Posts Tagged ‘flash drive’

စာရွက်တွဲဖို့လည်း အသုံးပြုနိုင်တဲ့ USB Flash Drive

တူလေး ရေးသားသည်။

USB Flash drive တွေ အရွယ်အစား ငယ်ငယ်လာပြီး စာရွက်တွေ တွဲတဲ့ paper clip အရွယ် အစား လောက် ရှိတာ ကိုတော့ မြင်ခဲ့ ဖူး ပြီးပါပြီ။ ဒါပေမဲ့ paper clip အနေနဲ့ လည်း အသုံးပြု လို့ရတဲ့ USB Drive ထဲမှာ တော့ ဒီ USB Drive က ပထမ ဦးဆုံးပါ။ Verbatim က ထုတ်လုပ် ထားတာ ဖြစ်ပြီး Clip-it လို့ နာမည် ပေးထားပါတယ်။ အနက်ရောင်၊ အဖြူ ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင် တို့နဲ့ ရရှိနိုင်ပြီး 2GB ကို ၁၂ ဒေါ်လာ၊ 4GB ကို ၁၅ ဒေါ်လာ နဲ့ ရောင်းချ မှာဖြစ်ပါတယ်။

SanDisk ရဲ့ paperclip အရွယ် Flash Drive

တူလေး ရေးသားသည်။

Flash Drive တွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ SanDisk က စက္ကူ တွေ ပူးတွဲရာမှာ သုံးတဲ့ paper clip တစ်ခု ရဲ့ အရွယ် အစားနဲ့ ထပ်တူ အရွယ်အစားရှိ တဲ့ Flash Drive တစ်ခု ကို ထုတ်လုပ်လိုက်ပါတယ်။ နာမည်ကိုတော့ Cruzer Blade လို့ပေးထားပါတယ်။ ဒီ flash drive က အရွယ် အစားမှာ သေးငယ် ရုံသာမက အလေးချိန်မှာလည်း အင်္ဂလန် နိုင်ငံသုံး ပြားစေ့ တစ်စေ့ ရဲ့ အလေးချိန် ပဲ ရှိတယ်လို့ သိရပါတယ်။

Lexar ရဲ့ 128 GB Flash Drive

တူလေး ရေးသားသည်။

Flash drive တွေကို အရင်က ဖိုင်တွေ အရွေ့အပြောင်း ပြုလုပ်ဖို့ပဲ အသုံးပြုခဲ့ပေမဲ့ အခု Lexar က 128 GB ရှိတဲ့ Flash drive ကိုထုတ်လုပ်လိုက် တာကြောင့် ဖိုင်တွေကို ပြောင်းရွေ့ဖို့ အပြင် backup ပြုလုပ်ဖို့ပါ အသုံးပြု နိုင်တော့ မှာပါ။ ဒီ Flash drive က USB 2.0 နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး သူ့ထဲမှာ backup လုပ်ဖို့ ဆော့ဖ်ဝဲပါ တစ်ပါတည်း ထည့်သွင်းပေး လိုက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထည့်သွင်းထားတဲ့ ဖိုင်တွေကို 128 bit encryption ပြုလုပ်ပေးထားမှာ ဖြစ်တာကြောင့် Flash Drive ပျောက်သွားခဲ့ရင်တောင် မဆိုင်တဲ့ သူက အထဲ data တွေကို ရယူဖို့ အတော်ခက်ခဲမှာ ဖြစ်ပါတယ်။