Posts Tagged ‘motorola’

iPad ကို ယှဉ်ပြိုင်မဲ့ Motorola Xoom

တူလေး ရေးသားသည်။

Las Vegas မှာ ကျင်းပခဲ့တဲ့ Consumer Electronic Show (CES 2011) မှာ Motorola က iPad ကို ယှဉ်ပြိုင်နိုင်တဲ့ tablet ကွန်ပျူတာ တစ်မျိုးကို ချပြ ခဲ့ပါတယ်။ အဲဒီ tablet ဟာ iPad ထက် အနည်းငယ် ပိုကြီးတဲ့ အရွယ် အစား ရှိပြီး ၁၀ ဒသမ ၁ လက်မ wide screen display ပါ။ resolution အနေနဲ့ တော့ 1280 x 800 နဲ့ ပြသပေး နိုင်တာ ကြောင့် iPad ရဲ့ 1024 x 768 resolution ထက်လည်း မဆိုသလောက် သာလွန်ပါသေးတယ်။

1GHz Nvidia Tegra 2 dual-core processor ကို အသုံးပြု ထားပြီး 1 GB DDR2 memory ကို အသုံးပြု ထား ပါတယ်။ 32 GB internal storage ပါဝင်ပြီး 2 Mega pixel front facing camera, micro HDMI port, 5 mega pixel rear camera ပါဝင်ပြီး ထူးခြားချက် အနေနဲ့ LED flash ပါဝင် ပါတယ်။ ဒါ့အပြင် ဒီ tablet က Verizon carrier နဲ့ တွဲဖက် ထားတာကြောင့် နောက်ပိုင်းမှာ 4G အသုံးပြု နိုင်မယ် လို့လည်း သိရပါတယ်။ အရွယ် အစား အနေနဲ့ iPad ထက် မဆိုသလောက် ကြီးသလို နည်းနည်း လည်း ပိုထူ ပါတယ်။ ဒါ့အပြင် tablet ရဲ့ နောက်ခံ ကို ရာဘာ အသားနဲ့ ပြုလုပ်ထားတာ ကြောင့် လက်ထဲက နေ လွတ်ကျမဲ့ အန္တရာယ် ကနေ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ဒီဇိုင်း မလှပေမဲ့ အကြမ်းခံတဲ့ Motorola Quantico မိုဘိုင်းဖုန်း

တူလေး ရေးသားသည်။

စစ်သုံးအတွက် လိုအပ်ချက်တွေနဲ့ ဆန်းသစ်ထုတ်လုပ်ထားတာကြောင့် အလွန်အမင်း ကြမ်းတမ်းတဲ့ နေရာဒေသတွေမှာပါ အသုံးပြုဖို့အတွက် သင့်တော်ပါတယ်။ ဖုန်းက ခေါက်ဖုန်း အမျိုးအစားဖြစ်ပြီး ဖုန်းရဲ့ အရောင်ကလည်း စစ်သုံး ကိရိယာ တွေရဲ့ အရောင်အတိုင်းပြုလုပ်ထား သလို ဘေး နှစ်ဘက်မှာလည်း အကြမ်း ခံဖို့အတွက် အကြမ်းသား ရာဘာ နေနဲ့ ကွပ်ထားပါတယ်။