Posts Tagged ‘opera’
Opera Mini, iPhone / iPod Touch မှာ သုံးလို့ရပါပြီ
ဟိုတစ်လောက Opera Browser app ကို Apple က ခွင့်ပြုဖို့ စောင့်နေတယ် လို့ ကျွန်တော် ရေးခဲ့တာ မှတ်မိ ဦးမယ် ထင်ပါတယ်။ အခု Apple က ခွင့်ပြုလို့ App Store ကနေ download လုပ်ခွင့်ပေးနေပါပြီ။ လောလောဆယ် တော့ free ပေး နေပါတယ်။ နောက်ပိုင်းမှာ ပိုက်ဆံ နဲ့ ရောင်းမယ်လို့ ခန့်မှန်းရပါတယ်။
ကျွန်တော် download လုပ်ကြည့်တာတော့ မြန်မြန် ဆန်ဆန် ပြီးသွားပေမဲ့ bagan ISP နဲ့ သုံးကြည့်တာ loading ကနေ မတက်ဘူးဖြစ်နေတယ်။ တခြား အင်တာနက် နဲ့တော့ အဆင်ပြေနိုင်ပါတယ်။
Opera brower, iPhone ပေါ်ရောက် နိုင်မှာလား
Web Browser ထုတ်လုပ်တဲ့ Opera က သူ့ရဲ့ mobile web browser, opera mini 5 ကို Apple ရဲ့ app store မှာ ရောင်း ချနိုင်ဖို့ Apple ကို တင်ပို့လိုက်ပြီလို့ သိရပါတယ်။ ရောင်းချ နိုင်ဖို့ ကိုတော့ Apple ရဲ့ approval ရယူရမှာ ဖြစ်ပြီး လွယ်ကူ တဲ့ ကိစ္စ တစ်ခုတော့ ဖြစ်လာ မှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ လက်ရှိအချိန်မှာ iPhone ရဲ့ default browser က Apple ရဲ့ Safari ဖြစ်နေပြီး သူ့ရဲ့ browser ကို နေရာ ဖယ်ပေးမဲ့ ပုံတော့ မရှိပါဘူး။



