Posts Tagged ‘Microsoft’

Microsoft ရဲ့ ခိုးကူး ခွေတွေက ထောက်ပံ့ နေတဲ့ မက္ကစီကို က လူဆိုးဂိုဏ်း

တူလေး ရေးသားသည်။

Microsoft လောလောဆယ် ဦးနှောက်စား နေတဲ့ ကိစ္စ က တော့ သူတို့ရဲ့ ရှေ့နေ ပြောပြချက်အရ Microsoft Office 2007 ခိုးကူး ခွေတွေအားဖြင့် မက္ကစီကို မှာရှိတဲ့ မူးယစ်ဂိုဏ်း La Familia Michoacana က ဝင်ငွေတွေ ရရှိနေတယ် ဆိုတာ ပါ။ သူတို့ရဲ့ မှန်းဆ ချက်အရ အစစ်သဖွယ် ဖန်တီးထားတဲ့ La Familia Michoacana ရဲ့ ခိုးကူး ခွေ တွေ ကြောင့် အဲဒီ ဂိုဏ်းဟာ တစ်နှစ်မှာ သန်းပေါင်း ၈၀၀ အမြတ် ရရှိနေပြီး အဲဒီ ပိုက်ဆံတွေနဲ့ ပြန်ပေးဆွဲမှု၊ လက်နက် တရားမဝင် ကူးသန်းရောင်းဝယ်မှု တွေကို ပြုလုပ်နေတယ် လို့ သိရပါတယ်။

Microsoft ရဲ့ Kinect ကို ကွန်ပျူတာ ထိန်းချုပ်ဖို့ hack လုပ်နိုင်ပြီ

တူလေး ရေးသားသည်။

Microsoft က သူတို့ ထုတ်လုပ်ထားတဲ့ Xbox ဂိမ်းစက်နဲ့ ကစားဖို့ motion controller – Kinect ကို ထုတ်လုပ် ထားပြီး အဲဒီ controller ဟာ လူတွေ ရဲ့ လှုပ်ရှားမှု ကို မှတ်တမ်းတင်ပြီး ဂိမ်းထဲက ဇာတ်ကောင် က လိုက်လံ လှုပ်ရှား ကစား တာကြောင့် လူကြိုက်များ တဲ့ controller တစ်ခု ပါ။ အခု အဲဒီ controller ကို University of Southern California Institute for Creative Technologies က လူတစ်စု က hack လုပ်ပြီး War Craft စတဲ့ ကွန်ပျူတာ ဂိမ်းတွေကို ကစား နိုင်ဖို့ open source software တစ်ခုကို တည်ထွင် ထုတ်လုပ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမြတ် ၃ ဆ တင်ထားတဲ့ Kinect

တူလေး ရေးသားသည်။

Microsoft ရဲ့ game တွေ နဲ့ ကစားဖို့ ထုတ်လုပ်ထားတဲ့ Kinect – motion controller ကို ကစားသူတွေ အတော်ကို ကြိုက်နှစ်သက် ကြပါတယ်။ အဲဒီ motion controller က ဒေါ်လာ ၁၅၀ ဝန်းကျင်ပေး ရပြီး အသုံးပြုသူ တွေ အနေနဲ့ လည်း သုံးပျော်တဲ့ ဈေးတစ်ခု ဖြစ်တာကြောင့် အတော်ကို အဝယ် လိုက်ခဲ့ပါတယ်။ Microsoft အနေနဲ့ အဲဒီ controller ကို ထုတ်လုပ်ရတဲ့ အရင်းက ရောင်းဈေးနဲ့ သတ်ကွာခြားမှု မရှိဘူးလို့ ပြောထားခဲ့ပေမဲ့ လက်တလော အလွတ်တမ်း အဖွဲ့အစည်း တစ်ခု ရဲ့ စစ်ဆေးမှု အရ အဲဒီ controller ရဲ့ ထုတ်လုပ်မှု ကုန်ကျ စရိတ် က ၅၆ ဒေါ်လာ သာသာ ပဲ ရှိတယ် လို့ သိရပါတယ်။

Internet Explorer 9 အကြောင်း တစေ့တစောင်း

တူလေး ရေးသားသည်။

ကျွန်တော်တို့ မြန်မာ နိုင်ငံ နဲ့ အတူ အခြား နိုင်ငံတွေ မှာ Microsoft ရဲ့ Internet Explorer က ရေပန်း မစားတော့ တာ အတော်ကြာခဲ့ပါပြီ။ Firefox , Google Chrome စသဖြင့် အသုံးပြုကြပေမဲ့ အမေရိကန် နိုင်ငံမှာ အခု အချိန်အထိ အသုံးအများ ဆုံး ဖြစ်နေတဲ့ Internet browser က Internet Explorer ဖြစ်နေဆဲပါ။ အခု Microsoft က ကမ္ဘာနဲ့ချီပြီး ဈေးကွက် ပျောက်ဆုံးနေတာကို ပြန်လည် အနိုင်ယူဖို့အတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားတဲ့ Internet Explorer version 9 (beta) ကို ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ဆောင် ချက် တချို့ က လက်ရှိအချိန်မှာ တခြား ဘယ် browser မှာမှ ရှာလို့မရတဲ့ လုပ်ဆောင် ချက်တွေပါ။