Posts Tagged ‘Android’

Web အခြေပြု Anroid market ကို စတင် လိုက်တဲ့ Google

တူလေး ရေးသားသည်။

Google က app တွေကို Android အသုံးပြုတဲ့ မိုဘိုင်းဖုန်း စတဲ့ device တွေက နေသာ ဝင်ပြီး ဝယ်ယူခွင့်၊ အခမဲ့ ဒေါင်းလုပ်လုပ်ပြီး အသုံးပြုခွင့် စတာတွေ ပေးထာတဲ့ Android Market ကို သာမန် ကွန်ပျူတာ ကနေ လည်း ဝင်ရောက် ရှာဖွေ၊ ခွင့် ရအောင် web အခြေပြု Android Market တစ်ခု အဖြစ် စတင် ပေး လိုက်ပြီ ဖြစ်ပါ တယ်။

Google က ဒီ web အခြေပြု Android Market ကို Motorolla Xoom tablet လို tablet တွေနဲ့ လိုက်ဖက် ညီညီ တွဲဖက် အသုံးပြု နိုင်မဲ့ Android 3.0 – Honeycomb ကို အများပြည်သူကို ချပြခဲ့တဲ့ နေ့မှာ ပဲ ဒီ web based Android market ကိုပါ တပါတည်း ဖွင့်လှစ် ပေးခဲ့တာ ပါ။ ဒါကြောင့် အခုဆိုရင် Android ကိုမှ ကြိုက်တဲ့ ပရိသတ် တွေ အနေနဲ့လည်း Apple လိုပဲ app store တစ်ခုကို ကွန်ပျူတာ ကနေ ကြည့်ရှု နိုင်ပြီ ဖြစ်ပါတယ်။

Android အတွက် Winamp app

တူလေး ရေးသားသည်။

ကွန်ပျူတာကို ၂၀၀၀ ခုနှစ် ၀န်းကျင်လောက်က စတင် အသုံးပြုခဲ့ တယ် ဆိုရင် Winamp မီဒီယာ ပလေရာ ကို ကောင်းကောင်း သိမှာပါ။ အသံကောင်းကောင်း ထုတ်ပေးနိုင်သလို၊ ပေါ့ပေါ့ ပါးပါးလည်း ရှိတဲ့ software တစ်ခုပါ။ အခု အဲဒီ Winamp ပလေရာ ကို Android မိုဘိုင်းဖုန်း တွေ အတွက် ထုတ်လုပ် ပေး လိုက်ပါပြီ။

လောလော ဆယ်မှာ Android 2.1 မှာ အလုပ်လုပ် ပြီး၊ Android desktop widget အနေနဲ့လည်း အလုပ် လုပ် သလို Last.fm ကိုလည်း နားထောင်လို့ ရပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ Winamp 5.59 beta ကို အသုံးပြု နေတယ် ဆိုရင် ကိုယ့်ရဲ့ music library ကို USB ဒါမှမဟုတ် wifi နဲ့ sync လုပ်လို့ရပါသေးတယ်။

HTC ရဲ့ Desire mobile ဖုန်း အသစ် ၂ မျိုး

တူလေး ရေးသားသည်။

HTC က Desire – Android အခြေပြု ဖုန်း ၂ လုံး နဲ့ အတူ web based – Sense suite service ကို စတင် ထုတ်လုပ် လိုက် ပါတယ်။ ထုတ်လုပ်လိုက်တဲ့ mobile ၂ မျိုးကတော့ Desire HD နဲ့ Desire Z ပါ။ Sense service က ဖုန်း ပျောက် သွားတဲ့ အချိန်မှာ အသံ အကျယ် မြည်ခိုင်းပြီး ရှာတဲ့ ၀န်ဆောင်မှု၊ ဖုန်းရဲ့ နေရာကို မြေပုံ မှာ ရှာလို့ ရတဲ့ ၀န်ဆောင်မှု တွေကို ပေးသလို၊ အဝေးကနေ data တွေကို ဖျက်ပစ်တဲ့ ၀န်ဆောင်မှုနဲ့အတူ ဖုန်းအသစ်ကို ဖုန်း အဟောင်းထဲက data တွေ ကူးပြောင်းရာမှာလည်း အသုံးပြု နိုင်ပါတယ်။ အားလုံးက ကွန်ပျူတာရဲ့ web browser နဲ့ လုပ်ဆောင် ရမှာပါ။

Android မိုဘိုင်းဖုန်းတွေ အတွက် Firefox browser

တူလေး ရေးသားသည်။

Android အခြေပြု မိုဘိုင်းဖုန်း သုံးတဲ့ သူတွေ အတွက် ၀မ်းသာစရာ တစ်ခုပါ။ ကွန်ပျူတာတွေမှာ အင်တာနက် ကြည့်ရာမှာ လူတိုင်းလိုလို အသုံးပြုကြတဲ့ Firefox application က အခု Android ဖုန်းတွေအတွက် app အနေ နဲ့ ရရှိနိုင်တော့မှာပါ။ အခု အချိန်မှာ စမ်းသပ်ဆဲ အချိန်ဖြစ်တာကြောင့် အခက်အခဲ အနည်းငယ် ရှိတာကလွဲလို့ သုံးလို့ ကောင်းတဲ့ app တစ်ခုပါ။ desktop version မှာလိုပဲ tab တွေ၊ bookmark menu တွေ၊ setting တွေ၊ addon တွေ ပါဝင်ပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။