Posts Tagged ‘google’

Microsoft က Google ရဲ့ search result တွေကို ခိုးသုံး နေပြီလား

တူလေး ရေးသားသည်။

ဖြစ်ပုံက ဒီလိုပါ။ Google ရဲ့ search နဲ့ပတ်သက်တဲ့ အဖွဲ့ က သူတို့ ရဲ့ search result တွေမှာ စာလုံး ပေါင်း မှားနေတာ တချို့ ကို တွေ့ရှိတာကြောင့် ပြုပြင်မှုတွေ ပြုလုပ်ပြီး သူ့တို့ရဲ့ လုပ်ဆောင်ချက် ကို ပြန်လည် သုံးသပ် နေ ချိန်မှာ မထင်မှတ်ပဲ Microsoft ရဲ့ Bing search engine ရဲ့ result တွေက လည်း ဘာမှ အသိပေးခြင်းမရှိပဲ Google က ပြင်ထားတဲ့ စာလုံးပေါင်းတွေ အတိုင်း ပြောင်းလဲ သွားတာ ကို တွေ့ရှိခဲ့ ရပါတယ်။

ဒါနဲ့ Google က လည်း ထပ်မံ သေချာစေဖို့ honeypot လို့ သူတို့ အမည်ပေးထားတဲ့ operation တစ်ခု ကို လုပ်ဆောင် ခဲ့ပြီး အဲဒီ operation က လုံးဝ လူမသုံးနိုင်တဲ့ keyword တွေဖြစ်တဲ့ “hiybbprqag” နဲ့ “ndoswiftjobinproduction” လို စာသားမျိုးကို web page တစ်ခုခု နဲ့ ယာယီ manual ချိတ်ဆက် ထားခဲ့ပြီး စစ်ဆေးခဲ့ရာမှာ Bing မှာ ချက်ချင်း မပြ ပေမဲ့ နောက် ၂ ပတ်ကြာတဲ့ အခါမှာ သူတို့ သေသေချာချာ သတ်မှတ်ထားခဲ့တဲ့ search result က Bing မှာ Google က သတ်မှတ် ထားတဲ့ keyword အတိုင်း သွားပေါ် နေပါတယ်။

Web အခြေပြု Anroid market ကို စတင် လိုက်တဲ့ Google

တူလေး ရေးသားသည်။

Google က app တွေကို Android အသုံးပြုတဲ့ မိုဘိုင်းဖုန်း စတဲ့ device တွေက နေသာ ဝင်ပြီး ဝယ်ယူခွင့်၊ အခမဲ့ ဒေါင်းလုပ်လုပ်ပြီး အသုံးပြုခွင့် စတာတွေ ပေးထာတဲ့ Android Market ကို သာမန် ကွန်ပျူတာ ကနေ လည်း ဝင်ရောက် ရှာဖွေ၊ ခွင့် ရအောင် web အခြေပြု Android Market တစ်ခု အဖြစ် စတင် ပေး လိုက်ပြီ ဖြစ်ပါ တယ်။

Google က ဒီ web အခြေပြု Android Market ကို Motorolla Xoom tablet လို tablet တွေနဲ့ လိုက်ဖက် ညီညီ တွဲဖက် အသုံးပြု နိုင်မဲ့ Android 3.0 – Honeycomb ကို အများပြည်သူကို ချပြခဲ့တဲ့ နေ့မှာ ပဲ ဒီ web based Android market ကိုပါ တပါတည်း ဖွင့်လှစ် ပေးခဲ့တာ ပါ။ ဒါကြောင့် အခုဆိုရင် Android ကိုမှ ကြိုက်တဲ့ ပရိသတ် တွေ အနေနဲ့လည်း Apple လိုပဲ app store တစ်ခုကို ကွန်ပျူတာ ကနေ ကြည့်ရှု နိုင်ပြီ ဖြစ်ပါတယ်။

ကလေးများအတွက် Google ရဲ့ logo ပြိုင်ပွဲ

တူလေး ရေးသားသည်။

Google က ကလေးတွေကို အခွင့်အရေး တစ်ခု ပေးတဲ့ အနေနဲ့ သူတို့ရဲ့ official logo အဖြစ် အသုံးပြုဖို့ ကလေး များအတွက် logo ပြိုင်ပွဲကို ကျင်းပပေး လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာ နေထိုင်တဲ့ kindergarten ကနေ 12 grade အထိ ပါဝင် ယှဉ်ပြိုင် နိုင်ပြီး ခေါင်းစဉ်ကတော့ “What I’d like to do someday.. ” ပါ။ ရွေးခြယ် ခံရတဲ့ သူ က scholarship အနေနဲ့ ဒေါ်လာ တစ်သောင်းခွဲ ရမဲ့အပြင် ကျောင်းမှာ သုံးဖို့ technology ဆိုင်ရာ ခွင့်ပြုငွေ ဒေါ်လာ ၂ သောင်းခွဲ ထပ်မံ ရရှိ အုံးမှာ ပါ။

Google ရဲ့ မောင်းသူမဲ့ ကား

တူလေး ရေးသားသည်။

ဟုတ်ပါတယ်။ Google က တီထွင်လိုက်တဲ့ မောင်းသူမဲ့ self-driving car ပါ။ ပုံမှန် အားဖြင့် Android, Search engine, email, web service စတာတွေ နဲ့ ပဲ အလုပ်ရှုပ် နေတတ်တဲ့ Google က ဘယ်သူမှ မထင်ထားတဲ့ တီထွင်မှုကို ပြုလုပ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်က Silicon Valley မှာ အလုပ်လုပ်တဲ့ သူတစ်ယောက်က ခေါင်မိုးပေါ်မှာ ထူးထူးဆန်းဆန်း တွေ တပ်ထားတဲ့ ကားတစ်စီး မောင်းနှင်သွားတာကို တွေ့တဲ့အတွက် ဗီဒီယို ရိုက်ယူထားခဲ့ ဖူးပေမဲ့ အဲဒီ တီထွင်မှုက Google က ဆိုတာ ဘယ်လိုမှ မထင်ထားခဲ့တာပါ လို့ ပြောဆိုထားပါတယ်။

Google က အောက်တိုဘာ ၁၀ ရက်နေ့မှာ ကယ်လီဖိုးနီးယားမှာ စမ်းသပ် မောင်းနှင်ပြခဲ့တာ ဖြစ်ပြီး စုစုပေါင်း ကား ၇ စီး ကို အသုံးပြုပြ ခဲ့တာ ဖြစ်ပါတယ်။ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ရဲ့ လိုအပ်ချက်အရ Google ရဲ့ တာဝန်ရှိသူ တွေက အရေးပေါ် အခြေ အနေ မှာ အလို အလျောက် ပုံစံကနေ၊ ကိုယ်တိုင် မောင်းနှင် ရတဲ့ အခြေအနေ အတွက် မောင်းသူ နေရာမှာ ထိုင်ပေးခဲ့ ရတဲ့ အချိန်တွေ ရှိခဲ့ပေမဲ့ အဲလို အရေးပေါ် အဖြစ်အပျက် လုံးဝ မရှိ ခဲ့ဘူး လို့ လည်း သိရပါတယ်။ ကားမောင်းသူ က မောင်းသူ နေရာမှာ ထိုင်ပြီး လက်ထောက် တစ်ယောက်က ကားရဲ့ navigation အချက် အလက် တွေကို မှတ်သား မောင်းနှင် ခဲ့တဲ့ မိုင်ပေါင်း တစ်ထောင် ရှိခဲ့ပြီး မြို့တွင်း နဲ့ မြို့ပြင် စုစုပေါင်း မိုင်ပေါင်း တစ်သိန်း လေးသောင်း မောင်းနှင်ပြ နိုင်ခဲ့တယ် လို့ သိရပါတယ်။ စမ်းသပ် ခဲ့တဲ့ ကား ၇ စီးထဲက တစ်စီးက မောင်းသူမဲ့ အခြေအနေနဲ့ ကယ်လီဖိုးနီးယား ရဲ့ အကွေ့အကောက် အများဆုံး နဲ့ အခက်အခဲ ဆုံးလို့ ပြောလို့ ရတဲ့ Lombard Street ကို အေးအေး ဆေးဆေး မောင်းနှင် ပြနိုင် ခဲ့ပါတယ်။

Google ရဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်တဲ့ ၀န်ဆောင်မှု အသစ်

တူလေး ရေးသားသည်။

Google က Gmail ထဲကနေ တဆင့် နိုင်ငံတကာကို ဖုန်းခေါ်ဆိုပေးနိုင်တဲ့ ၀န်ဆောင်မှု အသစ် တစ်ခုကို စတင် လိုက်ပါပြီ။ သူ့ရဲ့ ထူးခြားချက်က ဘာ ဆော့ဖ်ဝဲ ထည့်သွင်းစရာ မလိုပဲ Gmail ထဲကနေ အဆင့်သင့် အသုံပြု နိုင်မှာ ဖြစ်ပါတယ်။ လောလော ဆယ်မှာ အမေရိကန် နဲ့ ကနေဒါ နိုင်ငံကို ၂၀၁၀ နှစ်ကုန် ပိုင်းအထိ အခမဲ့ ခေါ်ဆို ခွင့်ပြုထားပြီး တခြား နိုင်ငံတွေကိုတော့ အခကြေးငွေ သက်သက်သာသာ နဲ့ ခေါ်ဆို နိုင်အောင် စီစဉ် ပေးထား ပါတယ်။

ကြည့်ရှုသူ သန်း ၁၀၀၀ အထိ ရှိလာတဲ့ Google

တူလေး ရေးသားသည်။

Google က သူတို့ရဲ့ image search ကို ပြောင်းလဲပြီးတဲ့ နောက်မှာ တစ်ရက်ကို ကြည့်ရှုသူပေါင်း သန်း ၁၀၀၀ အထိ ရှိလာ ခဲ့တယ်လို့ သိရပါတယ်။ Google က Microsoft Bing နဲ့ ဆင်တူတဲ့ image search ကို ပြောင်းလဲ ပြီးတဲ့ နောက်မှာ ကြည့်ရှု သူတွေရဲ့ သဘောကျ နှစ်သက်မှုကို ခံရပြီး သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ ဘီဘီစီ သတင်းဌာနမှ လေ့လာ စမ်းစစ်သူ Marissa Mayer က လက်ရှိမှာ Google က ကမ္ဘာ့ အကြီးဆုံး image search engine ကြီး တစ်ခု ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

ကိုယ့်ရဲ့ search option တွေနဲ့ ကလေးတွေ အတွက် စိတ်ချရတဲ့ Google SafeSearch

တူလေး ရေးသားသည်။

Google က ကိုယ့်ရဲ့ search option တွေကို သူများပြောင်းလို့ မရအောင်ရယ်၊ ကလေးတွေအတွက် သင့်တော်တဲ့ result တွေသာ ပြပေးဖို့အတွက် Google က SafeSearch ကို စတင်ပေးလိုက်ပါပြီ။

Chrome OS ကိုစောင့်မျှော် နေသူ တွေအတွက် အမြည်း

တူလေး ရေးသားသည်။

Google Chrome OS ရဲ့ screenshot တွေပါ။  ဒီ Link ကနေ တဆင့် သွားကြည့်လို့ရပါတယ်။ CNet က စုစည်းပေးထားတာပါ။

Google ရဲ့ search option အသစ် များ

တူလေး ရေးသားသည်။

ပြီးခဲ့တဲ့ မေလ ကတည်းက google က search option တွေကို မိတ်ဆက်ခဲ့ပေမဲ့ အခုအခါမှာတော့ Microsoft ရဲ့ Bing search engine ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် search option ၉ ခု ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ ဒီ search option တွေ ကြောင့် ကိုယ်ရှာတဲ့ result page မှာ လွန်ခဲ့တဲ့ ၁ နာရီက တက်လာတဲ့ Page တွေကို သီးသန့်ကြည့်နိုင်မယ်၊ လွန်ခဲ့ တဲ့ ၂၄ နာရီ က တက်လာတဲ့ page တွေရဲ့ result တွေကို ကြည့်နိုင်မယ် စတဲ့ option တွေအပြင် သတ်မှတ်ထားတဲ့ ရက်အတွင်း က result တွေကို ကြည့်နိုင်တဲ့ option တွေပါဝင်လာပါတယ်။

Google SketckUp ဗားရှင်းအသစ်

တူလေး ရေးသားသည်။

3D အဆောက် အအုံတွေ ဆောက်လုပ် ပေးနိုင်တဲ့ SketckUp 7.1 ဗားရှင်းကို Google ကထပ်မံ ထုတ်လုပ်ပေး လိုက်ပါပြီ။ ဒီဗားရှင်းမှာ KMZ ဖော်မက် inport လုပ်တာကို ထောက်ပံ ပေးလာတာ တွေ့ရပါတယ်။ KMZ ဖော်မက်က 3D model နဲ့ သူတို့ရဲ့ GPS နေရာ တွေကို တွဲဖက် မှတ်သား ပေးနိုင်တဲ့ ဖော်မက်ဖြစ်တယ်လို့ သိရပါတယ်။