Posts Tagged ‘iPhone 4G’

အံ့အား သင့်စရာ လုပ်ဆောင်ချက် တွေနဲ့ ထွက်ပေါ်လာတဲ့ iPhone 4

တူလေး ရေးသားသည်။

အားလုံး မျှော်လင့်ထားတဲ့ အတိုင်း Apple က ကျင်းပခဲ့တဲ့ Worldwide Developer Conference မှာ iPhone အသစ် iPhone 4 ကို ချပြခဲ့ပါတယ်။ ဒီ iPhone က Apple နောက်ဆုံး ထုတ်လုပ်ထားတဲ့ iPhone 3GS ထက် ၂၅ ရာခိုင်နှုန်း ပါးလွှာပြီး လက်ရှိ အချိန် ဈေးကွက်ထဲမှာ ရှိသမျှ smart phone တွေထဲမှာ အပါးလွှာဆုံး smart phone အနေနဲ့ ရှိနေမှာပါ။ ကိုယ်ထည်ကို အလူမီနီယံ နဲ့ ပြုလုပ်ထားပြီး အရှေ့ပိုင်းကို မှန်သား သီးသန့်နဲ့ တန်ဆာဆင်ထား သလို အရောင် အနေနဲ့ အဖြူ နဲ့ အနက် ၂ ရောင် ရ ရှိနိုင်မှာ ဖြစ်ပါတယ်။

iPhone prototype နောက်တစ်လုံး တွေ့ပြန်ပြီ။

တူလေး ရေးသားသည်။

iPhone အသစ် 4G တွေကပဲ ခဏခဏ ထွက်ကြ ထွက်ကြကျန်ခဲ့နေသလား၊ ခြေထောက်ပဲ ပေါက်နေသလား မပြောတတ် ဘူးဗျ။ ဟိုတလောက iPhone 4G တစ်လုံး ဘားမှာ ကျန်ခဲ့လို့ ဟိုးလေးကျော်ကျော် ဖြစ်ပြီး လို့မှ မကြာသေးဘူး အခု ဗီယက်နက် မှာလည်း တစ်လုံး ထွက်လာ ပြန်ပါပြီ။ ဗီယက်နန် စီးပွားရေး လုပ်ငန်းရှင် တစ်ယေက် က သူမှာထားတဲ့ iPad ကို အမေရိကန် နိုင်ငံမှာ သွားယူ တဲ့အချိန်မှာ iPhone prototype ကို ဒေါ်လာ ၄၀၀၀ နဲ့ ၀ယ် ခဲ့ တယ်လို့ ပြောထားပါတယ်။ (ဘာပဲပြောပြော အရင်တစ်ခေါက် တုန်းက Gizmodo ပေးခဲ့ရတဲ့ ဒေါ်လာ ၅၀၀၀ နဲ့ နှိုင်းယှဉ်ရင်တော့ ၁၀၀၀ သက်သာ သွားပါတယ်။)