Posts Tagged ‘apple’

အားလုံးရဲ့ ရင်ထဲမှာ ကျန်နေခဲ့မဲ့ Steve

တူလေး ရေးသားသည်။

လူတွေ နားထောင်တဲ့ music player ရဲ့ လောက ၊ လူတွေ အသုံးပြုတဲ့ တယ်လီဖုန်းရဲ့ လောက၊ လူတွေ အသုံးပြုတဲ့ ခရီးဆောင် ကွန်ပျူတာ တွေရဲ့ လောက ကို အားလုံး မြေလှန်ပြောင်းလဲပစ်ပြီး အသုံးပြုသူ နဲ့ တသားတည်းဖြစ်တဲ့ နည်းပညာ ပစ္စည်း တွေကို ထုတ်လုပ် ပေးခဲ့တဲ့ Apple ရဲ့ CEO ဟောင်း Steve Jobs ဟာ သူချစ်တဲ့ Apple ကုမ္ပဏီ၊ သူချစ်တဲ့ Apple ပစ္စည်းတွေ နဲ့ သူ့ကို ချစ်တဲ့ ကမ္ဘာလောကကြီးကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာ သွားခဲ့ ပါပြီ။

အသစ် အသစ် တွေအတွက် Apple ၊ Thunderbolt နဲ့ Lion OS

တူလေး ရေးသားသည်။

သတင်းတွေ ထွက်ခဲ့သလိုပဲ Apple က Intel နဲ့ ပူးပေါင်းပြီး Intel ရဲ့ Thunderbolt နည်းပညာကို သူတို့ရဲ့ အသစ် ထုတ် MacBook Pro မှာ ထည့်သွင်း အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Thunderbolt နည်းပညာက data တွေ ရွေ့ပြောင်း ဖို့အတွက် နည်းပညာအသစ် တစ်ခုဖြစ်ပြီး ၁ စက္ကန့်ကို 10 gigabits ရွေ့ပြောင်းနိုင်တာကြောင့် Blu-Ray ရုပ်ရှင် တစ်ကားကို စက္ကန့် ၃၀ အတွင်းမှာ အပြီး ကူးပြောင်းနိုင်မှာ ဖြစ်တာကြောင့် High Capacity Data တွေကို အမြဲ ရွေ့ပြောင်းနေရတဲ့ သူတွေ အတွက်တော့ သတင်းကောင်း တစ်ခု ဖြစ်မှာပါ။ လောလောဆယ် အချိန်အထိ နောက်ဆုံးထွက်ထားတဲ့ USB 3 က တစ်စက္ကန့်ကို အမြန်ဆုံး ဆိုတဲ့ အခြေအနေမှာ 5 gigabits ပဲ ရွေ့ပြောင်းနိုင်ပြီး စက်တိုင်း လိုလို မှာ လက်ရှိ အချိန်အထိ အသုံးပြု နေတဲ့ USB 2 ကတော့ စက္ကန့်ကို 480 megabits ပဲ ရွေ့ပြောင်း နိုင်တာပါ။

ရုပ်ရှင်တွေထဲမှာ လည်း နေရာယူ ခဲ့တဲ့ Apple

တူလေး ရေးသားသည်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်စု အတွင်းက ရုပ်ရှင် တွေကို ကြည့်မယ် ဆိုရင် Apple တံဆိပ်ကို Macs, iPhone, iPod စတဲ့ ပစ္စည်း တစ်ခုခု အနေနဲ့ တွေ့ခဲ့ဖူးမှာပါ။ Apple က ဒါကြောင့်လည်း BrandChannel က ချီးမြင့်တဲ့ “2010 Award for Overall Product Placement” ဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် တစ်နှစ်တည်းမှာပဲ US Box office မှာ no 1 ချိတ်ခဲ့တဲ့ ဇာတ်ကား ၃၃ ကားရဲ့ ၁၀ ကားမှာ Apple ပစ္စည်းတွေ ထည့်သွင်းရိုက်ကူး ခဲ့တာ တွေ့ခဲ့ရပြီး ၂၀၀၁ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အထိ US Box office မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ ဇာတ်ကားပေါင်း ၃၃၄ ကားရဲ့ သုံးပုံ ၁ ပုံမှာ Apple ရဲ့ ပစ္စည်းတွေကို တွေ့မြင်နိုင်ခဲ့ပါတယ်။

Apple ရဲ့ မြန်နှုန်းမြင့် ကွန်နက်ရှင် နည်းပညာ သစ်

တူလေး ရေးသားသည်။

ထူးခြား သတင်း တစ်ရပ် အနေနဲ့ Apple က မြန်နှုန်းမြင့် ကွန်နက်ရှင် နည်းပညာ သစ် တစ်ခု စတင်မယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ တကယ်လို့သာ အမှန် ဖြစ်ခဲ့မယ် ဆိုရင် MacBook Pro ကို update လုပ်တဲ့ ပွဲမှာ တပါတည်း ချပြသွား ဖို့ရှိပါတယ်။ တကယ်တော့ ဒီ နည်းပညာကို Intel က Light Peak လို့ နာမည်ပေးပြီး စမ်းသပ် လာတာ နှစ်အတော်ကြာခဲ့ ပါပြီ။ Intel ရဲ့ ဒီ နည်းပညာသစ်ကို မိတ်ဆက်တဲ့ ၂၀၀၉ ခုနှစ်က ပွဲမှာ Apple ရဲ့ Mac OS X ကို ပဲ အသုံးပြု ပြီး ရှင်းလင်း ပြသွားခဲ့တာ ပါ။

Boot လုပ်ရင် ပြသနာမရှိတော့တဲ့ jailbreak ထွက်ပါပြီ

တူလေး ရေးသားသည်။

Apple ရဲ့ ပစ္စည်းတွေ နဲ့အသုံးပြုဖို့ အခုနောက်ဆုံးထွက်ရှိထားတဲ့ iOS 4.2.1 အတွက် ထွက်ရှိထားတဲ့ လက်ရှိ jailbreak က ပြီးပြည့်စုံတဲ့ အဆင့်မဟုတ် သေးပဲ ၊ ဘက်ထရီ ကုန်သွားလို့ပဲ ဖြစ်ဖြစ်၊ လိုအပ်တဲ့ အကြောင်းအရာ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် device ကို reboot ပြန်လုပ်ရမယ် ဆိုတဲ့ အချိန်မှာ safari လို app တွေနဲ့ တခြား ကိစ္စ တွေ ပုံမှန် အလုပ်လုပ်ဖို့ device ကို သက်ဆိုင်ရာ jailbreak ဆော့ဖ်ဝဲနဲ့ untethered ပြန်လုပ်ပေး ရပါတယ်။

သန်းပေါင်း တစ်သောင်း ပြည့်သွားပြီ ဖြစ်တဲ့ Apple ရဲ့ app download

တူလေး ရေးသားသည်။

Apple က သူ့ရဲ့ iPod Touch / iPhone / iPad တို့နဲ့ အသုံးပြုဖို့ app store ကို တည်ထောင် ခဲ့တဲ့ ၃ နှစ် ပြည့်ခါနီး အချိန်မှာ App store အနေနဲ့ app ပေါင်း သန်းတစ်သောင်း ဒေါင်းလုပ် လုပ်ခံရ ပြီး မှတ်တိုင်သစ် တစ်ခု ကို စတင် နိုင်လိုက် ခဲ့ပြီ ဖြစ်ပါတယ်။ Apple က ကတိ ပေးထားတဲ့ အတိုင်း သန်း တစ်သောင်းမြောက် app ကို download လုပ်တဲ့ သူကို ဒေါ်လာ တစ်သောင်းတန် Apple Gift Card ကို ချီးမြင့် ပေးခဲ့ပြီး ရရှိသွားခဲ့တဲ့ သူက တော့ အင်္ဂလန် နိုင်ငံမှ Gail Davis ဖြစ်ပါတယ်။

၂၀၁၁ နှစ်သစ်မှာ alarm ပြသနာ တက်ခဲ့တဲ့ iPhone

တူလေး ရေးသားသည်။

နှစ်သစ်ကူး ပျော်ပွဲ ရွှင်ပွဲတွေနဲ့ အပျော်လွန်ပြီး နှစ်သစ်မှာ iPhone နဲ့ alarm ပေးပြီး အိပ်နေမိ တဲ့ သူတွေ တော့ alarm မမြည်ပဲ အိပ်မောကျ ခဲ့ရတဲ့ ပြသနာ တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ daylight saving နဲ့သက်ဆိုင်တဲ့ bug တစ်ခု ကြောင့် ဖြစ်တယ်လို့ သိရပြီး ဇန်နဝါရီ ၁ ရက် နဲ့ ၂ ရက် နေ့တွေ မှာ ပြသနာတွေ ဖြစ်ပေါ်လာ ခဲ့တာပါ။ ဒါကို တစ်ချို့ သူတွေက Apple ကို အသိ ပေး ခဲ့တဲ့ အချိန်မှာ Apple က လောလော ဆယ်မှာ ရက်တိုင်း၊ အပတ်တိုင်း စသဖြင့် သတ်မှတ်လို့ ရတဲ့ recurring alarm ကို ထားထားဖို့ ပြန်လည် ဖြေကြားခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ အားလုံး ပုံမှန် အတိုင်းဖြစ်သွား မယ်လို့ ပြောကြားခဲ့ပါတယ်။

Apple က iPod အသစ်တွေ ထပ်ထုတ်လိုက်ပြန်ပါပြီ။

တူလေး ရေးသားသည်။

Apple က စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ Special Event မှာ iPod အသစ် တွေနဲ့ iTunes 10, iOS 4.1, Apple TV အသစ် တွေကို ချပြခဲ့ပါတယ်။

iPod အသစ်တွေ ထဲမှာတော့ shuffles, nanos တွေနဲ့ အတော်ကို powerful ဖြစ်တဲ့ iPod Touch တို့ပါပါတယ်။ iTune 10 ထဲမှာတော့ “Ping” လို့နာမည် ပေးထားတဲ့ Social network ပါဝင်လာမယ်လို့ သိရပါတယ်။

Apple ရဲ့ ၂၇ လက်မ monitor အသစ်

တူလေး ရေးသားသည်။

Apple က လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ ၂၄ လက်မ နဲ့ ၃၀ လက်မ cinema display monitor တွေ ထုတ်လုပ် တာကို ရပ်ပြီး ပိုမိုကောင်း မွန်တဲ့ ၂၇ လက်မ monitor တွေကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ဒီ monitor အသစ် က 1080p ရရှိမှာ ဖြစ်ပြီး resolution 2560 x 1440 ပြသပေး နိုင်မှာပါ။ အရင် ထုတ်လုပ်ထားတဲ့ monitor တွေရဲ့ pixel အရေ အတွက်ထက် ၆၀ ရာခိုင်နှုန်း ပိုမို ပါဝင်မှာ ဖြစ်တာကြောင့် ပုံထွက် အရည်အသွေး ကတော့ ပြောစရာ မလိုအောင် ကောင်းလိမ့်မယ် လို့ ယူဆ ရပါတယ်။ screen ratio ကိုတော့ 16:9 ထားထား တာကြောင့် wide screen movie တွေ အတွက်လည်း အဆင်ပြေ ပါလိမ့်မယ်။

အံ့အား သင့်စရာ လုပ်ဆောင်ချက် တွေနဲ့ ထွက်ပေါ်လာတဲ့ iPhone 4

တူလေး ရေးသားသည်။

အားလုံး မျှော်လင့်ထားတဲ့ အတိုင်း Apple က ကျင်းပခဲ့တဲ့ Worldwide Developer Conference မှာ iPhone အသစ် iPhone 4 ကို ချပြခဲ့ပါတယ်။ ဒီ iPhone က Apple နောက်ဆုံး ထုတ်လုပ်ထားတဲ့ iPhone 3GS ထက် ၂၅ ရာခိုင်နှုန်း ပါးလွှာပြီး လက်ရှိ အချိန် ဈေးကွက်ထဲမှာ ရှိသမျှ smart phone တွေထဲမှာ အပါးလွှာဆုံး smart phone အနေနဲ့ ရှိနေမှာပါ။ ကိုယ်ထည်ကို အလူမီနီယံ နဲ့ ပြုလုပ်ထားပြီး အရှေ့ပိုင်းကို မှန်သား သီးသန့်နဲ့ တန်ဆာဆင်ထား သလို အရောင် အနေနဲ့ အဖြူ နဲ့ အနက် ၂ ရောင် ရ ရှိနိုင်မှာ ဖြစ်ပါတယ်။