Posts Tagged ‘magazine’

နိုင်ငံတကာ IT မဂ္ဂဇင်းတွေကို ပြည်တွင်းက မှာယူ ဖတ်ရှု နိုင်ပြီ

တူလေး ရေးသားသည်။

နိုင်ငံတကာမှာ နာမည်ကြီး ကျော်ကြားတဲ့ Computer Arts မဂ္ဂဇင်း ၊ Australia Personal Computer မဂ္ဂဇင်း ၊ Maximum PC မဂ္ဂဇင်း ၊ Laptop မဂ္ဂဇင်းတို့ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေး နေပြီ ဖြစ်ပါတယ်။ မဂ္ဂဇင်း အများစုက တစ်လ တစ်ကြိမ် ထုတ်ဝေ တဲ့ မဂ္ဂဇင်းတွေ ဖြစ်ပြီး Computer Arts လို မဂ္ဂဇင်း က ၂ လ တစ်ကြိမ် ထုတ်ဝေ တာပါ။ အိမ်ရောက်တဲ့ အထိ တာဝန် ယူပြီး ဈေးနှုန်းကတော့ မဂ္ဂဇင်း ပေါ်မူတည်ပြီး တစ်နှစ်စာကို ဈေးနှုန်း ၂ သိန်းကနေ ၃ သိန်း အထိ ရှိပါတယ်။

အပြန်အလှန် လှုပ်ရှားသက်ဝင် မှုတွေ ရှိလာမဲ့ iPad ပေါ်က မဂ္ဂဇင်း

တူလေး ရေးသားသည်။

Lifestyle နဲ့ ပတ်သက်တဲ့ မဂ္ဂဇင်း ထုတ်လုပ်နေတဲ့ VIVmag ကုမ္ပဏီ က သူတို့ရဲ့ မဂ္ဂဇင်းကို ဧပြီလမှာ ထုတ်လုပ်မဲ့ Apple ရဲ့ iPad ကို အဓိက ရည်ရွယ်တဲ့ interactive version ထုတ်လုပ် တော့မယ်လို့ သိရပါတယ်။ ဒါကြောင့် ဖတ်နေတဲ့ မဂ္ဂဇင်းက ဒီ ဗီဒီယို တွေမှာ ပြထားသလို ရုပ်သေ တွေသာမက ကိုယ်တိုင် လိုချင်တာကို ရွေးခြယ် ကြည့်ရ မဲ့ အသက်ဝင် မဂ္ဂဇင်း တစ်အုပ်ဖြစ်လာတော့မှာပါ။