Posts Tagged ‘dell’

Warranty ထပ်တိုးခွင့် ပြုထားတဲ့ Dell

တူလေး ရေးသားသည်။

ပြည်တွင်းရှိ Dell ပစ္စည်း အသုံးပြုသူတွေ အတွက် သတင်းကောင်းပါ။ ဝယ်ယူထားတဲ့ Dell product ရဲ့ warranty မကုန်ဆုံးခင်မှာ အချိန်မှီ သွားရောက်သက်တမ်းတိုးမယ်ဆိုရင် နောက်ထပ် warranty တစ်နှစ် ခံစားခွင့် ရမှာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းသွားရောက်တိုးဖို့အတွက် နဂိုကတည်းက official warranty ရှိတဲ့ ပစ္စည်း ဖြစ်ရပါမယ်။ နောက် product ကိုဝယ်ယူစဉ်က ပါတဲ့ warranty သက်တမ်း မကုန်ဆုံးသေးမှီ ဖြစ်ရပါမယ်။ user fault (ပြုတ်ကျ ထားတဲ့ ဒဏ်ရာ ၊ ရေ/ကော်ဖီ အစရှိတာတွေ ဖိတ်ထားတဲ့ လက္ခဏာတွေ) ရှိရင် အကြုံးမဝင်ပါဘူး။ Extend လုပ်ပေးမဲ့ warranty ထဲမှာ ဘက်ထရီကိုတော့ မထည့်သွင်းဘူး လို့ သိရပါတယ်။

နည်းပညာ အဆန်းအပြားတွေနဲ့ ဖွဲ့စည်းထားတဲ့ Dell Adamo XPS

တူလေး ရေးသားသည်။

Mac book က ပါးလွှာလို့ သဘောကျတယ်ဆိုရင် Mac book အထူရဲ့ တ၀က် သာ ရှိတဲ့ Dell ရဲ့ ဒီ laptop ကို သဘောကျ နှစ်သက်မှာ အမှန်ပါ။ လက်ပ်တော့ပ် ကိုဖွင့်ဖို့ အဖုံးမှာ ရှိတဲ့ sensor ပေါ်မှာ လက်ချောင်းကို အသာအယာ ပွတ်ဆွဲလိုက်ယုံနဲ့ ပွင့်လာမှာ ဖြစ်ပြီး သာမန်ထက် မြင့်တဲ့ နေရာမှာ ထားထားတဲ့ screen နဲ့ အသုံးပြုရ လွယ်ကူ အောင် မော့်ထားပေးတဲ့ keyboard တို့က ထူးခြားချက်တွေပါ။ ဒေါ်လာ ၂၀၀၀ ၀န်းကျင်မှာ ရှိပြီး CEO laptop တွေလို့ သတ်မှတ်ထားတဲ့ show off အမျိုးအစားထဲ မှာ ပါဝင်ပါတယ်။ အတော်ကို ပါးလွှာပြီး ပေါ့ပေါ့ပါးပါး ရှိတာတော့ အမှန်ပါ။

ကမ္ဘာ့အပါးလွှာဆုံး Dell Laptop

တူလေး ရေးသားသည်။

Dell Latitude Z လို့ နာမည်ပေးထားတဲ့ ဒီ လက်ပ်တော့ ကတော့ ကမ္ဘာ့အပါးလွှာဆုံး လက်ပ်တော့ စာရင်းဝင်သွားခဲ့ပါပြီ။ လုပ်ငန်းသုံး လက်ပ်တော့ အမျိုးအစားဖြစ်ပြီး screen size ၁၆ လက်မ ရှိပြီး တောက်ပ လန်းဆန်းတဲ့ ဒီဇိုင်းနဲ့ အရောင် အသွေး ရှိပါတယ်။ processor အနေနဲ့တော့ Intel Core 2 Duo SU9600 1.6 GHz ကို သုံးထားပြီး မီမိုရီ အနေနဲ့တော့ DDR3 4 GB ပါ။