Posts Tagged ‘intel’
Intel ဈေးကွက်ကို လှုပ်ကိုင် မဲ့ chip အသစ်
Intel ရဲ့ netbook processor ဈေးကွက် ကို ကိုင်လှုပ် မဲ့ processor အသစ် တွေကို AMD က ထုတ်လုပ် လိုက်ပါပြီ။ AMD ရဲ့ processor အသစ် က main processor တွေ ပေါ်မှာ circuit အပိုတွေကို ထည့်သွင်း တီထွင် လိုက်ပြီး graphic တွေကို ပိုကောင်းကောင်း ပြပေး နိုင်မဲ့ အပြင် သေးငယ်ပြီး ပါးလွှာတဲ့ netbook တွေ အတွက် ပို အဆင် ပြေစေ မှာ ဖြစ်ပါတယ်။ AMD က netbook အတွက် Ontario processor နဲ့ laptop အသေးစား တွေ အတွက် Zacate processor ကို ထုတ်လုပ် လိုက်တာ ပါ။
Internet ကနေ့ အဆင့်မြင့်ပေး နိုင်မဲ့ Intel ရဲ့ CPU
“ကွန်ပျူတာက စိတ်တိုင်းကျ လောက်အောင် မမြန်ဆန်ဘူးလား၊ Intel က CPU ရဲ့ လုပ်ဆောင်ချက် အသစ်တွေကို ဖွင့်ပေးဖို့ key ကို ပို့ပေးမှာပါ။” ဒါကတော့ Intel က ကြံစည် နေတဲ့ အကြံအစည် တစ်ခု ဖြစ်ပြီး Intel ရဲ့ processor – G6951 မှာ စတင် အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် အသုံးပြုသူတွေ အနေနဲ့ ပထမဦးဆုံး ဈေးသက်သာ တဲ့ ကွန်ပျူတာ တစ်လုံးကို ရရှိနိုင်မှာ ဖြစ်ပြီး နောက်ပိုင်း လိုအပ် ချက်တွေ ရှိလာမှ လုပ်ဆောင်ချက် အသစ် တွေ အတွက် ကျသင့်ငွေကို ပေးသွင်းပြီး processor ကို Intel က ပေးတဲ့ software key နဲ့ အဆင့်မြင့်တင် ပြီး processor ရဲ့ firmware ကို မြင့်တင်ရမှာ ဖြစ်ပါတယ်။



