Posts Tagged ‘firefox’

Firefox မှာ page loading မြန်အောင်

တူလေး ရေးသားသည်။

Firefox က ပုံမှန် အားဖြင့် web page တွေ အတွက် cache ကို hard disk ထဲမှာ ပဲ ထားပြီး ဆွဲယူပြသ တာပါ။ Hard Disk ထက်စာရင် Memory ထဲက ဆွဲ ပြရင် ပိုမြန် နိုင်ပါတယ်။ Firefox ကို အဲဒီလို လုပ်ဖို့ စေခိုင်း နိုင်ပါတယ်။

Firefox ကို စကားပြောပြီး ခိုင်းဖို့

တူလေး ရေးသားသည်။

Firefox browser ကို mouse နဲ့ ကလစ် တစ်ချက်ချင်း စီ မသွားပဲ စကားပြောပြီး ခိုင်းလို့ ရရင် ကောင်းမယ်လို့ တွေး ခဲ့ ဖူးတယ် ဆိုရင် ဒီ addon က အကောင်အထည် ဖော်ပေး နိုင်ပါလိမ့်မယ်။ search queries တွေကို စကားနဲ့ ပြောပြီး ရှာလို့ ရသလို၊ tab အသစ်ဖွင်ပြီး site တစ်ခု ထပ်ဖွင့်တာ၊ tab ကို ပိတ်တာ၊ facebook မှာ status စစ်တာ၊ Hulu မှာ TV show ကြည့်တာတွေကို အသံနဲ့ ထိန်းချုပ်ပြီး လုပ်ဆောင် နိုင်ပါတယ်။ Firefox 3.0 ကနေ 3.6 အတွင်း အသုံး ပြုလို့ရပါတယ်။

Android မိုဘိုင်းဖုန်းတွေ အတွက် Firefox browser

တူလေး ရေးသားသည်။

Android အခြေပြု မိုဘိုင်းဖုန်း သုံးတဲ့ သူတွေ အတွက် ၀မ်းသာစရာ တစ်ခုပါ။ ကွန်ပျူတာတွေမှာ အင်တာနက် ကြည့်ရာမှာ လူတိုင်းလိုလို အသုံးပြုကြတဲ့ Firefox application က အခု Android ဖုန်းတွေအတွက် app အနေ နဲ့ ရရှိနိုင်တော့မှာပါ။ အခု အချိန်မှာ စမ်းသပ်ဆဲ အချိန်ဖြစ်တာကြောင့် အခက်အခဲ အနည်းငယ် ရှိတာကလွဲလို့ သုံးလို့ ကောင်းတဲ့ app တစ်ခုပါ။ desktop version မှာလိုပဲ tab တွေ၊ bookmark menu တွေ၊ setting တွေ၊ addon တွေ ပါဝင်ပြီး အလုပ်လုပ်ပေးနိုင်ပါတယ်။