Posts Tagged ‘mobile’

Lumix ကင်မရာဖုန်း

တူလေး ရေးသားသည်။

ဟုတ်ပါတယ်။ Lumix ဆိုတဲ့ နာမည်ကတော့ Panasonic ကုမ္ပဏီက ထုတ်လုပ်တဲ့ ကင်မရာတွေ နဲ့ ပူးတွဲ အသုံးပြု ထားတဲ့ နာမည် ပါ။ ဒါပေမဲ့ အခု Lumix ဆိုတဲ့ နာမည် နဲ့ မိုဘိုင်းဖုန်းကိုပါ ထုတ်လုပ် တော့မှာဖြစ်ပါတယ်။ ရိုးရိုးဖုန်း ဆိုတာထက် ကင်မရာဖုန်း လို့ ပြောရင် ပိုမှန်မယ်လို့ ထင်ပါတယ်။ ကင်မရာ ကောင်းကောင်း ပါတဲ့ ဖုန်းကို မှ လိုချင်တယ် ဆိုတဲ့ သူတွေ အကြိုက်တွေ့မဲ့ ဖုန်းမျိုးပါ။

ဒီ ကင်မရာဖုန်းမှာ 13.2 megapixel CMOS sensor ကို အသုံးပြု ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃ ဒသမ ၃ လက်မ LCD screen ပါဝင်မှာ ဖြစ်ပြီး အလေးချိန်က ၁၄၆ ဂရမ် အလေး ရှိမှာပါ။ ထူးခြားတဲ့ ထူးခြားချက် ကတော့ ဒီ ကင်မရာ ဖုန်းမှာ ရိုးရိုးဖုန်းလို မဟုတ်ပဲ ကင်မရာ အပို ပစ္စည်း တွေ ထပ်မံ တပ်ဆင် နိုင်ဖို့ expansion slot တွေ ပါဝင်မှာပါ။

သေသေသပ်သပ်ရှိတဲ့ Samsung ရဲ့ Rouge SCH

တူလေး ရေးသားသည်။

Samsung Rouge SCH U960 ပါ။ ၄.၂၉ လက်မ ၂.၁၇ လက်မရှိပြီး ၀.၆၅ လက်မ ထူပါတယ်။ အလေးချိန်ကတော့ ၄.၉၄ အောင်စ ရှိပါတယ်။ ဘက်ထရီ ကာဗာကို texture သုံးထားတဲ့ အတွက် ကိုင်တွယ်ရတာ ပိုမိုကောင်းမွန် ပါတယ်။

LG ရဲ့ touch screen မိုဘိုင်းဖုန်းအသစ်

တူလေး ရေးသားသည်။

LG ရဲ့ GD 510 မိုဘိုင်း ဖုန်းပါ။ ၃ လက်မ touch screen ပါဝင်ပြီး resolution ၂၄၀ x ၄၀၀ WQGA ရပါတယ်။ ဖုန်း မီမိုရီကတော့ 8 GB ပါရှိပြီး ကင်မရာကတော့ ၃ mega pixel ဖြစ်ပါတယ်။ touch screen ဖြစ်တာနဲ့ အညီ လုပ်ဆောင်ချက်အားလုံးလိုလိုကို screen ပေါ်မှာ လက်ချောင်းတွေနဲ့ တို့ထိပြီး လုပ်ဆောင်သွားရမှာဖြစ်ပြီး