Posts Tagged ‘facebook’

ဒေါ်လာ ၅ သိန်းနဲ့ တရားစွဲ ခံရတဲ့ Facebook

တူလေး ရေးသားသည်။

နယူးယောက်မြို့မှာနေထိုင်တဲ့ Mustafa Fteja ဆိုသူ ဟာ သူ့ရဲ့ Facebook account ပိတ်ခံရတဲ့ ပြသနာ နဲ့ ပတ်သက်ပြီး Facebook ကို တရားစွဲဆိုတာကြောင့် အခု နယူးယောက် တရားရုံး က ဒေါ်လာ ၅ သိန်း နဲ့ အမှုဖွင့် ထားတယ် လို့ သိရပါတယ်။ တရားစွဲဆိုသူ ရဲ့ ပြောဆိုချက် အရတော့ သူ့ရဲ့ အကောင့် ကို facebook က ဘာ အကြောင်းပြချက်မှ မပေးပဲ Account Disabled ဆိုတဲ့ message သာ ပေး ခဲ့တာကြောင့် အလွန် ဒေါသ ထွက်နေပြီး ဒါဟာ သူ့ကို လူမျိုးရေး ခွဲခြားမှု နဲ့ ဆက်စပ်ပြီး ဒီလို ရွေးခြယ် ပိတ်ပစ်တာ ဖြစ်တယ်လို့ ခံယူထားပါတယ်။

ထင်သလောက် မပေါက်တဲ့ Gmail

တူလေး ရေးသားသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ တကွ နိုင်ငံ အတော်များများ မှာ လူသုံးများ နေတဲ့ Gmail က ရေပန်းစား၊ လူသုံးများတဲ့ webmail တစ်ခု ဖြစ်ပေမဲ့ နောက်ဆုံး ကောက်ယူ ထားတဲ့ စစ်တမ်းတွေ အရ တခြားသော webmail တွေ နဲ့ နှိုင်းယှဉ် ရင် ရာခိုင်နှုန်း အနည်းငယ်ကို ပဲ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။

အမေရိကန် နိုင်ငံ အခြေပြု Internet Browsing Population ရဲ့ စစ်တမ်း ကောက်ယူမှု အရ Hotmail အသုံးပြုသူက Gmail အသုံးပြုသူထက် ၉၄ ရာခိုင်နှုန်း ပိုများပြီး Yahoo Mail အသုံးပြုသူက ၁၉၀ ရာခိုင်နှုန်း ပိုများ နေတာ ကို တွေ့ရပါတယ်။

Facebook နဲ့ ပူးပေါင်းလိုက်တဲ့ PS3

တူလေး ရေးသားသည်။

PlayStation 3 က firmware အသစ်ကို upgrade လုပ်ပေးလိုက်ပြီး အဲဒီ upgrade ကြောင့် နောက်ပိုင်းမှာ PlayStation3 အသုံးပြုသူ တွေ ဟာ သူတို့ရဲ့ game တွေကို Facebook ရဲ့ social network data တွေ နဲ့ ပေါင်းစည်း ပြီး ဆော့ကစား နိုင်တော့မှာ ပါ။ ဒါကြောင့် Rock Band မှာ စိတ်ကြိုက် playlist လုပ်လို ရသလို၊ NFL လို ဂိမ်းမျိုးမှာ facebook က သူငယ်ချင်းတွေ ရဲ့ ပုံစံ တွေနဲ့ ကစား နိုင်တော့မှာ ဖြစ်တဲ့ အပြင် Grand Theft Auto ရဲ့ billboard တွေ နဲ့ logo တွေမှာ facebook ရဲ့ “likes” တွေ နဲ့ တန်ဆာဆင် ကစား နိုင်တော့မှာ ဖြစ်ပါတယ်။

Dashboard အသစ်တွေ ထပ်ထည့် ဦးမဲ့ Facebook

တူလေး ရေးသားသည်။

Facebook က အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ရေး ကိုယ်ထာ အချက်အလက် တွေကို ပိုမို စိစိစစ်စစ် ထိန်းချုပ် နိုင်တဲ့ privacy dashboard အသစ်ကို ထပ်ထည့် မှာ ဖြစ်ပြီး သူငယ်ချင်း တွေ ရဲ့ ဓာတ်ပုံတွေ နဲ့ တခြား အခက် အလက် တွေကို zip ဖိုင်နဲ့ ဒေါင်းလုပ် လုပ်ယူ နိုင်ဖို့ ကိုလည်း စီစဉ် ပေးမယ် လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ ရက် အနည်းငယ်က Facebook ရဲ့ ရုံးချုပ်မှာ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ဖိတ်ကြား ခံထားတဲ့ သူတွေပဲ တက်ရောက်ရ တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ရှင်းလင်း ပြခဲ့တာ ဖြစ်ပါတယ်။

Facebook က ကိုယ့်စိတ်ကြိုက် ပြုပြင် နိုင်တဲ့ လူမှု ကွန်ယက် တစ်ခု ဖြစ်ဖို့ ဒီလို dashboard အသစ် တွေကို ထည့်သွင်းတာ ဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။ dashboard အသစ်၊ zip file နဲ့ ဒေါင်းလုပ် လုပ်ခွင့် အပြင် နောက်ထပ် အများ စိတ်ဝင်စားတဲ့ အချက်ကတော့ friend တွေကို group ခွဲလို့ ရမဲ့ အချက်ပါ။

Skype နဲ့ ပူးပေါင်းဦးမဲ့ Facebook

တူလေး ရေးသားသည်။

Facebook က voice နဲ့ video call တွေ လုပ်ဆောင် နိုင်တဲ့ skype နဲ့ ပူးပေါင်းဖို့ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ တကယ်သာ ဒီလို ပေါင်းစည်းမှု ရှိခဲ့ရင် လက်ရှိအချိန်မှာ သာမန် အဆင့်လောက်သာ ရှိ တယ်လို့ ဝေဖန် ခံနေရတဲ့ Facebook ရဲ့ chat ဟာ Gtalk လို နာမည်ကြီး chat ဆော့ဖ်ဝဲ တွေကို ယှဉ်ပြိုင်လာနိုင်ဖို့ ရှိပြီး skype ရဲ့ ကျေးဇူးနဲ့ voice chat သာမက၊ video chat အပြင် SMS လုပ်ဆောင် ချက်တွေပါ ရရှိလာနိုင်ပါတယ်။

Skype မှာ မှတ်ပုံတင်ထားတဲ့ အသုံးပြုသူပေါင်း သန်း ၅၀၀ ရှိပြီး လစဉ် အသုံးပြုသူ ၁၂၄ သန်း ရှိပါတယ်။ ဒါ့အပြင် Facebook မှာလည်း အသုံးပြုသူ သန်း ၅၀၀ ရှိနေတာကြောင့် ဒီ ကုမ္ပဏီ ၂ ခုသာ ပူးပေါင်း လုပ်ဆောင်မယ် ဆိုရင် တကယ့်ကို အင်အားကြီး တဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာ မှာပါ။

Facebook ရဲ့ ပြိုင်ဖက်လား

တူလေး ရေးသားသည်။

သာမန်အားဖြင့် အခုလက်ရှိအချိန်မှာ ရေပန်း အစားဆုံး ဖြစ်နေတဲ့ Facebook ကို ပြိုင်ဆိုင်ဖို့ လွယ်ကူ တဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ အားလုံး လက်ခံ ထားပြီးသားပါ။ ဒါပေမဲ့ အခု အခါမှာ facebook ကို စိန်ခေါ်ဖို့ social network တစ်ခု ထွက်ပေါ်လာ တော့မှာပါ။ အဲဒီ project ကို လုပ်ကိုင်တဲ့ developer တွေက ဒီ project ကို စက်တင်ဘာ ၁၅ ရက် နေ့မှာ စတင်ဖို့ ရည်ရွယ်ထားတယ် လို့ သိရပြီး ထူးခြားချက် အနေနဲ့ open source အနေနဲ့ ပေးမှာ ဖြစ်တာ ကြောင့် သူ့ရဲ့ coding တွေကို အခြား developer တွေက အခမဲ့ ရယူပြီး ပိုကောင်းအောင် လုပ်ဆောင် ပေးလို့ ရမှာ ဖြစ်ပါတယ်။ Mozilla ရဲ့ Firefox browser ကလည်း ဒီလို open source project အနေနဲ့ပဲ browser လောက ကို လက်ဝါးကြီး အုပ်နိုင်ခဲ့တာ ပါ။

Facebook ရဲ့ ဘ၀ဇာတ်ကြောင်း ရုပ်ရှင်

တူလေး ရေးသားသည်။

Social Network လို့ နာမည် ပေးထားတဲ့ ရုပ်ရှင် အသစ် ကတော့ အခုအချိန်မှာ လူတစ်ယောက်မှာ account တစ်ခု တော့ အနည်းဆုံး ရှိတတ်တဲ့ နာမည်ကြီး social network, facebook ရဲ့ ဖြစ်ပေါ် လာပုံကို ရိုက်ကူး ထားတာပါ။ ဒီ ရုပ်ရှင် ကို အောက်တိုဘာလမှာ ရုံတင်မှာဖြစ်ပြီး မျက်နှာသစ် သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင် ထားတယ် လို့ သိရ ပါတယ်။ သရုပ်ဆောင်သစ် Jesse Eisenberg က Harvard တက္ကသိုလ်ရဲ့ အဆောင် အိပ်ခန်းထဲ ကနေ အဖွဲ့ ၀င်ပေါင်း သန်း ၅၀၀ ရှိလာတဲ့ facebook ကိုတီထွင် ခဲ့တဲ့ Mark Zuckerberg နေရာ ကနေ သရုပ် ဆောင်မှာ ဖြစ် ပါတယ်။

Facebook ကို ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ သူတွေ အတွက် echofon app

တူလေး ရေးသားသည်။

နာမည် က Echofon for Facebook ပါ။ iTune Store မှာ အဲဒီလို ရိုက်ထည့် ပြီး ရှာဖွေ နိုင်ပါတယ်။ Facebook က သူတို့ ရဲ့ ကိုယ်ပိုင် app ထုတ်ထားပေမဲ့ ဒီ Echofon app ကလည်း သုံးလို့ ကောင်းတဲ့ app တစ်ခုပါ။ Newsfeed, message, photo, notification စတာတွေကို tab တွေနဲ့ လွယ်လွယ်ကူကူ ကြည့်နိုင်ပါတယ်။ Chat feature လည်း အလုပ်လုပ်ပါတယ်။

Facebook မှာ ကိုယ့် status လေး လူတိုင်း မသိစေဖို့

တူလေး ရေးသားသည်။

Facebook က တကယ်ကို အသုံးတည့်ပြီး တနေကုန် အချိန်ကုန်လို့ ရတဲ့ social network ပါ။ ကျွန်တော် တို့ သူငယ်ချင်းတွေ ဆိုရင် facebook ကြောင့် အလှမ်းဝေး ကွာနေရာကနေ ပြန်လည် စုစုစည်းစည်း ဖြစ်လာ ခဲ့ရတာပါ။ သူငယ်ချင်းတွေ တွေ့တော့ ထုံးစံ အတိုင်း ပြောချင် တာတွေပြော၊ ရေးချင်တာတွေ ရေး၊ ဖြစ်သလို ရိုက်တာတဲ့ ဓာတ်ပုံတွေ တင်လို့ တင်နဲ့ ပျော်စရာပါ။ ဒါပေမဲ့ Facebook က ကိုယ့် သူငယ်ချင်းတွေ သီးသန့် သုံးတာမဟုတ် သလို တခြား သူတွေလည်း အသုံးပြုနေတာ ကြောင့် ကိုယ့် အကြောင်းတွေ အားလုံး လူတိုင်း သိနေရတာ တော့ မကောင်းဘူးပေါ့။

ကိုယ့်ရဲ့ friend ထဲမှာ လုပ်ဖော် ကိုင်ဖက် တွေပါမယ်၊ အလုပ်ရှင်တွေနဲ့ potential အလုပ်ရှင် တွေလည်း ပါကောင်း ပါနေမှာပါ။ ကိုယ့်က အလုပ်မှာ ခန့်ခန်းငြားငြား နေရပေမဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် သွားချင်ရာ သွားပြီး ပြောချင်ရာ ပြောမှာပေါ့၊ ဒါတွေကို လုပ်ဖော်ကိုင်ဖက် တွေသာ မြင်သွားရင် အထင် အမြင်သေးသွား နိုင်တယ် မလား။ ဒီလိုပဲ ကျောင်း ဆရာ၊ ဆရာ မတွေ ဆိုရင်လည်း ကိုယ့် friend list ထဲမှာ တပည့်တွေလည်း ပါမှာပဲ။ ဒီတပတ် စနေနဲ့ ဟိုတယ်က pub မှာ သွားကဲ မယ် ဆိုတဲ့ event မျိုးကို ကိုယ့်တပည့် တွေကို တွေ့စေချင်မှာ မဟုတ်ပါဘူး။ ဒီလို လေး တွေကြောင့် facebook က အသုံးတဲ့မဲ့ policy feature လေးကို ထည့်သွင်းပေးထားပါတယ်။ အသုံးဝင်ပေမဲ့ တော်တော်များများက ရှိမှန်း မသိသလို၊ လုပ်ရတာ ခေါင်းစားနေတဲ့ သူတွေ၊ ကျွန်တော့်ကို ပြောပြပါလို့ ပူဆာနေတဲ့ ကျွန်တော့် ချစ်သူငယ်ချင်း တွေ အတွက် ကျွန်တော် တစ်ဆင့်ချင်း ရေးပေး လိုက်ရပါတယ်။

Facebook က ဓာတ်ပုံတွေ တင်ဖို့ uploader အသစ်ပြောင်းလဲမည်

တူလေး ရေးသားသည်။

Facebook မှာ အခုအချိန်အထိ ဓာတ်ပုံတွေ upload လုပ်ဖို့အတွက် java အသုံးပြု uploader ကို အသုံးပြုနေရပြီး အဆင်မပြေမှုတွေ အများအပြား ကြုံနေရတာကြောင့် မကြာခင်မှာ Windows Explorer ပုံစံ တည်ဆောက်ထားတဲ့ uploader ကိုပြောင်းလဲပေးသွားမယ်လို့ သိရပါတယ်။  ဒီ uploader အသစ် အတွက် Facebook plugin တစ်ခုကို အရင်ဆုံး install ပြုလုပ်ထားရမှာဖြစ်ပြီး ထူးခြားချက်က ဒီ uploader က background ကနေ အလုပ်လုပ်နိုင်တာ ကြောင့် ဓာတ်ပုံတွေ တင်နေတဲ့အချိန်မှာလည်း internet browsing ကို ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။