You are currently browsing: Tech news
Barcamp Yangon 2012 – ဖေဖော်ဝါရီ လဆန်းတွင် ကျင်းပမည်
တတိယ အကြိမ်မြောက်သွားပြီ ဖြစ်တဲ့ Barcamp Yangon 2012 ကို ဖေဖော်ဝါရီလ ၁၁ ရက် ၊ ၁၂ ရက်တွေမှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေမှာ ရှိတဲ့ Myanmar Info Tech မှာ အရင်နှစ်တွေ အတိုင်း စည်စည်ကားကား ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အချိန်ကတော့ နံနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိပါ။ Barcamp ဟာ သမားရိုးကျ ဟောပြောပွဲ (conference) ပုံစံမျိုးမဟုတ်ပဲ ၊ ဆွေးနွေးချင်သူဟာ အားလပ်တဲ့ အချိန်၊ အားလပ်တဲ့ နေရာမှာ ပွင့်ပွင့် လင်းလင်း ဆွေးနွေးလို့ရတဲ့ အပြန်အလှန် ဆွေးနွေးပွဲ တစ်ခု ဖြစ်တာကြောင့် နယ်ပယ် အစုံမှ လူငယ်တွေ သဘောကျ နှစ်သက်တဲ့ ပွဲတစ်ပွဲ ဖြစ်စမြဲပါ။
Warranty ထပ်တိုးခွင့် ပြုထားတဲ့ Dell
ပြည်တွင်းရှိ Dell ပစ္စည်း အသုံးပြုသူတွေ အတွက် သတင်းကောင်းပါ။ ဝယ်ယူထားတဲ့ Dell product ရဲ့ warranty မကုန်ဆုံးခင်မှာ အချိန်မှီ သွားရောက်သက်တမ်းတိုးမယ်ဆိုရင် နောက်ထပ် warranty တစ်နှစ် ခံစားခွင့် ရမှာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းသွားရောက်တိုးဖို့အတွက် နဂိုကတည်းက official warranty ရှိတဲ့ ပစ္စည်း ဖြစ်ရပါမယ်။ နောက် product ကိုဝယ်ယူစဉ်က ပါတဲ့ warranty သက်တမ်း မကုန်ဆုံးသေးမှီ ဖြစ်ရပါမယ်။ user fault (ပြုတ်ကျ ထားတဲ့ ဒဏ်ရာ ၊ ရေ/ကော်ဖီ အစရှိတာတွေ ဖိတ်ထားတဲ့ လက္ခဏာတွေ) ရှိရင် အကြုံးမဝင်ပါဘူး။ Extend လုပ်ပေးမဲ့ warranty ထဲမှာ ဘက်ထရီကိုတော့ မထည့်သွင်းဘူး လို့ သိရပါတယ်။
အရစ်ကျပေးချေစနစ်နဲ့ရောင်းချနေပြီ ဖြစ်တဲ့ Luck Bird
Lucky Bird ကွန်ပျူတာဆိုင်မှ laptop, desktop စတာတွေနဲ့ ကွန်ပျူတာ ပစ္စည်းတွေ အပါအဝင် ၊ copier လို ပစ္စည်းတွေကို အရစ်ကျ ပေးချေစနစ်နဲ့ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ဝယ်ယူလိုတဲ့ သူက ယူနိုက်တက် အမရ ဘဏ်မှာ စာရင်းဖွင့်ထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဏ်စာရင်း ရဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်ပါက ယူနိုက်တက် အမရ ဘဏ်မှာ စာရင်းဖွင့်ထားတဲ့ အခြား တစ်ယောက်က ထောက်ခံပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ကနဦး ဝယ်ယူ တဲ့အချိန်မှာ ပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း၊ အတိုး ၇ ရာခိုင်နှုန်း ၊ ဝန်ဆောင်ခအတွက် ၁ ရာခိုင်နှုန်း၊ စုစုပေါင်း ပစ္စည်း တန်ဖိုးရဲ့ ၃၈ ရာခိုင်နှုန်းကို လက်ငင်း ပေးချေရမှာ ဖြစ်ပြီး ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကို ယူနိုက်တက် အမရ ဘဏ်ကနေ တဆင့် ၁၂ လ အတွင်းပေးချေ သွားရမှာ ဖြစ်ပါတယ်။
ကလေးတစ်ဦး tablet တစ်ခု
၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းက အစပြုခဲ့တဲ့ OLPC (One Laptop Per Child) INGO အဖွဲ့အစည်းက အာဖရိကတိုက်မှာ ရှိတဲ့ ကလေးတွေ နည်းပညာနဲ့ အဆက်အသွယ် မပြတ်စေဖို့ အတွက် laptop တစ်လုံးကို ဒေါ်လာ ၁၀၀ နဲ့ ရောင်းချခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခု tablet တွေ ခေတ်ရောက်လာ တော့ OLPC က ဒေါ်လာ ၁၀၀ တန် tablet တွေကို ထုတ်လုပ်လာပြန်ပါတယ်။
အကြမ်းခံတဲ့ Toughpad
Panasonic က အကြမ်းခံလွန်းတဲ့ laptop – Toughbook တွေထုတ်လုပ်ခဲ့တာ လိုအပ်ချက် ရှိတဲ့ သူတွေ အကြိုက် တွေ့ခဲ့ကြဖူးပါတယ်။ အခု tablet ခေတ်မှာလည်း Panasonic က အကြမ်းခံလွန်းတဲ့ Toughpad ကို ထုတ်လုပ် ဦးမှာ ဖြစ်ပါတယ်။ Android Honeycomb အသုံးပြုထားမဲ့ ဒီ tablet မှာ 1.2GHz dual-core Marvell processor ၊ 16 GB internal memory ပါဝင်ပါတယ်။
Angry Birds – web ပေါ်မှာ အခမဲ့ ကစားလို့ ရပြီ
မိုဘိုင်းဂိမ်းတွေနဲ့ နာမည်ကြီးလာတဲ့ Angry Birds ဂိမ်းဟာ အခုဆိုရင် Google နဲ့ ပူးပေါင်းပြီး web ပေါ်မှာ အခမဲ့ ကစားနိုင်ဖို့ စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Google ရဲ့ I / O conference မှာ ကြေငြာ ခဲ့တာ ဖြစ်ပြီး web browser ကနေ တဆင့်အလွယ်တကူ ကစား နိုင်နေပါပြီ။ connection နှေးတဲ့ သူတွေ အတွက် HD version နဲ့ မဟုတ်ပဲ SD version နဲ့လည်း ကစား နိုင်ပါတယ်။ http://chrome.angrybirds.com/ ကို ဝင်ရောက်ပြီး ကစား ရမှာပါ။
ဘင်လာဒင် ကို မသိကြတဲ့ ဆယ်ကျော်သက် လူငယ်များ
Yahoo ရဲ့လေ့လာချက်အရ မေလ ၁ ရက်နေ့ Yahoo Trends စစ်တမ်းကောက်ယူမှုမှာ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ Bin Laden ဆိုတဲ့ search က search အားလုံးရဲ့ ၁၀၀ ရာခိုင်နှုန်းအထိ နေရာယူခဲ့တယ်လို့ သိရပါတယ်။ ထူးခြားချက် ကတော့ ဆယ်ကျော်သက် လူငယ်တွေဟာ ဘင်လာဒင် ဟာ ဘယ်သူလည်း ဆိုတာကို မသိကြ တာပါ။ ရှာဖွေမှုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဆယ်ကျော်သက် လူငယ်တွေဖြစ်ပြီး “osama bin laden” လို့ ရှာဖွေခဲ့ကြပါတယ်။
အသစ်ထွက်ရှိလာတော့မဲ့ Sony ရဲ့ Tablet ၂ မျိုး
Sony က လည်း အခုဆိုရင် tablet တွေရဲ့ လောကထဲကို သူ့ရဲ့ tablet အသစ် ၂ မျိုးနဲ့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် S1 နဲ့ S2 လို့ code name တွေ ပေးထားတဲ့ tablet အသစ် ၂ မျိုးကို ပုံကြမ်းတွေ ထုတ်ပြ လာခဲ့ပြီ ဖြစ်ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်ရောင်းချ လာတော့မှာ ပါ။ Sony ဆိုရင် ဒီဇိုင်း ဆန်း၊ အရည်အသွေးကောင်း ပစ္စည်း ဆိုတဲ့ မူကို မပျက်စေပဲ လှပဆန်းသစ်တဲ့ ဒီဇိုင်း၊ အသုံးဝင်လှတဲ့ ပုံစံ၊ hardware တွေနဲ့ ထွက်ပေါ်လာမှာပါ။ ကောင်းမွန်တဲ့ hardware ၊ ဒီဇိုင်း သာမက သူတို့ရဲ့ ကွန်ယက်နဲ့ပါချိတ်ဆက်ပေး ထားမဲ့ တကယ့်ကို ပြည့်စုံတဲ့ ပေါင်းစည်းမှု တစ်ခု ဖြစ်မှာပါ။
အသစ် အသစ် တွေအတွက် Apple ၊ Thunderbolt နဲ့ Lion OS
သတင်းတွေ ထွက်ခဲ့သလိုပဲ Apple က Intel နဲ့ ပူးပေါင်းပြီး Intel ရဲ့ Thunderbolt နည်းပညာကို သူတို့ရဲ့ အသစ် ထုတ် MacBook Pro မှာ ထည့်သွင်း အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Thunderbolt နည်းပညာက data တွေ ရွေ့ပြောင်း ဖို့အတွက် နည်းပညာအသစ် တစ်ခုဖြစ်ပြီး ၁ စက္ကန့်ကို 10 gigabits ရွေ့ပြောင်းနိုင်တာကြောင့် Blu-Ray ရုပ်ရှင် တစ်ကားကို စက္ကန့် ၃၀ အတွင်းမှာ အပြီး ကူးပြောင်းနိုင်မှာ ဖြစ်တာကြောင့် High Capacity Data တွေကို အမြဲ ရွေ့ပြောင်းနေရတဲ့ သူတွေ အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်မှာပါ။ လောလောဆယ် အချိန်အထိ နောက်ဆုံးထွက်ထားတဲ့ USB 3 က တစ်စက္ကန့်ကို အမြန်ဆုံး ဆိုတဲ့ အခြေအနေမှာ 5 gigabits ပဲ ရွေ့ပြောင်းနိုင်ပြီး စက်တိုင်း လိုလို မှာ လက်ရှိ အချိန်အထိ အသုံးပြု နေတဲ့ USB 2 ကတော့ စက္ကန့်ကို 480 megabits ပဲ ရွေ့ပြောင်း နိုင်တာပါ။
Apple ရဲ့ မြန်နှုန်းမြင့် ကွန်နက်ရှင် နည်းပညာ သစ်
ထူးခြား သတင်း တစ်ရပ် အနေနဲ့ Apple က မြန်နှုန်းမြင့် ကွန်နက်ရှင် နည်းပညာ သစ် တစ်ခု စတင်မယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ တကယ်လို့သာ အမှန် ဖြစ်ခဲ့မယ် ဆိုရင် MacBook Pro ကို update လုပ်တဲ့ ပွဲမှာ တပါတည်း ချပြသွား ဖို့ရှိပါတယ်။ တကယ်တော့ ဒီ နည်းပညာကို Intel က Light Peak လို့ နာမည်ပေးပြီး စမ်းသပ် လာတာ နှစ်အတော်ကြာခဲ့ ပါပြီ။ Intel ရဲ့ ဒီ နည်းပညာသစ်ကို မိတ်ဆက်တဲ့ ၂၀၀၉ ခုနှစ်က ပွဲမှာ Apple ရဲ့ Mac OS X ကို ပဲ အသုံးပြု ပြီး ရှင်းလင်း ပြသွားခဲ့တာ ပါ။



