Posts Tagged ‘skype’
error တက်လာတဲ့ Skype
လွန်ခဲ့တဲ့ ၂ ရက် ၊ ၃ ရက် လောက်က ပါ။ Skype က version အသစ် ထွက်တယ်။ update လုပ်မလားလို့ မေးတာ နဲ့ update လုပ်လိုက်တယ် ဗျ။ ပြသနာက အဲဒီမှာ စတာပဲ။ update လည်းပြီးရော၊ Skype က ခေါ်တာပဲ ဖြစ်ဖြစ်၊ လက်ခံတာပဲ ဖြစ်ဖြစ် error တက်ပြီး ပြုတ်ပြုတ်ကျသွားတော့တာ။ uninstall လုပ်ပြီး ပြန် install လုပ်၊ စမ်း တော့လည်း အဆင် မပြေဘူး ဗျ။
Skype နဲ့ ပူးပေါင်းဦးမဲ့ Facebook
Facebook က voice နဲ့ video call တွေ လုပ်ဆောင် နိုင်တဲ့ skype နဲ့ ပူးပေါင်းဖို့ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ တကယ်သာ ဒီလို ပေါင်းစည်းမှု ရှိခဲ့ရင် လက်ရှိအချိန်မှာ သာမန် အဆင့်လောက်သာ ရှိ တယ်လို့ ဝေဖန် ခံနေရတဲ့ Facebook ရဲ့ chat ဟာ Gtalk လို နာမည်ကြီး chat ဆော့ဖ်ဝဲ တွေကို ယှဉ်ပြိုင်လာနိုင်ဖို့ ရှိပြီး skype ရဲ့ ကျေးဇူးနဲ့ voice chat သာမက၊ video chat အပြင် SMS လုပ်ဆောင် ချက်တွေပါ ရရှိလာနိုင်ပါတယ်။
Skype မှာ မှတ်ပုံတင်ထားတဲ့ အသုံးပြုသူပေါင်း သန်း ၅၀၀ ရှိပြီး လစဉ် အသုံးပြုသူ ၁၂၄ သန်း ရှိပါတယ်။ ဒါ့အပြင် Facebook မှာလည်း အသုံးပြုသူ သန်း ၅၀၀ ရှိနေတာကြောင့် ဒီ ကုမ္ပဏီ ၂ ခုသာ ပူးပေါင်း လုပ်ဆောင်မယ် ဆိုရင် တကယ့်ကို အင်အားကြီး တဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာ မှာပါ။



