Posts Tagged ‘gmail’
ထင်သလောက် မပေါက်တဲ့ Gmail
ကျွန်တော်တို့ မြန်မာနိုင်ငံ နဲ့ တကွ နိုင်ငံ အတော်များများ မှာ လူသုံးများ နေတဲ့ Gmail က ရေပန်းစား၊ လူသုံးများတဲ့ webmail တစ်ခု ဖြစ်ပေမဲ့ နောက်ဆုံး ကောက်ယူ ထားတဲ့ စစ်တမ်းတွေ အရ တခြားသော webmail တွေ နဲ့ နှိုင်းယှဉ် ရင် ရာခိုင်နှုန်း အနည်းငယ်ကို ပဲ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။
အမေရိကန် နိုင်ငံ အခြေပြု Internet Browsing Population ရဲ့ စစ်တမ်း ကောက်ယူမှု အရ Hotmail အသုံးပြုသူက Gmail အသုံးပြုသူထက် ၉၄ ရာခိုင်နှုန်း ပိုများပြီး Yahoo Mail အသုံးပြုသူက ၁၉၀ ရာခိုင်နှုန်း ပိုများ နေတာ ကို တွေ့ရပါတယ်။
Gmail မှာ ဓာတ်ပုံတွေကို ဆွဲထည့်လို့ ရပါပြီ။
Gmail က သူတို့ရဲ့ “insert image lab” ကို on ထားစရာ မလိုပဲ ဓာတ်ပုံ တွေကို စာစီ နေတဲ့ message box အထဲကို dragging ဆွဲသွင်း၊ resize လုပ်ပြီး စိတ်ကြိုက် သုံးနိုင်ပါပြီ လို့ Gmail Blog မှာ ကြေငြာထား ပါတယ်။ လောလောဆယ်မှာ တခြား browser တွေနဲ့ သုံးလို့မရ သေးဘဲ Google ရဲ့ Chrome browser နဲ့ပဲ သုံးလို့ ရပါ သေးတယ်။ ဒါပေမဲ့ ကြေငြာ ကာစအချိန်မှာ Chrome browser ရဲ့ message box ထဲကို ဆွဲထည့်လို့ မရပဲ attachment ထဲကိုပဲ ဆွဲထည့်လို့ ရခဲ့ပါတယ်။ ဒါပေမဲ့ နာရီ အတော်ကြာတဲ့ အခါမှာတော့ သူတို့ ကြေငြာ ထားတဲ့ အတိုင်း လုပ်ဆောင် လို့ ရခဲ့ပါတယ်။
Gmail အသုံးပြုသူများအတွက် Gboard
Gmail က အသုံးပြုသူများအတွက် အသုံးတဲ့မဲ့ shortcut တွေ အများအပြား ပြုလုပ်ထားပေမဲ့ အသုံးပြုသူ အများစုက အဲဒီ shortcut တွေကို မသိတဲ့အတွက် ဒါမှမဟုတ် မမှတ်မိတဲ့အတွက် Gmail ကို အပြည့်အ၀ အသုံးမပြုနိုင်ကြပါဘူး။ ဒါကြောင့် အခု အခါမှာ ကွန်ပြူတာပစ္စည်းထုတ်လုပ်သူတစ်ဦးက Num Pad နဲ့ ဆင်တူတဲ့ Gboard ကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီ Gboard မှာ Gmail ရဲ့ shortcut တွေကို အရောင်စုံနဲ့ ဖော်ပြပေးထားပြီး Gmail အသုံးပြုနေစဉ်မှာ လိုအပ်တဲ့ ခုလုတ် ကို နှိပ်ပြီး အသုံးပြုရုံပါပဲ။ USB cable ကိုအသုံပြုထားပြီး ဘာ driver မှ မလိုအပ်ပဲ plug andRead more..



