Posts Tagged ‘desktop’

Desktop ကွန်ပျူတာ သုံးချင်သူတွေ အတွက် Gigabyte Desktop

တူလေး ရေးသားသည်။

Gigabyte က တရားဝင် branded PC အနေနဲ့ ရောင်းချတာမျိုး မဟုတ်ပေမဲ့ Gigabyte ပစ္စည်းတွေကို သီးသန့် အသုံးပြုပြီး ဆင်ထားတဲ့ အဆင့်မြင့် Clone PC ပါ။ Technoland ကွန်ပျူတာဆိုင်က ရောင်းချနေတာ ဖြစ်ပြီး လောလောဆယ် အမျိုးအစား ၃ မျိုး ရရှိနိုင်ပြီး ဈေးနှုန်း အသီးသီး ကတော့ ၄၃၉ ၊ ၆၂၇ ၊ ၈၀၆ ဒေါ်လာပါ။ ဒေါ်လာ ၆၂၇ တန် Gigabyte PC မှာ Core i3 3.1 GHz processor, Gigabyte H61M S2B3 motherboard, 4 GB DDR 3 RAM, 500 GB Seagate Hard Drive စတာတွေကို Gigabyte GZ-F2 casing မှာတပ်ဆင်ထားပြီး Gigabyte keyboard နဲ့ mouse ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Desktop computer ၀ယ်တော့မယ်ဆိုရင်

တူလေး ရေးသားသည်။

Desktop ကတော့ နေရာ ကျယ်ကျယ် ပေးရတယ်၊ ဈေးနှုန်း သက်သာတယ်၊ power user တွေအတွက် အဆင်ပြေပြီး hardware ပစ္စည်းတွေ လိုအပ်ရင် အလွယ်တကူ တိုးချဲ့နိုင် စွမ်းရှိပါတယ်။ nettop တွေက အများအားဖြင့် လက်ဖ၀ါးပေါ် တင်ထားနိုင်လောက်တဲ့ အရွယ်လောက်ရှိတဲ့အတွက် လူတွေ စိတ်ဝင်စားကြတာအမှန်ဖြစ်ပေမဲ့ သတိပြုရမှာက သူ့ရဲ့ hardware ပစ္စည်းတွေက အများအားဖြင့် laptop ရဲ့ ပစ္စည်းတွေကို အသုံးပြုထားတာ ဖြစ်တာကြောင့် desktop လို စွမ်းဆောင်ရည် မကောင်းပဲ hardware ပစ္စည်းတိုးချဲ့ ဖို့လည်း အခက်အခဲ ရှိပါတယ်။ compact PC တွေက nettop လောက် မသေးပေမဲ့ သူသည်လည်း အကန့်အသတ် နဲ့သာ upgrade လုပ်နိုင်ပါတယ်။ တကယ်လို့ သာမန် အဆင့် နဲ့ အင်တာနက် လောက်သာ အသုံးပြုချင်တယ် ဆိုရင်တော့ ရွေးခြယ်သင့် သလို All in one ကွန်ပျူတာတွေ ကလည်း ခေတ်စားလာ ခဲ့ပါတယ်။ ယေဘုယျ အားဖြင့် ကြည့်ရင်တော့ monitor ခပ်ထူထူ တစ်လုံး လိုဖြစ်နေသလို သူ့ရဲ့ အားနည်းချက်ကလည်း monitor နဲ့ တွဲထား ရတဲ့ အတွက် ကွန်ပျူတာကို လဲရင် monitor ကိုပါ တပါတည်း လဲပစ်ရတာပါ။