Posts Tagged ‘app’

သန်းပေါင်း တစ်သောင်း ပြည့်သွားပြီ ဖြစ်တဲ့ Apple ရဲ့ app download

တူလေး ရေးသားသည်။

Apple က သူ့ရဲ့ iPod Touch / iPhone / iPad တို့နဲ့ အသုံးပြုဖို့ app store ကို တည်ထောင် ခဲ့တဲ့ ၃ နှစ် ပြည့်ခါနီး အချိန်မှာ App store အနေနဲ့ app ပေါင်း သန်းတစ်သောင်း ဒေါင်းလုပ် လုပ်ခံရ ပြီး မှတ်တိုင်သစ် တစ်ခု ကို စတင် နိုင်လိုက် ခဲ့ပြီ ဖြစ်ပါတယ်။ Apple က ကတိ ပေးထားတဲ့ အတိုင်း သန်း တစ်သောင်းမြောက် app ကို download လုပ်တဲ့ သူကို ဒေါ်လာ တစ်သောင်းတန် Apple Gift Card ကို ချီးမြင့် ပေးခဲ့ပြီး ရရှိသွားခဲ့တဲ့ သူက တော့ အင်္ဂလန် နိုင်ငံမှ Gail Davis ဖြစ်ပါတယ်။

iPhon App: စိတ်ကြိုက်ကားကို ဖန်တီးခွင့်ပေးမဲ့ Rolls-Royce Ghost App

တူလေး ရေးသားသည်။

iPhone ဒါမှမဟုတ် iPod Touch အသုံး ပြု တဲ့ ကားဝါသနာ အိုးတွေ အကြိုက်တွေမဲ့ app ပါ။ ဒီ app က ကား ကုမ္ပဏီ Roll Royce က ထုတ်လုပ် ထားတာဖြစ်ပြီး စိတ်ကြိုက် Rolls Royce တစ်စီး ဖန်တီးဖို့ အခွင့်အရေး ပေးမှာပါ။ အရောင် ၁၂ ရောင်ထဲက စိတ်ကြိုက် အရောင် ကို ရွေးခြယ် နိုင်တယ်၊ ဘီးတွေကို စိတ်ကြိုက် ဒီဇိုင်း တပ်ဆင် နိုင်တဲ့ အပြင် အတွင်းခန်း ကိုလည်း ကြိုက်နှစ် သက်ရာ အသားနဲ့ တဆာဆင် နိုင်ပါ သေးတယ်။ ဒီ app က ကားဝယ်ယူ နိုင်တဲ့ dealer တွေကို ညွန်ပြ ပေးနိုင်တဲ့ အပြင် ကိုယ်စိတ်ကြိုက် ဖန်တီးထားတဲ့ ကားတွေကို သိမ်းထားဖို့ ဂိုဒေါင် ကိုလည်း ထည့်သွင်း ပေးထားပါတယ်။

အရောင်တွေ ရွေးခြယ် ဖို့ palette app

တူလေး ရေးသားသည်။

ဒီဇိုင်နာတွေ၊ ၀ဘ်ဒီဇိုင်နာတွေ၊ အိမ်အတွင်းပိုင်း ပြင်ဆင်တဲ့သူတွေ၊ ဖက်ရှင် ဒီဇိုင်နာ တွေ၊ စတဲ့ အရောင် နဲ့ နေ့စဉ် အလုပ်လုပ် နေရတဲ့ သူတွေအတွက် အရောင်တွေကို စိတ်တိုင်းကျ ရွေးခြယ်ပြီး လိုက်ဖက် မဲ့ အရောင်တွေကိုပါ တပါ တည်း ဖော်ပြပေးမဲ့ app ပါ။  ၀ဘ်ဆိုဒ် ၊ ဓာတ်ပုံ နဲ့ ကင်မရာ မှတဆင့် ကြိုက်တဲ့ အရောင် တစ်ရောင်ကို ထောက်ပြီး ရွေးခြယ်ကာ လိုက်ဖက်မဲ့ အရောင်တွေကို စိတ်တိုင်းကျ ချိန်ညှိပေးနိုင်ပါတယ်။  ဒါကြောင့် သွားရင်းလာရင်းနဲ့လည်း စိတ်ကူး တည့်တဲ့ အချိန်မှာ လှပတဲ့ အရောင်တွေကို စပ်ထားနိုင်တော့ မှာပါ။  အခမဲ့ ရရှိနိုင်ပြီး OS 3.0 လိုအပ် ပါတယ်။Read more..

နောက်ဆုံး ရ သတင်းတွေအတွက် Time Mobile

တူလေး ရေးသားသည်။

နာမည်ကြီး Time magazine က ထုတ်လုပ်ထားတဲ့ app ပါ။ နောက်ဆုံး သတင်းတွေကို သိရှိနိုင်ပြီး ကျန်းမာရေး၊ နည်းပညာ၊ ခရီးသွား စတဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

တစ်နေရာထဲမှာ အားလုံးနဲ့ ဆုံတွေ့နိုင်တဲ့ ebuddy

တူလေး ရေးသားသည်။

Social site တွေနဲ့ Instant Messaging တွေ အသုံးများတဲ့ သူတွေအတွက် online friend တွေကို တစ်နေရာထဲမှာ စုစုစည်းစည်းမြင်ရပြီး chat လုပ်နိုင်တဲ့ app ပါ။ MSN, Yahoo, AIM, ICQ, Gtalk နဲ့ facebook အားလုံးကို ချိတ်ဆက်ပေး ထား ပြီး တနေရာထဲမှာ chat လုပ်နိုင်ပါတယ်။ ပုံတွေ

မေးခွန်းတွေနဲ့ အဖြေတွေ အတွက် aardvark

တူလေး ရေးသားသည်။

အသုံးပြုကြည့်ရင် အမှန်တကယ် ကြိုက်နှစ်သက်သွားမဲ့ app တစ်ခုပါ။ Vark.com ရဲ့ အခမဲ့ app တစ်ခုဖြစ်ပြီး အသုံးပြုရလည်း အင်မတန် ပေါ့ပါးလှပါတယ်။ ကိုယ်မေးချင်တဲ့ မေးခွန်း တစ်ခုခု ရှိနေရင် app မှာ အဆင်သင့်ပါတဲ့ ask box ကနေ ရိုက် ပို့လိုက်ယုံနဲ့ ၅ မိနစ် လောက် အတွင်းမှာ အံသြဖို့ကောင်းလောက်အောင် အဖြေတွေ မြန်မြန်ဆန်ဆန် ပြန်လည် ရရှိလာမှာ ဖြစ်ပါတယ်။

တွေးသမျှ မှတ်တမ်းတင် ပေးနိုင်တဲ့ Evernote

တူလေး ရေးသားသည်။

မိမိရဲ့ စိတ်ကူးထဲမှာ ရှိသမျှတွေ၊ မှတ်ထားရမဲ့ မှတ်တမ်းတွေ စတာ အရာတွေ အားလုံးကို tag တွေ သတ်မှတ်ပြီး မှတ်တမ်းတင်နိုင်တဲ့ Evernote ကိုညွန်ပြပေးလိုက်ပါတယ်။ စာသားတွေကို မှတ်တမ်းတင်နိုင်သလို iPhone မှာ ပါဝင်တဲ့ ကင်မရာနဲ့ ဓာတ်ပုံတွေပါ မှတ်တမ်းတင်နိုင်ပြီး မှတ်စုနဲ့ တပါတည်း တွဲမှတ်ထားနိုင်တဲ့အပြင်၊ အသံဖမ်းပြီး တော့လည်း မှတ်သားထား နိုင်ပါတယ်။