Posts Tagged ‘iPad’
Boot လုပ်ရင် ပြသနာမရှိတော့တဲ့ jailbreak ထွက်ပါပြီ
Apple ရဲ့ ပစ္စည်းတွေ နဲ့အသုံးပြုဖို့ အခုနောက်ဆုံးထွက်ရှိထားတဲ့ iOS 4.2.1 အတွက် ထွက်ရှိထားတဲ့ လက်ရှိ jailbreak က ပြီးပြည့်စုံတဲ့ အဆင့်မဟုတ် သေးပဲ ၊ ဘက်ထရီ ကုန်သွားလို့ပဲ ဖြစ်ဖြစ်၊ လိုအပ်တဲ့ အကြောင်းအရာ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် device ကို reboot ပြန်လုပ်ရမယ် ဆိုတဲ့ အချိန်မှာ safari လို app တွေနဲ့ တခြား ကိစ္စ တွေ ပုံမှန် အလုပ်လုပ်ဖို့ device ကို သက်ဆိုင်ရာ jailbreak ဆော့ဖ်ဝဲနဲ့ untethered ပြန်လုပ်ပေး ရပါတယ်။
သန်းပေါင်း တစ်သောင်း ပြည့်သွားပြီ ဖြစ်တဲ့ Apple ရဲ့ app download
Apple က သူ့ရဲ့ iPod Touch / iPhone / iPad တို့နဲ့ အသုံးပြုဖို့ app store ကို တည်ထောင် ခဲ့တဲ့ ၃ နှစ် ပြည့်ခါနီး အချိန်မှာ App store အနေနဲ့ app ပေါင်း သန်းတစ်သောင်း ဒေါင်းလုပ် လုပ်ခံရ ပြီး မှတ်တိုင်သစ် တစ်ခု ကို စတင် နိုင်လိုက် ခဲ့ပြီ ဖြစ်ပါတယ်။ Apple က ကတိ ပေးထားတဲ့ အတိုင်း သန်း တစ်သောင်းမြောက် app ကို download လုပ်တဲ့ သူကို ဒေါ်လာ တစ်သောင်းတန် Apple Gift Card ကို ချီးမြင့် ပေးခဲ့ပြီး ရရှိသွားခဲ့တဲ့ သူက တော့ အင်္ဂလန် နိုင်ငံမှ Gail Davis ဖြစ်ပါတယ်။
iPad ကို ယှဉ်ပြိုင်မဲ့ Motorola Xoom
Las Vegas မှာ ကျင်းပခဲ့တဲ့ Consumer Electronic Show (CES 2011) မှာ Motorola က iPad ကို ယှဉ်ပြိုင်နိုင်တဲ့ tablet ကွန်ပျူတာ တစ်မျိုးကို ချပြ ခဲ့ပါတယ်။ အဲဒီ tablet ဟာ iPad ထက် အနည်းငယ် ပိုကြီးတဲ့ အရွယ် အစား ရှိပြီး ၁၀ ဒသမ ၁ လက်မ wide screen display ပါ။ resolution အနေနဲ့ တော့ 1280 x 800 နဲ့ ပြသပေး နိုင်တာ ကြောင့် iPad ရဲ့ 1024 x 768 resolution ထက်လည်း မဆိုသလောက် သာလွန်ပါသေးတယ်။
1GHz Nvidia Tegra 2 dual-core processor ကို အသုံးပြု ထားပြီး 1 GB DDR2 memory ကို အသုံးပြု ထား ပါတယ်။ 32 GB internal storage ပါဝင်ပြီး 2 Mega pixel front facing camera, micro HDMI port, 5 mega pixel rear camera ပါဝင်ပြီး ထူးခြားချက် အနေနဲ့ LED flash ပါဝင် ပါတယ်။ ဒါ့အပြင် ဒီ tablet က Verizon carrier နဲ့ တွဲဖက် ထားတာကြောင့် နောက်ပိုင်းမှာ 4G အသုံးပြု နိုင်မယ် လို့လည်း သိရပါတယ်။ အရွယ် အစား အနေနဲ့ iPad ထက် မဆိုသလောက် ကြီးသလို နည်းနည်း လည်း ပိုထူ ပါတယ်။ ဒါ့အပြင် tablet ရဲ့ နောက်ခံ ကို ရာဘာ အသားနဲ့ ပြုလုပ်ထားတာ ကြောင့် လက်ထဲက နေ လွတ်ကျမဲ့ အန္တရာယ် ကနေ ကာကွယ်ပြီးသား ဖြစ်ပါတယ်။
MacAfee ပြောတဲ့ ၂၀၁၁
၂၀၁၁ မှာ အသစ်ထွက်ပေါ်လာမဲ့ နည်းပညာ ပစ္စည်းတွေ၊ သတင်းတွေ နဲ့ အားလုံး ရင်ခုန်နေကြသလို antivirus နဲ့ တခြား security product တွေ ကို ထုတ်လုပ်နေတဲ့ MacAfee ကုမ္ပဏီကလည်း သူတို့ မျှော်လင့် ထားတဲ့ ၂၀၁၁ ကို အခုလိုထုတ်ဖော် ပြောကြားခဲ့ပါတယ်။
MacAfee က ၂၀၁၁ ခုနှစ်မှာ အင်တာနက် ကွန်ယက်တွေကို အခြေခံပြီး တိုက် ခိုက် လာမဲ့ cybercriminal တွေ များပြားလာမယ် လို့ မှန်းထားပါတယ်။ သူတို့ မှန်းဆ ထားတဲ့ အဓိက ပစ်မှတ်က တော့ အခုနောက်ပိုင်း ခေတ်စား လာတဲ့ မိုဘိုင်း platform တွေ ဖြစ်တဲ့ iOS, Android နဲ့ အတူ လူသုံးများလာတဲ့ social network တွေ နဲ့ location service %E
အချိန်တို အတွင်းမှာ အများဆုံး ရောင်းချ နိုင်ခဲ့တဲ့ iPad
လက်ရှိ နောက်ဆုံး ရရှိတဲ့ ကိန်းဂဏန်းများ အရ Apple ရဲ့ iPad ဟာ ပထမ ၄ လပတ် အတွင်းမှာ iPad အလုံးရေ လေးသန်းခွဲ ရောင်းချ ခဲ့ရပြီး အချိန်တို အတွင်းမှာ အများ ဆုံး ရောင်းချ နိုင်ခဲ့တဲ့ ကွန်ပျူတာ ပစ္စည်း (gadget) အဖြစ် စာရင်း ၀င်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ဂဏန်းများ အရ Apple ရဲ့ iPad tablet ဟာ တစ်လမှာ အလုံးရေ လေးသောင်း ကိုးထောင် ကျော်၊ တစ်စက္ကန့်ကို နှစ်လုံး နှုန်းနဲ့ ရောင်းချ နေရတာ ဖြစ်ပါတယ်။
ကြိုက်တဲ့ ဗီဒီယို တွေဖွင့်ဖို့ VLC Media Player – app
ဒီ တစ်ပတ် app လမ်းညွန်မှာတော့ iPad နဲ့ အသုံးပြုလို့ရတဲ့ app တစ်ခုကို ညွန်ပြပေး ချင်ပါတယ်။ VLC media player ကိုတော့ ကွန်ပျူတာနဲ့ ဗီဒီယို အကြည့်များတဲ့ သူတွေ အားလုံး နီးပါး သိကြ ပါတယ်။ ဒီ media player က တခြား player တွေလို မဟုတ်ပဲ ဗီဒီယို ဖော်မက် ပေါင်းစုံ ကို ကြည့်ရှု နိုင်အောင် စီစဉ်ထားသလို၊ HD format တွေကိုလည်း ပြသ ပေးနိုင်ပါတယ်။ အခု အဲဒီ VLC media player က app တစ်ခု အနေနဲ့ iPad မှာ ရရှိ လာ ပါပြီ။ ပုံမှန် အားဖြင့် ကန့်သတ်ချက်တွေ ရှိနေလို့ iPad ရဲ့ နဂို ပါဝင်ပြီးသား video player ကို မကြိုက်နှစ် သက်တဲ့ သူတွေ အဘောကျမဲ့ app ပါ။
Samsung ရဲ့ iPad ပြိုင်ဖက်
Samsung က Apple ရဲ့ iPad ကို ပြိုင်ဆိုင်ဖို့အတွက် Galaxy Tab လို့ နာမည်ပေးထားတဲ့ Tablet PC တစ်မျိုးကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ဒီ Tablet ကို ဘာလင်မြို့ မှာ ကျင်းပ ခဲ့ IFA နှီးနှောဖလှယ်ပွဲကြီးမှာ ချပြခဲ့တာ ပါ။ Google Android Operating System ကို အသုံးပြုထားမှာ ဖြစ်ပြီး capacity က 16 GB ဒါမှမဟုတ် 32 GB ရှိမှာ ဖြစ်သလို နောက်ထပ် အလွယ်တကူ ထပ်တိုးဖို့ card slot လည်း ထားရှိ ပေးထား မယ်လို့ သိရပါတယ်။
တက္ကသိုလ် အတွင်းသို့ iPad ယူဆောင် မလာရ
iPad ကို အသုံးပြုသူတွေရဲ့ လက်ထဲ ထည့်ပြီး နောက်တစ်ရက်မှာပဲ CNN က iPad မှာ wireless ကွန်ယက် ချိတ်ဆက် တဲ့ ပြသနာ ရှိနေပါတယ် လို့ ကြေငြာခဲ့ပါတယ်။ အသုံးပြု သူတွေက wireless ချိတ်ဆက် တဲ့ အခါ တခြား ကိရိယာ တွေလို ကွန်ယက် မမိတာ၊ အား မကောင်းတဲ့ ပြသနာ ရှိနေတယ်လို့ ဆိုခဲ့တာပါ။ အဲဒီနောက်မှာတော့ ကွန်ယက် ညိစွန်းတဲ့ ပြသာနာ တွေကြောင့် အစ္စရေး နိုင်ငံက သူတို့ နိုင်ငံ အတွင်းကို iPad ယူလာ ခြင်းကို တားမြစ် ခဲ့ ပြန်ပါတယ်။
America ပြင်ပ နိုင်ငံများ သို့ iPad ဖြန့်ချီမဲ့ ရက် နောက်ဆုတ် လိုက်ပါတယ်။
Apple က သူတို့ ရဲ့ iPad ကို အမေရိကန် နိုင်ငံမှာ မျှော်မှန်းထားတဲ့ ပမာဏထက် ပိုမိုပြီး ရောင်းချခဲ့ ရတာကြောင့် နိုင်ငံတကာကို ဖြန့်ချီမဲ့ ရက်၊ နောက် ဆုတ်လိုက်တယ် လို့ သိရပါတယ်။ iPad က စထုတ်လုပ်တဲ့ နေရက်မှာ ပဲ အလုံးရေ ၃ သိန်းကျော် ရောင်းချ ခဲ့ရပြီး အခုအချိန်မှာ အလုံးရေ ၆ သိန်း ကျော်သွား ခဲ့ပါပြီ။ ဒီ ပမာဏ ဟ Apple ရဲ့ မျှော်လင့် ထားတဲ့ ပမာဏထက် ပိုမိုနေတာကြောင့် နိုင်ငံတကာ ဖြန့်ချီမဲ့ ရက်ကို မေလ အထိ ရွေ့ဆိုင်းလိုက်ပြီး နိုင်ငံတကာ ဈေးနှုန်း ကြေငြာ ခြင်းနဲ့ အတူ online order လက်ခံခြင်းကို မေလ ၁၀ ရက်နေ့မှာ စတင် သွားမယ်လို့ သိရပါတယ်။
ဒါလားကွ iPad??
ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ HP က ကျုံးဝါး နေတာကို ပြောတာပါ။
HP ရဲ့ အသစ် ထုတ်မဲ့ tablet PC က iPad ထက် သာလွန် ကောင်းမွန်မယ်လို့ ကျုံးဝါး နေပြန်ပါပြီ။ ကင်မရာ ပါမယ်။ flash အလုပ်လုပ်မယ်။ USB သုံးလို့ရမယ်။ SD card ထည့်လို့ရမယ် စသဖြင့်ပေါ့ဗျာ။ ဒီဗီဒီယို မှာ ကိုယ်တိုင် ကြည့်နိုင် ပါတယ်ဗျာ။



