External Hard Drive ဝယ်တော့မယ် ဆိုရင်
အခု အချိန်မှာ external hard drive တွေရဲ့ ဈေးနှုန်းကလည်း ရှေးယခင်က memory stick ဈေး သာသာ လောက်ပဲ ရှိပါတော့တယ်။ ကျွန်တော် မှတ်မိသလောက် လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက 256 MB memory stick ကို ငွေ ခြောက်သောင်းနဲ့ ဝယ်ခဲ့ဖူးပါတယ်။ အခု အဲဒီ ဈေးနဲ့ ဆိုရင် external hard drive တစ်လုံး ရနေလောက်ပါပြီ။ ဒီလို ဈေးတွေ ပေါလာတဲ့ အချိန်မှာ ဈေး နဲ့ ပုံသဏ္ဍန် လှပမှု ပေါ်မူတည်ပြီး အရွေးမှားရင်လည်း အသုံးမတည့်တာ၊ မကြာခဏ ပျက်တဲ့ ပြဿနာ တွေနဲ့ ကြုံတွေ့ရ နိုင်ပါတယ်။ Continue reading
အားလုံးရဲ့ ရင်ထဲမှာ ကျန်နေခဲ့မဲ့ Steve
လူတွေ နားထောင်တဲ့ music player ရဲ့ လောက ၊ လူတွေ အသုံးပြုတဲ့ တယ်လီဖုန်းရဲ့ လောက၊ လူတွေ အသုံးပြုတဲ့ ခရီးဆောင် ကွန်ပျူတာ တွေရဲ့ လောက ကို အားလုံး မြေလှန်ပြောင်းလဲပစ်ပြီး အသုံးပြုသူ နဲ့ တသားတည်းဖြစ်တဲ့ နည်းပညာ ပစ္စည်း တွေကို ထုတ်လုပ် ပေးခဲ့တဲ့ Apple ရဲ့ CEO ဟောင်း Steve Jobs ဟာ သူချစ်တဲ့ Apple ကုမ္ပဏီ၊ သူချစ်တဲ့ Apple ပစ္စည်းတွေ နဲ့ သူ့ကို ချစ်တဲ့ ကမ္ဘာလောကကြီးကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာ သွားခဲ့ ပါပြီ။ Continue reading
error တက်လာတဲ့ Skype
လွန်ခဲ့တဲ့ ၂ ရက် ၊ ၃ ရက် လောက်က ပါ။ Skype က version အသစ် ထွက်တယ်။ update လုပ်မလားလို့ မေးတာ နဲ့ update လုပ်လိုက်တယ် ဗျ။ ပြသနာက အဲဒီမှာ စတာပဲ။ update လည်းပြီးရော၊ Skype က ခေါ်တာပဲ ဖြစ်ဖြစ်၊ လက်ခံတာပဲ ဖြစ်ဖြစ် error တက်ပြီး ပြုတ်ပြုတ်ကျသွားတော့တာ။ uninstall လုပ်ပြီး ပြန် install လုပ်၊ စမ်း တော့လည်း အဆင် မပြေဘူး ဗျ။ Continue reading
Angry Birds – web ပေါ်မှာ အခမဲ့ ကစားလို့ ရပြီ
မိုဘိုင်းဂိမ်းတွေနဲ့ နာမည်ကြီးလာတဲ့ Angry Birds ဂိမ်းဟာ အခုဆိုရင် Google နဲ့ ပူးပေါင်းပြီး web ပေါ်မှာ အခမဲ့ ကစားနိုင်ဖို့ စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Google ရဲ့ I / O conference မှာ ကြေငြာ ခဲ့တာ ဖြစ်ပြီး web browser ကနေ တဆင့်အလွယ်တကူ ကစား နိုင်နေပါပြီ။ connection နှေးတဲ့ သူတွေ အတွက် HD version နဲ့ မဟုတ်ပဲ SD version နဲ့လည်း ကစား နိုင်ပါတယ်။ http://chrome.angrybirds.com/ ကို ဝင်ရောက်ပြီး ကစား ရမှာပါ။ Continue reading
ဘင်လာဒင်စစ်ဆင်ရေး တိုက်ရိုက် tweet လုပ်ခဲ့မိသူနဲ့ အမေးဖြေ
အကြမ်းဖက် ခေါင်းဆောင် ဘင်လာဒင် ကို စစ်ဆင်ရေး လုပ်ခဲ့ရာမှာ လူထုကို ပထမဆုံး ဖြန့်ဝေ နိုင်ခဲ့တဲ့ မီဒီယာက twitter ဖြစ်ခဲ့ပါတယ်။ ဘင်လာဒင်ရဲ့ နေအိမ်နားမှာနေထိုင်တဲ့ programmer တစ်ယောက်ဟာ ဘင်လာဒင် နေထိုင် နေမှန်း မသိ သလို၊ အမေရိကန် စစ်တပ် တွေ အနေနဲ့ ဘင်လာဒင်ကို လာရောက် နှိမ်နှင်းတာ ဖြစ်တယ် ဆိုတာလည်း သူအနေနဲ့ မသိခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်ကြောင်း ကုန်စင် ကို စက္ကန့်မလပ် tweet လုပ်နေခဲ့ပြီး စစ်ဆင်ရေး ပြီးမြောက်ချိန်လောက်မှ သူဟာ ဘင်လာဒင် ရဲ့ စစ်ဆင်ရေးကို ဘုမသိ ဘမသိ live blog လုပ်နေမိမှန်း သိခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီ twitter ပိုင်ရှင် (Really Virtual ၊ အမည်ရင်း Sohaib Athar) ဟာ ပါကစ်စတန် နိုင်ငံ ရဲ့ ပထမ ဆုံး follower ၁ သိန်း အထက် ရှိတဲ့ သူ တစ်ယောက် ဖြစ်လာခဲ့သလို၊ လက်ထပ်ခွင့်တောင် ၂ ကြိမ် အတောင်းခံခဲ့ရပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခု အဲဒီ live blog လုပ်မိသူနဲ့ Cnet တို့ တွေ့ဆုံ အင်တာဗျူးခဲ့တာကို အလျင်းသင့်သလို ဘာသာပြန်ပေး လိုက်ရပါတယ်။ Continue reading
ဘင်လာဒင် ကို မသိကြတဲ့ ဆယ်ကျော်သက် လူငယ်များ
Yahoo ရဲ့လေ့လာချက်အရ မေလ ၁ ရက်နေ့ Yahoo Trends စစ်တမ်းကောက်ယူမှုမှာ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ Bin Laden ဆိုတဲ့ search က search အားလုံးရဲ့ ၁၀၀ ရာခိုင်နှုန်းအထိ နေရာယူခဲ့တယ်လို့ သိရပါတယ်။ ထူးခြားချက် ကတော့ ဆယ်ကျော်သက် လူငယ်တွေဟာ ဘင်လာဒင် ဟာ ဘယ်သူလည်း ဆိုတာကို မသိကြ တာပါ။ ရှာဖွေမှုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဆယ်ကျော်သက် လူငယ်တွေဖြစ်ပြီး “osama bin laden” လို့ ရှာဖွေခဲ့ကြပါတယ်။ Continue reading
အသစ်ထွက်ရှိလာတော့မဲ့ Sony ရဲ့ Tablet ၂ မျိုး
Sony က လည်း အခုဆိုရင် tablet တွေရဲ့ လောကထဲကို သူ့ရဲ့ tablet အသစ် ၂ မျိုးနဲ့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် S1 နဲ့ S2 လို့ code name တွေ ပေးထားတဲ့ tablet အသစ် ၂ မျိုးကို ပုံကြမ်းတွေ ထုတ်ပြ လာခဲ့ပြီ ဖြစ်ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်ရောင်းချ လာတော့မှာ ပါ။ Sony ဆိုရင် ဒီဇိုင်း ဆန်း၊ အရည်အသွေးကောင်း ပစ္စည်း ဆိုတဲ့ မူကို မပျက်စေပဲ လှပဆန်းသစ်တဲ့ ဒီဇိုင်း၊ အသုံးဝင်လှတဲ့ ပုံစံ၊ hardware တွေနဲ့ ထွက်ပေါ်လာမှာပါ။ ကောင်းမွန်တဲ့ hardware ၊ ဒီဇိုင်း သာမက သူတို့ရဲ့ ကွန်ယက်နဲ့ပါချိတ်ဆက်ပေး ထားမဲ့ တကယ့်ကို ပြည့်စုံတဲ့ ပေါင်းစည်းမှု တစ်ခု ဖြစ်မှာပါ။ Continue reading
NFC ဆိုတာ…
အခု နည်းပညာ သတင်းတွေ မှာ NFC ဆိုတဲ့ စကားလုံးကို တော်တော်လေး တွေ့လာပါပြီ။ iPhone 5 မှာ NFC ပါမယ် စသဖြင့် ကောလဟာလ တွေလည်း ထွက်ပေါ် ခဲ့ပါတယ်။ ဒီတော့ NFC ဆိုတာ ဘာလည်း ဆိုတဲ့ အချက် က ဝင်လာ ပါတယ်။ NFC ဆိုတာ Near Field Communication ကို ဆိုလိုတာပါ။
အဓိက ကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်းပညာလို့ လွယ်လွယ် ပြောလို့ ရပါတယ်။ ဒါပေမဲ့ သူက တခြား နည်းပညာ တွေထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို device A က ယူသုံးလို့ ရနေမှာပါ။ electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။ အဲဒါကို Active Communication Mode လို့သိကြပါတယ်။ Continue reading
အသစ် အသစ် တွေအတွက် Apple ၊ Thunderbolt နဲ့ Lion OS
သတင်းတွေ ထွက်ခဲ့သလိုပဲ Apple က Intel နဲ့ ပူးပေါင်းပြီး Intel ရဲ့ Thunderbolt နည်းပညာကို သူတို့ရဲ့ အသစ် ထုတ် MacBook Pro မှာ ထည့်သွင်း အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Thunderbolt နည်းပညာက data တွေ ရွေ့ပြောင်း ဖို့အတွက် နည်းပညာအသစ် တစ်ခုဖြစ်ပြီး ၁ စက္ကန့်ကို 10 gigabits ရွေ့ပြောင်းနိုင်တာကြောင့် Blu-Ray ရုပ်ရှင် တစ်ကားကို စက္ကန့် ၃၀ အတွင်းမှာ အပြီး ကူးပြောင်းနိုင်မှာ ဖြစ်တာကြောင့် High Capacity Data တွေကို အမြဲ ရွေ့ပြောင်းနေရတဲ့ သူတွေ အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်မှာပါ။ လောလောဆယ် အချိန်အထိ နောက်ဆုံးထွက်ထားတဲ့ USB 3 က တစ်စက္ကန့်ကို အမြန်ဆုံး ဆိုတဲ့ အခြေအနေမှာ 5 gigabits ပဲ ရွေ့ပြောင်းနိုင်ပြီး စက်တိုင်း လိုလို မှာ လက်ရှိ အချိန်အထိ အသုံးပြု နေတဲ့ USB 2 ကတော့ စက္ကန့်ကို 480 megabits ပဲ ရွေ့ပြောင်း နိုင်တာပါ။ Continue reading
Personal email တွေကိုပဲ ပိုကြိုက်နှစ်သက်တဲ့ လူငယ်များ
နိုင်ငံတကာ စစ်တမ်း ကောက်ယူရေး အဖွဲ့အစည်း Mimecast ရဲ့ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းများ အရ အသက် ၂၅ နှစ်အောက် လူငယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းနဲ့ ဆိုင်တဲ့ စာရွက်စာတမ်း တွေကို ပြင်ပ က personal အီးမေး တွေကို အသုံးပြုပြီး ပို့လွှတ်နေတယ် လို့ သိရပါတယ်။ ဒါဟာ လုပ်ငန်းနဲ့ ဆိုင်တဲ့ အရေးကြီး စာရွက် စာတမ်း တွေကို ကိုယ်ကိုယ်တိုင် ပြင်ပကို အသိပေးနေတာ နဲ့ တူပါတယ် လို့ နည်းပညာ လုံခြုံရေး ကျွမ်းကျင် သူများက သုံးသပ် ကြပါတယ်။ Mimecast ရဲ့ chief scientist က တော့ ဒါဟာ အခုခေတ်မှာ social network တွေ ခေတ်စားလာပြီး personal email တွေကို လုပ်ငန်းက email လို စိတ်ချ လက်ချ အသုံးပြု လာ နိုင်တဲ့ အချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် ပါတယ်။ Continue reading



