆောင် ရမှာပါ။

ဒီဇိုင်း ပြင်းပြင်းနဲ့ ထွက်ပေါ်လာတဲ့ Nokia E73

တူလေး ရေးသားသည်။

အရင်က ထွက်ခဲ့ဖူးတဲ့ E71, E72 တို့နဲ့ ဆင်ပေမဲ့ ဒီဇိုင်း သေသေသပ်သပ်နဲ့ လက်ထဲမှာ ကျစ်ကျစ်လစ်လစ် ရှိတဲ့ အမျိုးအစားမျိုးပါ။ ကြည်လင်လှတဲ့ အသံ အရည်အသွေးနဲ့ အတူ လိုင်းဆွဲအားမှာလည်း သူမတူအောင် ထူးခြား ကောင်းမွန် တာကြောင့် စီးပွားရေး သမား တစ်ယောက်ရဲ့ မရှိမဖြစ် မိုဘိုင်းဖုန်း နေရာကို အလွယ်တကူ အစားထိုး လာဦးမယ်လို့ မျှော်လင့် ရပါတယ်။ အားလုံး ပြီးပြည့်စုံတဲ့ Nokia N97 လို iPhone လို Smart Phone တစ်လုံးနဲ့ မနှိုင်းယှဉ် နိုင်ပေ မဲ့ သူ့လိုင်းနဲ့သူမှာတော့ သုံးပျော်တဲ့ ဖုန်းအမျိုးအစားပါ။ QWERTY keyboard အပြည့် ပါဝင်တာကြောင့် touch keyboard ကို စိတ်ကုန်နေတဲ့သူတွေ အဆင်ပြေစေမှာပါ။

အံ့အား သင့်စရာ လုပ်ဆောင်ချက် တွေနဲ့ ထွက်ပေါ်လာတဲ့ iPhone 4

တူလေး ရေးသားသည်။

အားလုံး မျှော်လင့်ထားတဲ့ အတိုင်း Apple က ကျင်းပခဲ့တဲ့ Worldwide Developer Conference မှာ iPhone အသစ် iPhone 4 ကို ချပြခဲ့ပါတယ်။ ဒီ iPhone က Apple နောက်ဆုံး ထုတ်လုပ်ထားတဲ့ iPhone 3GS ထက် ၂၅ ရာခိုင်နှုန်း ပါးလွှာပြီး လက်ရှိ အချိန် ဈေးကွက်ထဲမှာ ရှိသမျှ smart phone တွေထဲမှာ အပါးလွှာဆုံး smart phone အနေနဲ့ ရှိနေမှာပါ။ ကိုယ်ထည်ကို အလူမီနီယံ နဲ့ ပြုလုပ်ထားပြီး အရှေ့ပိုင်းကို မှန်သား သီးသန့်နဲ့ တန်ဆာဆင်ထား သလို အရောင် အနေနဲ့ အဖြူ နဲ့ အနက် ၂ ရောင် ရ ရှိနိုင်မှာ ဖြစ်ပါတယ်။

နှလုံးခုန်သံ နဲ့ ထိန်းချုပ် နိုင်တော့မဲ့ Apple ရဲ့ နည်းပညာသစ် ၂ မျိုး

တူလေး ရေးသားသည်။

Apple က သူရဲ့ နောက်ပိုင်းထုတ်မဲ့ iPhone တွေမှာ အသုံးပြုမယ်လို့ ယူဆရတဲ့ နည်းပညာ ၂ ခုကို မူပိုင်ခွင့် လိုက်ပြီး အဲဒီ ၂ ခုလုံးက စိတ်ဝင်စား စရာပါ။ ပထမ တစ်ခုက Seamlessly Embedded Heart Rate Monitor လို့ နာမည် တပ်ထားပြီး သူက အသုံးပြုသူရဲ့ နှလုံး ခုန်နှုန်း ကို မှတ်သားထားပြီး ဖုန်းရဲ့ ပိုင်ရှင် ဟုတ်မဟုတ် ဆိုတာကို ဆုံးဖြတ် ပေးမဲ့ နည်းပညာ ဖြစ်ပါတယ်။

ဒါကြောင့် ရုပ်ရှင် တွေထဲကလို လက်ဗွေရာ ကို စစ်ဆေး အလုပ်လုပ် ပေးတဲ့ နည်းစနစ် မျိုးထက် သာလွန်ပြီး ဖုန်းကို ကိုင်လိုက်ယုံနဲ့ ပိုင်ရှင် အစစ် ဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးပြီး မှန်မှသာ အလုပ်လုပ် ပေးမဲ့ နည်းပညာ မျိုးပါ။

Android မိုဘိုင်းဖုန်းတွေ အတွက် Firefox browser

တူလေး ရေးသားသည်။

Android အခြေပြု မိုဘိုင်းဖုန်း သုံးတဲ့ သူတွေ အတွက် ၀မ်းသာစရာ တစ်ခုပါ။ ကွန်ပျူတာတွေမှာ အင်တာနက် ကြည့်ရာမှာ လူတိုင်းလိုလို အသုံးပြုကြတဲ့ Firefox application က အခု Android ဖုန်းတွေအတွက် app အနေ နဲ့ ရရှိနိုင်တော့မှာပါ။ အခု အချိန်မှာ စမ်းသပ်ဆဲ အချိန်ဖြစ်တာကြောင့် အခက်အခဲ အနည်းငယ် ရှိတာကလွဲလို့ သုံးလို့ ကောင်းတဲ့ app တစ်ခုပါ။ desktop version မှာလိုပဲ tab တွေ၊ bookmark menu တွေ၊ setting တွေ၊ addon တွေ ပါဝင်ပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။

Multi Tasking ရ လာတဲ့ iPhone OS 4.0

တူလေး ရေးသားသည်။

အားလုံး စောင့်မျှော်နေကြတဲ့ multi tasking (တစ်ကြိမ်မှာ တစ်ခု application တစ်ခုထက်မက အလုပ်လုပ် နိုင်တဲ့ လုပ်ဆောင်ချက်) ကို အထောက် အပံ့ပေးဖို့ iPhone OS 4.0 ကို ထုတ်လုပ် လိုက်ပါပြီ။ ဒီ OS ကို iPhone 3GS ကနေ စတင် အသုံးပြုလို့ ရမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Mail Application, home folder, စာအုပ်တွေ ဖတ်ဖို့ iBook application စတာတွေ ပါဝင်လာ မှာဖြစ်ပါတယ်။ စိတ်မကောင်း စရာ ကတော့ ဒီ OS ကို iPhone 2G, 3G တွေ သုံးလို့ မရတာပါ။

Sony ရဲ့ PlayStation Smart Phone

တူလေး ရေးသားသည်။

Sony က Apple ရဲ့ iPod, iPhone တွေကြောင့် သူရဲ့ ထုတ်ကုန်တွေ ရေပန်းစားမှု နည်းလာတာကို ကျော်လွားဖို့ အတွက် ဂိမ်းတွေလည်း ကောင်းကောင်း ကစားလို့ရ နိုင်မဲ့ Smart Phone တစ်မျိုးကို ထုတ်လုပ် တော့မယ် လို့ သိရ ပါတယ်။ ဒီ ဖုန်းက ဖုန်း တစ်လုံး အဖြစ်သာမက iPhone မှာလိုပဲ သီချင်းတွေ အတွက် အကောင်းဆုံး လုပ်ဆောင် ပေးမှာ ဖြစ်သလို PSP လိုလည်း ဂိမ်းတွေ ကောင်းကောင်း ဆော့ ကစားနိုင် မယ်လို့ သိရပါတယ်။ သီချင်း နဲ့ ဗီဒီယို တွေ အတွက် iTune Store လိုပဲ store တစ်ခုကိုလည်း တည်ဆောက် သွားဖို့ရှိပါတယ်။