Posts Tagged ‘game’
စဉ်းစဉ်းစားစား ကစား ရမဲ့ Cut The Robe ဂိမ်း
ဒီတစ်ပတ် ဂိမ်းလမ်းညွန်မှာတော့ iPod Touch / iPhone / iPad တို့နဲ့ ကစားလို့ ရတဲ့ Cut The Robe ဆိုတဲ့ ဂိမ်း နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ လောလောဆယ် iTune Store မှာ hit ဖြစ်နေတဲ့ ဂိမ်း တစ်ခုပါ။ ချိုချဉ်လုံး လေး တစ်ခု ကို ကြိုးတွေ ၃ ၊ ၄ ချောင်းနဲ့ ချည်ထားပြီး သက်ဆိုင် ရာ ကြိုးတွေကို ဖြတ်ပြီး အောက်မှ ချိုချဉ်စား ဖို့ စောင့် နေတဲ့ ချစ်စရာ အကောင်လေး ဆီရောက် အောင် ကျွေးရမှာ ဖြစ်ပါတယ်။ ဖြတ်လိုက်တဲ့ ကြိုးပေါ်မူတည်ပြီး သွားရာ လမ်းကြောင်းမှာ ရှိတဲ့ ကြယ်လေးတွေကို ထိအောင် ယူပြီး အမှတ် ယူရမှာ ဖြစ်ပါတယ်။
Tetris ဂိမ်းဝါသနာအိုးများအတွက် Tetris’d reverse
အပေါ်ကကျလာတဲ့ block တွေကို အဆင်ပြေပြေဖြစ်အောင် စီပြီး ဆော့ကစားရတဲ့ Tetris ဂိမ်းက တကယ့်ကို လူကြိုက်များ ပြီး မရိုးနိုင်တဲ့ ဂိမ်းပါ။ ဒီ Tetris ဂိမ်းမှာတော့ တမူထူးခြားပြီး အတုံးတွေကို စီရမှာမဟုတ်ပဲ Tetris block တွေကို platform အနေနဲ့ သုံးပြီး ကျလာမဲ့ block တွေအပေါ် ခုန်ပျံ တွယ်တက်ပြီး မပိမိအောင် နေရမဲ့ နင်ဂျာလို သူရဲ့ နေရာမှာ ကစားရမှာဖြစ် ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာ ရောင်းချတော့မဲ့ 250 GB Playstation 3
အားလုံး မျှော်လင့်စောင့်စားနေတဲ့ playstation console အသစ်ကတော့ နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ရောင်းချပေးတော့မှာ ပါ။ ဒီ console က 120 GB playstation 3 Slim ထက် သိုလှောင်မှု ၂ ဆ တိုးပေးလိုက်တဲ့ 250 GB အမျိုးအစားပါ။ Storage space ပိုလာတာကလွဲရင် တော်တော်များများ playstation 3 Slim နဲ့ တူပါတယ်။ ဈေးနှုန်းကတော့ ၃၄၉.၉၉ ဒေါ်လာ ဖြစ်မယ်လို့သိရပြီး
တစ်ကိုယ်တော် သူရဲကောင်း Bionic Commando
၁၉၈၈ ခုနှစ်က Nitendo က ထုတ်လုပ်ခဲ့တဲ့ commando ဂိမ်းကို သုံးဖက်မြင် ဖန်တီးထားတာနဲ့ ဆင်တူပါတယ်။ ငယ်စဉ်က commando ဂိမ်းကို အရူးအမူး စွဲလမ်းခဲ့သူ ပီပီ ဒီဂိမ်းကို လည်း စိတ်ဝင်စားမိပါတယ်။
Resident Evil 5
နာမည်ကြီး ရုပ်ရှင် Resident Evil ကို အခြေခံထားတဲ့ အက်ရှင် ဂိမ်းပါ။ ရန်သူအသစ်၊ စိမ်ခေါ်မှု အသစ်တွေ ပြည့်နက်နေတဲ့ အာဖရိက ကို ဇာတ်ကောင် Chris Redfield က သွားရောက်ရအုံးမယ့် ဗားရှင်း ၅ ပါ။ အသုံးပြုထားတဲ့ အလင်းအမှောင် အထူးပြုလုပ်ချက်တွေကြောင့် ပိုမို စိတ်ဝင်စားဖို့ကောင်းသလို ခြောက်ခြားဖို့လည်း ကောင်းပါတယ်။



