အသစ်ထွက်ရှိလာတော့မဲ့ Sony ရဲ့ Tablet ၂ မျိုး
Sony က လည်း အခုဆိုရင် tablet တွေရဲ့ လောကထဲကို သူ့ရဲ့ tablet အသစ် ၂ မျိုးနဲ့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် S1 နဲ့ S2 လို့ code name တွေ ပေးထားတဲ့ tablet အသစ် ၂ မျိုးကို ပုံကြမ်းတွေ ထုတ်ပြ လာခဲ့ပြီ ဖြစ်ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်ရောင်းချ လာတော့မှာ ပါ။ Sony ဆိုရင် ဒီဇိုင်း ဆန်း၊ အရည်အသွေးကောင်း ပစ္စည်း ဆိုတဲ့ မူကို မပျက်စေပဲ လှပဆန်းသစ်တဲ့ ဒီဇိုင်း၊ အသုံးဝင်လှတဲ့ ပုံစံ၊ hardware တွေနဲ့ ထွက်ပေါ်လာမှာပါ။ ကောင်းမွန်တဲ့ hardware ၊ ဒီဇိုင်း သာမက သူတို့ရဲ့ ကွန်ယက်နဲ့ပါချိတ်ဆက်ပေး ထားမဲ့ တကယ့်ကို ပြည့်စုံတဲ့ ပေါင်းစည်းမှု တစ်ခု ဖြစ်မှာပါ။ Continue reading
NFC ဆိုတာ…
အခု နည်းပညာ သတင်းတွေ မှာ NFC ဆိုတဲ့ စကားလုံးကို တော်တော်လေး တွေ့လာပါပြီ။ iPhone 5 မှာ NFC ပါမယ် စသဖြင့် ကောလဟာလ တွေလည်း ထွက်ပေါ် ခဲ့ပါတယ်။ ဒီတော့ NFC ဆိုတာ ဘာလည်း ဆိုတဲ့ အချက် က ဝင်လာ ပါတယ်။ NFC ဆိုတာ Near Field Communication ကို ဆိုလိုတာပါ။
အဓိက ကတော့ device ၂ ခု အချင်းချင်း ဆက်သွယ်တဲ့ နည်းပညာလို့ လွယ်လွယ် ပြောလို့ ရပါတယ်။ ဒါပေမဲ့ သူက တခြား နည်းပညာ တွေထက် ထူးခြားပြီး data သာမက လိုအပ်တဲ့ ပါဝါကိုပါ share လုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဥပမာ device A မှာ ဘက်ထရီ မပါပေမဲ့ device B နဲ့ NFC နည်းပညာ အရချိတ်ဆက်ထားရင် device B ရဲ့ ဘက်ထရီကို device A က ယူသုံးလို့ ရနေမှာပါ။ electromagnetic induction ကြောင့် device တွေရဲ့ အင်တင်နာ ကနေ တဆင့် အချင်းချင်း ချိတ်ဆက်ပြီး electronic magnetic field ဖြစ်ပေါ်ပြီး data တွေကို exchange လုပ်ပေး နိုင် ပါတယ်။ အဲဒါကို Active Communication Mode လို့သိကြပါတယ်။ Continue reading
အသစ် အသစ် တွေအတွက် Apple ၊ Thunderbolt နဲ့ Lion OS
သတင်းတွေ ထွက်ခဲ့သလိုပဲ Apple က Intel နဲ့ ပူးပေါင်းပြီး Intel ရဲ့ Thunderbolt နည်းပညာကို သူတို့ရဲ့ အသစ် ထုတ် MacBook Pro မှာ ထည့်သွင်း အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Thunderbolt နည်းပညာက data တွေ ရွေ့ပြောင်း ဖို့အတွက် နည်းပညာအသစ် တစ်ခုဖြစ်ပြီး ၁ စက္ကန့်ကို 10 gigabits ရွေ့ပြောင်းနိုင်တာကြောင့် Blu-Ray ရုပ်ရှင် တစ်ကားကို စက္ကန့် ၃၀ အတွင်းမှာ အပြီး ကူးပြောင်းနိုင်မှာ ဖြစ်တာကြောင့် High Capacity Data တွေကို အမြဲ ရွေ့ပြောင်းနေရတဲ့ သူတွေ အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်မှာပါ။ လောလောဆယ် အချိန်အထိ နောက်ဆုံးထွက်ထားတဲ့ USB 3 က တစ်စက္ကန့်ကို အမြန်ဆုံး ဆိုတဲ့ အခြေအနေမှာ 5 gigabits ပဲ ရွေ့ပြောင်းနိုင်ပြီး စက်တိုင်း လိုလို မှာ လက်ရှိ အချိန်အထိ အသုံးပြု နေတဲ့ USB 2 ကတော့ စက္ကန့်ကို 480 megabits ပဲ ရွေ့ပြောင်း နိုင်တာပါ။ Continue reading
Personal email တွေကိုပဲ ပိုကြိုက်နှစ်သက်တဲ့ လူငယ်များ
နိုင်ငံတကာ စစ်တမ်း ကောက်ယူရေး အဖွဲ့အစည်း Mimecast ရဲ့ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းများ အရ အသက် ၂၅ နှစ်အောက် လူငယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းနဲ့ ဆိုင်တဲ့ စာရွက်စာတမ်း တွေကို ပြင်ပ က personal အီးမေး တွေကို အသုံးပြုပြီး ပို့လွှတ်နေတယ် လို့ သိရပါတယ်။ ဒါဟာ လုပ်ငန်းနဲ့ ဆိုင်တဲ့ အရေးကြီး စာရွက် စာတမ်း တွေကို ကိုယ်ကိုယ်တိုင် ပြင်ပကို အသိပေးနေတာ နဲ့ တူပါတယ် လို့ နည်းပညာ လုံခြုံရေး ကျွမ်းကျင် သူများက သုံးသပ် ကြပါတယ်။ Mimecast ရဲ့ chief scientist က တော့ ဒါဟာ အခုခေတ်မှာ social network တွေ ခေတ်စားလာပြီး personal email တွေကို လုပ်ငန်းက email လို စိတ်ချ လက်ချ အသုံးပြု လာ နိုင်တဲ့ အချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် ပါတယ်။ Continue reading
ရုပ်ရှင်တွေထဲမှာ လည်း နေရာယူ ခဲ့တဲ့ Apple
လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်စု အတွင်းက ရုပ်ရှင် တွေကို ကြည့်မယ် ဆိုရင် Apple တံဆိပ်ကို Macs, iPhone, iPod စတဲ့ ပစ္စည်း တစ်ခုခု အနေနဲ့ တွေ့ခဲ့ဖူးမှာပါ။ Apple က ဒါကြောင့်လည်း BrandChannel က ချီးမြင့်တဲ့ “2010 Award for Overall Product Placement” ဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် တစ်နှစ်တည်းမှာပဲ US Box office မှာ no 1 ချိတ်ခဲ့တဲ့ ဇာတ်ကား ၃၃ ကားရဲ့ ၁၀ ကားမှာ Apple ပစ္စည်းတွေ ထည့်သွင်းရိုက်ကူး ခဲ့တာ တွေ့ခဲ့ရပြီး ၂၀၀၁ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အထိ US Box office မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ ဇာတ်ကားပေါင်း ၃၃၄ ကားရဲ့ သုံးပုံ ၁ ပုံမှာ Apple ရဲ့ ပစ္စည်းတွေကို တွေ့မြင်နိုင်ခဲ့ပါတယ်။ Continue reading
Apple ရဲ့ မြန်နှုန်းမြင့် ကွန်နက်ရှင် နည်းပညာ သစ်
ထူးခြား သတင်း တစ်ရပ် အနေနဲ့ Apple က မြန်နှုန်းမြင့် ကွန်နက်ရှင် နည်းပညာ သစ် တစ်ခု စတင်မယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ တကယ်လို့သာ အမှန် ဖြစ်ခဲ့မယ် ဆိုရင် MacBook Pro ကို update လုပ်တဲ့ ပွဲမှာ တပါတည်း ချပြသွား ဖို့ရှိပါတယ်။ တကယ်တော့ ဒီ နည်းပညာကို Intel က Light Peak လို့ နာမည်ပေးပြီး စမ်းသပ် လာတာ နှစ်အတော်ကြာခဲ့ ပါပြီ။ Intel ရဲ့ ဒီ နည်းပညာသစ်ကို မိတ်ဆက်တဲ့ ၂၀၀၉ ခုနှစ်က ပွဲမှာ Apple ရဲ့ Mac OS X ကို ပဲ အသုံးပြု ပြီး ရှင်းလင်း ပြသွားခဲ့တာ ပါ။ Continue reading
Microsoft ရဲ့ ခိုးကူး ခွေတွေက ထောက်ပံ့ နေတဲ့ မက္ကစီကို က လူဆိုးဂိုဏ်း
Microsoft လောလောဆယ် ဦးနှောက်စား နေတဲ့ ကိစ္စ က တော့ သူတို့ရဲ့ ရှေ့နေ ပြောပြချက်အရ Microsoft Office 2007 ခိုးကူး ခွေတွေအားဖြင့် မက္ကစီကို မှာရှိတဲ့ မူးယစ်ဂိုဏ်း La Familia Michoacana က ဝင်ငွေတွေ ရရှိနေတယ် ဆိုတာ ပါ။ သူတို့ရဲ့ မှန်းဆ ချက်အရ အစစ်သဖွယ် ဖန်တီးထားတဲ့ La Familia Michoacana ရဲ့ ခိုးကူး ခွေ တွေ ကြောင့် အဲဒီ ဂိုဏ်းဟာ တစ်နှစ်မှာ သန်းပေါင်း ၈၀၀ အမြတ် ရရှိနေပြီး အဲဒီ ပိုက်ဆံတွေနဲ့ ပြန်ပေးဆွဲမှု၊ လက်နက် တရားမဝင် ကူးသန်းရောင်းဝယ်မှု တွေကို ပြုလုပ်နေတယ် လို့ သိရပါတယ်။ Continue reading
Microsoft က Google ရဲ့ search result တွေကို ခိုးသုံး နေပြီလား
ဖြစ်ပုံက ဒီလိုပါ။ Google ရဲ့ search နဲ့ပတ်သက်တဲ့ အဖွဲ့ က သူတို့ ရဲ့ search result တွေမှာ စာလုံး ပေါင်း မှားနေတာ တချို့ ကို တွေ့ရှိတာကြောင့် ပြုပြင်မှုတွေ ပြုလုပ်ပြီး သူ့တို့ရဲ့ လုပ်ဆောင်ချက် ကို ပြန်လည် သုံးသပ် နေ ချိန်မှာ မထင်မှတ်ပဲ Microsoft ရဲ့ Bing search engine ရဲ့ result တွေက လည်း ဘာမှ အသိပေးခြင်းမရှိပဲ Google က ပြင်ထားတဲ့ စာလုံးပေါင်းတွေ အတိုင်း ပြောင်းလဲ သွားတာ ကို တွေ့ရှိခဲ့ ရပါတယ်။
ဒါနဲ့ Google က လည်း ထပ်မံ သေချာစေဖို့ honeypot လို့ သူတို့ အမည်ပေးထားတဲ့ operation တစ်ခု ကို လုပ်ဆောင် ခဲ့ပြီး အဲဒီ operation က လုံးဝ လူမသုံးနိုင်တဲ့ keyword တွေဖြစ်တဲ့ “hiybbprqag” နဲ့ “ndoswiftjobinproduction” လို စာသားမျိုးကို web page တစ်ခုခု နဲ့ ယာယီ manual ချိတ်ဆက် ထားခဲ့ပြီး စစ်ဆေးခဲ့ရာမှာ Bing မှာ ချက်ချင်း မပြ ပေမဲ့ နောက် ၂ ပတ်ကြာတဲ့ အခါမှာ သူတို့ သေသေချာချာ သတ်မှတ်ထားခဲ့တဲ့ search result က Bing မှာ Google က သတ်မှတ် ထားတဲ့ keyword အတိုင်း သွားပေါ် နေပါတယ်။ Continue reading
Boot လုပ်ရင် ပြသနာမရှိတော့တဲ့ jailbreak ထွက်ပါပြီ
Apple ရဲ့ ပစ္စည်းတွေ နဲ့အသုံးပြုဖို့ အခုနောက်ဆုံးထွက်ရှိထားတဲ့ iOS 4.2.1 အတွက် ထွက်ရှိထားတဲ့ လက်ရှိ jailbreak က ပြီးပြည့်စုံတဲ့ အဆင့်မဟုတ် သေးပဲ ၊ ဘက်ထရီ ကုန်သွားလို့ပဲ ဖြစ်ဖြစ်၊ လိုအပ်တဲ့ အကြောင်းအရာ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် device ကို reboot ပြန်လုပ်ရမယ် ဆိုတဲ့ အချိန်မှာ safari လို app တွေနဲ့ တခြား ကိစ္စ တွေ ပုံမှန် အလုပ်လုပ်ဖို့ device ကို သက်ဆိုင်ရာ jailbreak ဆော့ဖ်ဝဲနဲ့ untethered ပြန်လုပ်ပေး ရပါတယ်။ Continue reading
အသစ်အဆန်း ဒီဇိုင်း Bubbles နဲ့ Nokia N8
Nokia က N8 မိုဘိုင်းဖုန်းတွေနဲ့ အသုံးပြုဖို့ Bubble ကို စမ်းသပ် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒါကတော့ ဖုန်းကို lock လုပ်ထားတဲ့ အချိန်မှာ screen မှာ အသုံးများတဲ့ လုပ်ဆောင်ချက်တွေက ပူစီဖောင်းလေး တွေလို ရွေ့လျားနေမှာ ဖြစ်ပြီး ဖုန်းကို unlock လုပ်စရာ မလိုပဲ အသုံးများတဲ့ လုပ်ဆောင် ချက်တွေကို အလွယ်တကူ လုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကို unlock လုပ်ချင်ရင် key ပုံစံကို lock ပေါ်ဆွဲတင်လိုက်ရုံနဲ့ ရနိုင်သလို missed call ဆိုရင်လည်း အဲဒီ missed call ပြထားတဲ့ ပူစီဖောင်းလေးကို ဖုန်း ပူစီဖောင်းလေး ပေါ်ကို ဆွဲတင် လိုက်ရုံပါ။ အတော်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Continue reading



