Posts Tagged ‘camera’

မျှော်လင့်ချက်တွေနဲ့ ၂၀၁၂

တူလေး ရေးသားသည်။

အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြောင်းလဲ တိုးတက်လို့ လာနေတဲ့ နည်းပညာဟာ ၂၀၁၂ မှာ ရှေးယခင်ထက် ပိုမို မြန်ဆန်စွာ တိုးတက်လို့ လာမယ်ဆိုတာ မှန်းဆ လို့ရတဲ့ ကိစ္စ တစ်ခုပါ။ မြန်ဆန်စွာ တိုးတက်ခြင်း နဲ့ အတူ ဆန်းပြားတဲ့ တီထွင်မှု တွေလည်း ပါဝင်လာမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းမှု တချို့ကို ရေးသားလိုက်ရပါတယ်။

Lumix ကင်မရာဖုန်း

တူလေး ရေးသားသည်။

ဟုတ်ပါတယ်။ Lumix ဆိုတဲ့ နာမည်ကတော့ Panasonic ကုမ္ပဏီက ထုတ်လုပ်တဲ့ ကင်မရာတွေ နဲ့ ပူးတွဲ အသုံးပြု ထားတဲ့ နာမည် ပါ။ ဒါပေမဲ့ အခု Lumix ဆိုတဲ့ နာမည် နဲ့ မိုဘိုင်းဖုန်းကိုပါ ထုတ်လုပ် တော့မှာဖြစ်ပါတယ်။ ရိုးရိုးဖုန်း ဆိုတာထက် ကင်မရာဖုန်း လို့ ပြောရင် ပိုမှန်မယ်လို့ ထင်ပါတယ်။ ကင်မရာ ကောင်းကောင်း ပါတဲ့ ဖုန်းကို မှ လိုချင်တယ် ဆိုတဲ့ သူတွေ အကြိုက်တွေ့မဲ့ ဖုန်းမျိုးပါ။

ဒီ ကင်မရာဖုန်းမှာ 13.2 megapixel CMOS sensor ကို အသုံးပြု ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃ ဒသမ ၃ လက်မ LCD screen ပါဝင်မှာ ဖြစ်ပြီး အလေးချိန်က ၁၄၆ ဂရမ် အလေး ရှိမှာပါ။ ထူးခြားတဲ့ ထူးခြားချက် ကတော့ ဒီ ကင်မရာ ဖုန်းမှာ ရိုးရိုးဖုန်းလို မဟုတ်ပဲ ကင်မရာ အပို ပစ္စည်း တွေ ထပ်မံ တပ်ဆင် နိုင်ဖို့ expansion slot တွေ ပါဝင်မှာပါ။

အကောင်းဆုံး zoom တွေနဲ့ Samsung ကင်မရာ အသစ်

တူလေး ရေးသားသည်။

Samsung က ၃၀ မီလီမီတာ သာ ရှိတဲ့ ကင်မရာ ကိုယ်ထည်ထဲမှာ အကောင်းဆုံး 15x optical zoom တွေ ပါဝင်တဲ့ WB 650 နဲ့ WB 600 point and shoot ဒီဂျစ်တယ် ကင်မရာ ၂ မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ မြင့်မားလှတဲ့ optical zoom နဲ့ အတူ wide angle အတွက် ၂၄ မီလီမီတာမှ စတင်ပါရှိပြီး အသုံးပြုထားတာကတော့ Schneider KREUZNACH lenses ပါ။ ကြည်လင်တဲ့ ဓာတ်ပုံတွေ အတွက်တော့ Dual Image Stabilisation (IS) ကို အသုံးပြုထားပါတယ်။

Memorex ရဲ့ အိတ်ဆောင် HD Camcorder

တူလေး ရေးသားသည်။

Memorex ရဲ့ အိတ်ဆောင် HD Camcorder ဖြစ်ပြီး MyVideo လို့ နာမည်ပေးထားပါတယ်။ one touch recording လုပ်ဆောင်ချက်ပါဝင်ပြီး video editing software လည်း ပါဝင်တာကြောင့် ဗီဒီယိုရိုက်နိုင်တဲ့အပြင် ပြုပြင်မှု အနည်း ငယ် လုပ်ဆောင်နိုင်ပြီး အင်တာနက် မှာရှိတဲ့ facebook, YouTube နဲ့ blog တို့ကို တန်းပြီး ပို့နိုင်ပါတယ်။

သုံးဖက်မြင်သို့ ဦးတည်လိုက်တဲ့ Fujifilm ကင်မရာ

တူလေး ရေးသားသည်။

Fujifilm က 3D camera နဲ့ photo frame တို့ကို ထုတ်လုပ်ပြီး သုံးဖက်မြင်လောက ကို ဦးဆောင်လိုက်ပါပြီ။ FinePix Real 3D လို့ နာမည်ပေးထားတဲ့ ဒီ သုံးဖက်မြင် ကင်မရာကို ဒေါ်လာ ၆၀၀ လို့ သတ်မှတ်ထားပါတယ်။ ၁၀ မီဂါ pixel အမျိုး အစားဖြစ်ပြီး lens ၂ ခုကို အသုံးပြုထားတဲ့အတွက် သုံးဖက်မြင် ဓာတ်ပုံ တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Pentax ရဲ့ Digital SLR, K-x

တူလေး ရေးသားသည်။

K-x လို့ နာမည်ပေးထားတဲ့ Pentax ရဲ့ Digital SLR camera ပါ။ ကင်မရာနဲ့အတူ lens kit ပါဝင်မှာဖြစ်ပြီး ဒေါ်လာ ၆၅၀ လို့ သတ်မှတ်ထားတဲ့ ဒီ ကင်မရာဟာ ပရို ကင်မရာထဲမှာတော့ ဈေးသက်သာလှပါတယ်။ စာရေးသူ သတိထားမိသလောက် တော့ ဒီလို ဈေးနဲ့ ဈေးကွက်တင်ခဲ့တဲ့ ပရိုကင်မရာဆိုလို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရေပန်းစားခဲ့တဲ့ Nikon D40 တစ်မျိုးပဲ ရှိခဲ့ ဖူးပါတယ်။

Professional feature တွေပါဝင်တဲ့ တန်ဖိုးနည်း Kodak ကင်မရာ

တူလေး ရေးသားသည်။

၁၀ မီဂါ pixel နဲ့ ဖွဲ့စည်းထားတဲ့ Kodak EasyShare Z915 ပါ။ 10x Optical zoom နဲ့ တန်ဖိုး ဒေါ်လာ ၂၀၀ ဆိုတဲ့ အချက် ၂ ချက်က မြင်မြင်ချင်း မျက်စိကျ စရာ အချက် ၂ ချက်ပါ။ ဓာတ်ပုံ ပညာကို လေ့လာ လိုပြီး တန်ဖိုး မြင့်မားလှတဲ့ SLR ကင်မရာတွေကို မရင်းနှီး ချင်သေးတဲ့ ဓာတ်ပုံ ၀ါသနာ အိုးတွေ အတွက်တော့ professional feature တွေ တော်တော်များများ ပါဝင်တဲ့ တန်ဖိုး နည်း ကင်မရာ တစ်ခု ဖြစ်ပါတယ်။