You are currently browsing: Website guides

စင်ကာပူမှာ လိုချင်တဲ့ အခန်း အလွယ်တကူ ရှာတွေ့ နိုင်ဖို့ myBlk.com

တူလေး ရေးသားသည်။

အခုအချိန်မှာ နိုင်ငံရေး ၊ စီးပွားရေးတွေ ပွင့်လန်းလာတာကြောင့် စင်ကာပူ နိုင်ငံကို အလည် သွားလာတဲ့ သူတွေ ပိုမိုများပြားလို့ လာနေပါပြီ။ ဒီလို သွားလာတဲ့အခါမှာ အမြဲလိုလိုအခက်ကြုံရတာကတော့ နေထိုင်ဖို့ အခန်းပါ။ အသိမိတ်ဆွေတွေရှိပြန်ရင်လည်း အကူအညီတောင်းရဖန်များလို့ အခက်တွေ့နေတဲ့ သူတွေ ၊ ဒါမှမဟုတ် အလုပ် အကိုင်အတွက် သွားနေမဲ့သူတွေ၊ ကိုယ်နေချင်တဲ့ နေရာ ၊ အမျိုးအစား ၊ ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ အခန်းကို ရှာဖွေ နေတဲ့သူတွေ အတွက် အကောင်းဆုံး လုပ်ဆောင်ပေးမဲ့ ဝဘ်ဆိုဒ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ www.myblk.com ပါ။ My Block လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒီဝဘ်ဆိုဒ်ကို စတင် တည်ထောင် ခဲ့တာကတော့ ၂၀၁၁ အောက်တိုဘာလ ကပါ။ သက်တမ်းမကြာသေးပေမဲ့ အခုဆိုရင် အခန်း listing ပေါင်း “၃၇၀၀” ကျော်ရှိလို့ နေပါပြီ။

Graffiti art တွေကို စိတ်ဝင်စားတဲ့ သူတွေ အတွက်

တူလေး ရေးသားသည်။

လမ်းတွေ အိမ်တွေရဲ့ နံရံတွေမှာ ရေးဆွဲတဲ့ graffiti art တွေကို သဘောကျတဲ့ သူတွေ စိတ်ဝင်စားမဲ့ ဝဘ်ဆိုဒ်ပါ။ ကိုယ်တိုင်ရေးဆွဲနေတဲ့ သူတွေ အတွက်လည်း အကြံဥာဏ် ကောင်းတွေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် တို့ နိုင်ငံမှာလို ရှု့ပ်ထွေးတဲ့ ဒီဇိုင်းတွေ မဟုတ်ပဲ အဓိပ္ပါယ်တစ်ခုခု ကို ဖော်ပြထားတဲ့ ဖန်တီးမှုတွေ ဖြစ်တာကြောင့် အတုယူသင့် တဲ့ ဝဘ်ဆိုဒ်ပါ။ ဗြိတိန်နိုင်ငံ မှ ဒီဇိုင်း စုစည်းမှုလို့ သိရပါတယ်။

ကိုယ်မွေးတဲ့ နှစ်မှာ ဘာဖြစ်ခဲ့ သလဲ

တူလေး ရေးသားသည်။

What Happened In My Birth Year ကတော့ ဒီဝဘ်ဆိုဒ် ရဲ့ နာမည်ပါ။ သူ့ရဲ့ နာမည် အတိုင်း ကိုယ်မွေးခဲ့ တဲ့ နှစ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘာရုပ်ရှင် ထွက်ခဲ့ပြီး ဘယ်သူ က နာမည် ကြီး ဖြစ်ခဲ့သလဲ၊ အော်စကာ ဘယ်သူ ရခဲ့သလဲ၊ ဘယ်စာအုပ် ရောင်းကောင်း ခဲ့သလဲ၊ ကိုယ် နဲ့ တစ်နှစ်တည်း ဘယ် နိုင်ငံကျော်တွေ၊ ဘယ် အဆိုကျော် တွေ မွေးခဲ့သလဲ စတာတွေကို ပြပေးမှာပါ။

သတိပေးစာ ပို့ပေးဖို့ Follow Up Then

တူလေး ရေးသားသည်။

သူငယ်ချင်းကိုပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ကိုပဲ ဖြစ်ဖြစ်၊ အီးမေး တစ်စောင်ပို့ပြီး နောက်ထပ် အသိပေးစာ follow up မလုပ် နိုင်တာကြောင့် ကိစ္စတွေ မပြီးမြောက် နိုင်တဲ့ ပြသနာ နဲ့ မကြာခဏ ကြုံရတတ်တယ် ဆိုရင် နောက်တစ်ကြိမ် @followupthen.com အီးမေးလိပ်စာကို တွဲပို့ ပေးနိုင်ပါတယ်။

နောက်ထပ် ၁ နာရီကြာရင် ကိုယ့်ကို ပို့ထားတဲ့ အီးမေး နဲ့ ပတ်သက်ပြီး reminder ပို့ပေး စေချင်ရင် CC မှာ 1hour@followupthen.com ကို ထည့်ပြီး ပို့လိုက်ယုံနဲ့ ၁ နာရီ ကြာတဲ့ အခါမှာ ကိုယ့်ကို အီးမေး နဲ့ follow up လုပ်ဖို့ အတွက် reminder လာမှာ ဖြစ်ပါတယ်။

Firefox ကို စကားပြောပြီး ခိုင်းဖို့

တူလေး ရေးသားသည်။

Firefox browser ကို mouse နဲ့ ကလစ် တစ်ချက်ချင်း စီ မသွားပဲ စကားပြောပြီး ခိုင်းလို့ ရရင် ကောင်းမယ်လို့ တွေး ခဲ့ ဖူးတယ် ဆိုရင် ဒီ addon က အကောင်အထည် ဖော်ပေး နိုင်ပါလိမ့်မယ်။ search queries တွေကို စကားနဲ့ ပြောပြီး ရှာလို့ ရသလို၊ tab အသစ်ဖွင်ပြီး site တစ်ခု ထပ်ဖွင့်တာ၊ tab ကို ပိတ်တာ၊ facebook မှာ status စစ်တာ၊ Hulu မှာ TV show ကြည့်တာတွေကို အသံနဲ့ ထိန်းချုပ်ပြီး လုပ်ဆောင် နိုင်ပါတယ်။ Firefox 3.0 ကနေ 3.6 အတွင်း အသုံး ပြုလို့ရပါတယ်။

August လ အတွက် Wallpaper အလန်း အဆန်း တွေ

တူလေး ရေးသားသည်။

August လ မှ ကြိုဆိုပါတယ်။ :D

August လ ရောက်လို့ သွားပြန်ပါပြီ။ :D လ အသစ်မှာ desktop wallpaper အသစ် နဲ့ လန်းလန်း ဆန်းဆန်း ရှိဖို့ ဒီ website မှာ wallpaper အကောင်းစား တွေ စုပေးထားပါတယ်။

iPad ကို တစ်စစီ ဖြုတ်ကြည့်ခြင်း

တူလေး ရေးသားသည်။

Apple က လူတွေ စောင့်မျှော်နေကြတဲ့ tablet PC, iPad ကို ဧပြီ ၃ ရက်နေ့ ထုတ်လုပ်လိုက်ပါပြီ။ ၀ယ်ယူဖို့ တန်းစီ စောင့်နေတဲ့ လူတန်းကြီးကလည်း အံ့မခန်း ရှည်လျား လှပါ တယ်။ အသုံးပြုချင်လို့ စောင့်မျှော်နေကြတဲ့ သူတွေ ရှိသလို ရရှိလာ တဲ့အခါ ဖွင့်ကြည့်ချင်တဲ့ သူတွေလည်း ရှိပါတယ်။ ဖွင့်ကြည့်တာမှ တစ်စစီကို ဖွင့်ကြည့်တာပါ။ ဒီ ၀ဘ်ဆိုဒ်မှာ အသစ်စက်စက် iPad ကို ပါဝင်တဲ့ ပစ္စည်းတွေ သိရအောင် တစ်စစီ ဖွင့်ထုတ်ထားတာကို တစ်ဆင့် ချင်းစီ ပြသပေးထားပါတယ်။

အလုပ် တွင်စေမဲ့ Windows shortcut တွေ

တူလေး ရေးသားသည်။

Ctrl + Shift + Esc နှိပ်ရင် task manager ပွင့်တယ်၊ Ctrl + F5 နှိပ်ရင် ၀ဘ်ဆိုဒ် ကို cache တွေရှင်းပြီး အသစ် ပြန်ပြ ပေးနိုင်တယ်၊ Shift + right click လုပ်ရင် ပိုအဆင့်မြင့်တဲ့ menu ကို ပြပေးနိုင်တယ်၊ windows key နဲ့ + သို့မဟုတ် – နှိပ်ရင် Windows 7 မှာ zoom in, zoom out လုပ်ပေး နိုင်တယ်၊ Windows 7 မှာ widows key နဲ့ X နှိပ် ရင် laptop setting control panel ကို ပြပေး နိုင်တယ်၊ စတဲ့ keyboard shortcut တွေ၊ mouse နဲ့ တွဲဖက် အသုံးပြု ရတဲ့ short cut တွေကို Windows နဲ့ Windows 7 အတွက် ဖော်ပြ ပေးထားတဲ့ website ပါ။

iPad icon လေး ကိုယ်တိုင် ဖန်တီးဖို့

တူလေး ရေးသားသည်။

http://bit.ly/9QtB7G iPad, iPad နဲ့လူတွေ ပြောနေကြသလို၊ ကိုယ်ကိုယ်တိုင် ipad icon လေးကို Photoshop နဲ့ ဖန်တီးချင်တဲ့ သူတွေ အတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ တစ်ဆင့်ချင်း ပြပေးထားတဲ့ Photoshop tutorial ၀ဘ်ဆိုဒ်ပါ။  Apple ရဲ့ ၀ဘ်ဆိုဒ်မှာ ပြပေးထားတဲ့ တကယ့် iPad ရဲ့ ပုံကို နမူနာယူပြီး တဆင့်ချင်း သင်ပေးထားပါတယ်။  PSD source file ကိုလည်း download လုပ်ယူပြီး လေ့လာနိုင်ပါတယ်။ တူလေး

Christmas theme နဲ့ wallpaper လှလှလေးတွေ

တူလေး ရေးသားသည်။

ဒီဇင်ဘာလ လည်း ရောက်လာပြန်ပြီပေါ့။  ဆောင်းတွင်းကို ကျွန်တော် အရမ်းကြိုက်တာ။  ဒါကြောင့် sweet December ကတည်းက ကျွန်တော့် ရဲ့ desktop ကို ဆောင်းတွင်း theme နဲ့ လိုက်ဖက် အောင် wallpaper လဲထားလိုက်ပြီ။  ကျွန်တော့်လိုပဲ လှပတဲ့ wallpaper တွေကို လဲထားချင်တဲ့သူတွေအတွက် web page လေးတစ်ခုပါ။  resolution အစုံနဲ့ စိတ်ကြိုက် download လုပ်ယူ နိုင်ပါတယ်။