Posts Tagged ‘monitor’

Apple ရဲ့ ၂၇ လက်မ monitor အသစ်

တူလေး ရေးသားသည်။

Apple က လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ ၂၄ လက်မ နဲ့ ၃၀ လက်မ cinema display monitor တွေ ထုတ်လုပ် တာကို ရပ်ပြီး ပိုမိုကောင်း မွန်တဲ့ ၂၇ လက်မ monitor တွေကို ထုတ်လုပ် တော့မှာ ဖြစ်ပါတယ်။ ဒီ monitor အသစ် က 1080p ရရှိမှာ ဖြစ်ပြီး resolution 2560 x 1440 ပြသပေး နိုင်မှာပါ။ အရင် ထုတ်လုပ်ထားတဲ့ monitor တွေရဲ့ pixel အရေ အတွက်ထက် ၆၀ ရာခိုင်နှုန်း ပိုမို ပါဝင်မှာ ဖြစ်တာကြောင့် ပုံထွက် အရည်အသွေး ကတော့ ပြောစရာ မလိုအောင် ကောင်းလိမ့်မယ် လို့ ယူဆ ရပါတယ်။ screen ratio ကိုတော့ 16:9 ထားထား တာကြောင့် wide screen movie တွေ အတွက်လည်း အဆင်ပြေ ပါလိမ့်မယ်။

Lenovo ရဲ့ monitor အသစ် ၃ မျိုး

တူလေး ရေးသားသည်။

Lenovo က ထူးခြားဆန်းသစ်ပြီး resolution 1080p ကိုလက်ခံ နိုင်တဲ့ monitor အသစ် ၃ မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ monitor တွေကတော့ ၂၁ ဒသမ ၅ လက်မ ရှိတဲ့ L2261, ၂၃ လက်မ ရှိတဲ့ L2361p, ၂၃ ဒသမ ၆ လက်မ ရှိတဲ့ L2461x တို့ပဲဖြစ်ပါတယ်။ L2261 ကတော့ သာမန် အဆင့်သာရှိပြီး VGA နဲ့ DVI input တို့ ပါဝင်ပါတယ်။ သူ့ထက် တစ်ဆင့်မြင့်တဲ့ ၂၃ လက်မ L2361p ကတော့ ပိုမို စတိုင်ကျ ပြီး ပိုပြီးလည်း ဆန်းသစ်ပါတယ်။ မော်နီတာ နဲ့ အတူ စပီကာ လည်း ပူးတွဲ ပါဝင်တဲ့ အပြင် မိုက်ကရိုဖုန်း၊ 2.0 mega pixel webcam နဲ့ USB 2.0 port ၃ ခု ပါဝင် ပါတယ်။

ကမ္ဘာ့အပါးလွှာဆုံး BenQ monitor

တူလေး ရေးသားသည်။

၂၁ ဒသမ ၅ လက်မ ရှိတဲ့ V2200 monitor က ၁၅ မီလီမီတာ အထူပဲရှိပြီး ၁၈ ဒသမ ၅ လက်မ V920 က ၁၄ မီလီမီတာ အထူပဲရှိတယ်လို့ သိရပါတယ်။ V series model တွေက ၁၈ ဒသမ ၅ လက်မ မှ ၂၄ လက်မ အထိထုတ်လုပ် ပေးထား ပြီး model နံပါတ်ရဲ့ အနေက်မှာ H ပါရင် HDMI port ပါဝင်ပြီး G ပါရင် glare panel ဖြစ်တယ်လို့ သိရပါတယ်။ monitor အားလုံးက ပုံထွက်ကောင်းမွန် ဖို့အတွက် BenQ ရဲ့ SensEye Human Vision Technology ကိုသုံးထားပါတယ်။