Posts Tagged ‘email’
Personal email တွေကိုပဲ ပိုကြိုက်နှစ်သက်တဲ့ လူငယ်များ
နိုင်ငံတကာ စစ်တမ်း ကောက်ယူရေး အဖွဲ့အစည်း Mimecast ရဲ့ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းများ အရ အသက် ၂၅ နှစ်အောက် လူငယ်တွေဟာ သူတို့ရဲ့ လုပ်ငန်းနဲ့ ဆိုင်တဲ့ စာရွက်စာတမ်း တွေကို ပြင်ပ က personal အီးမေး တွေကို အသုံးပြုပြီး ပို့လွှတ်နေတယ် လို့ သိရပါတယ်။ ဒါဟာ လုပ်ငန်းနဲ့ ဆိုင်တဲ့ အရေးကြီး စာရွက် စာတမ်း တွေကို ကိုယ်ကိုယ်တိုင် ပြင်ပကို အသိပေးနေတာ နဲ့ တူပါတယ် လို့ နည်းပညာ လုံခြုံရေး ကျွမ်းကျင် သူများက သုံးသပ် ကြပါတယ်။ Mimecast ရဲ့ chief scientist က တော့ ဒါဟာ အခုခေတ်မှာ social network တွေ ခေတ်စားလာပြီး personal email တွေကို လုပ်ငန်းက email လို စိတ်ချ လက်ချ အသုံးပြု လာ နိုင်တဲ့ အချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် ပါတယ်။
Email ကို လုပ်ငန်း အတွက် အကျိုးရှိရှိ အသုံးပြုဖို့
အခု အချိန်မှာ email က နေ့စဉ်မပါမဖြစ်၊ မသုံးမဖြစ်တဲ့ အရာ တစ်ခု ဖြစ်လာ ပါပြီ။ အီးမေးကို သူငယ်ချင်း အချင်းချင်း ဆက်သွယ်ဖို့ သုံးသလို စီးပွားရေးအတွက်လည်း မပါမဖြစ် သုံးရပြန်ပါတယ်။ အဲဒီလို အီးမေး ကို စီးပွားရေး အတွက် အတွက် လုပ်ငန်းရှင် အချင်းအချင်း ဆက်သွယ်ဖို့ သုံးတဲ့ အခါမှာ လိုက်နာသင့်တဲ့ အချက်လေး တွေကို လက်လှမ်း မှီသလောက် စုစည်းပေး လိုက်ပါတယ်။
သတိပေးစာ ပို့ပေးဖို့ Follow Up Then
သူငယ်ချင်းကိုပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ကိုပဲ ဖြစ်ဖြစ်၊ အီးမေး တစ်စောင်ပို့ပြီး နောက်ထပ် အသိပေးစာ follow up မလုပ် နိုင်တာကြောင့် ကိစ္စတွေ မပြီးမြောက် နိုင်တဲ့ ပြသနာ နဲ့ မကြာခဏ ကြုံရတတ်တယ် ဆိုရင် နောက်တစ်ကြိမ် @followupthen.com အီးမေးလိပ်စာကို တွဲပို့ ပေးနိုင်ပါတယ်။
နောက်ထပ် ၁ နာရီကြာရင် ကိုယ့်ကို ပို့ထားတဲ့ အီးမေး နဲ့ ပတ်သက်ပြီး reminder ပို့ပေး စေချင်ရင် CC မှာ 1hour@followupthen.com ကို ထည့်ပြီး ပို့လိုက်ယုံနဲ့ ၁ နာရီ ကြာတဲ့ အခါမှာ ကိုယ့်ကို အီးမေး နဲ့ follow up လုပ်ဖို့ အတွက် reminder လာမှာ ဖြစ်ပါတယ်။



