Posts Tagged ‘camcorder’
Panasonic ရဲ့ 3D camcorder အသစ်
Panasonic က 3D conversion lens ကို တပ်ဆင်ပြီး ၃ ဖက်မြင် ဗီဒီယိုတွေကို ရိုက်ကူး နိုင်သလို 3D conversion lens မတပ်ပဲ ပုံမှန် ၂ ဖက်မြင် ဗီဒီယို တွေကို ရိုက်ကူး နိုင်တဲ့ HDC-SDT750 camcorder အသစ် တစ်မျိုးကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ကနဦး အနေနဲ့တော့ သြဂုတ်လ ၂၀ ရက်နေ့မှာ ဂျပန် နိုင်ငံမှာ စတင် ရောင်း ချမှာ ဖြစ်ပါတယ်။
၃ဖက်မြင် တွေ ခေတ်စား လာတဲ့ အခု အချိန်မှာ တီဗီ တွေလည်း သုံးဖက်မြင် တီဗီတွေ ထုတ်လုပ်နေသလို၊ ရုပ်ရှင် ထုတ်လုပ် သူ တွေဖက် မှာ လည်း သုံးဖက်မြင် ရုပ်လုံးကွ ရုပ်ရှင်တွေ ထုတ်လုပ် နေကြတာကြောင့် Panasonic က camcorder လောက ကို လက်ဦးမှု ရယူလိုက်တဲ့ သဘော ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို အပေါ့စား အိမ်သုံး camcorder လောကမှာ သုံးဖက်မြင် ကို ရိုက်ကူး နိုင်တဲ့ အရည်အသွေးမြင့် camcorder တစ်လုံး ထွက်ပေါ်လာ တာ ကိုတော့ ကြိုဆို ရမှာပါ။
Memorex ရဲ့ အိတ်ဆောင် HD Camcorder
Memorex ရဲ့ အိတ်ဆောင် HD Camcorder ဖြစ်ပြီး MyVideo လို့ နာမည်ပေးထားပါတယ်။ one touch recording လုပ်ဆောင်ချက်ပါဝင်ပြီး video editing software လည်း ပါဝင်တာကြောင့် ဗီဒီယိုရိုက်နိုင်တဲ့အပြင် ပြုပြင်မှု အနည်း ငယ် လုပ်ဆောင်နိုင်ပြီး အင်တာနက် မှာရှိတဲ့ facebook, YouTube နဲ့ blog တို့ကို တန်းပြီး ပို့နိုင်ပါတယ်။



