Posts Tagged ‘sony’
အသစ်ထွက်ရှိလာတော့မဲ့ Sony ရဲ့ Tablet ၂ မျိုး
Sony က လည်း အခုဆိုရင် tablet တွေရဲ့ လောကထဲကို သူ့ရဲ့ tablet အသစ် ၂ မျိုးနဲ့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် S1 နဲ့ S2 လို့ code name တွေ ပေးထားတဲ့ tablet အသစ် ၂ မျိုးကို ပုံကြမ်းတွေ ထုတ်ပြ လာခဲ့ပြီ ဖြစ်ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ စတင်ရောင်းချ လာတော့မှာ ပါ။ Sony ဆိုရင် ဒီဇိုင်း ဆန်း၊ အရည်အသွေးကောင်း ပစ္စည်း ဆိုတဲ့ မူကို မပျက်စေပဲ လှပဆန်းသစ်တဲ့ ဒီဇိုင်း၊ အသုံးဝင်လှတဲ့ ပုံစံ၊ hardware တွေနဲ့ ထွက်ပေါ်လာမှာပါ။ ကောင်းမွန်တဲ့ hardware ၊ ဒီဇိုင်း သာမက သူတို့ရဲ့ ကွန်ယက်နဲ့ပါချိတ်ဆက်ပေး ထားမဲ့ တကယ့်ကို ပြည့်စုံတဲ့ ပေါင်းစည်းမှု တစ်ခု ဖြစ်မှာပါ။
Sony က အသစ် ထုတ်လုပ် လိုက်တဲ့ portable ဂိမ်းစက်
သတင်းတွေ ကြိုထွက်နေခဲ့ သလိုပဲ Sony က PSP ကို အဆင်မြင့်ပြီး NGP (Next Generation Portable) လို့ နာမည်ပေး ထားတဲ့ လက်ကိုင်ဂိမ်းစက် အသစ် တစ်ခုကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီ device မှာ အရင်တုန်းက သတင်းထွက် ခဲ့သလို slide out လုပ်လို့ရတဲ့ control တွေ တော့ မပါဝင် ပေမဲ့ ၅ လက်မ OLED screen, muti touch လုပ်ဆောင် ချက်၊ motion control ၊ အသစ် ထည့်သွင်းလိုက်တဲ့ analog control stick ၂ ခု အပြင် နောက်ကျောမှာ ပါ multi touch မျက်နှာပြင် ပါဝင် လာပါတယ်။
Processor အနေနဲ့ Sony က quad-core ARM Cortex-A9 processor နဲ့ SGX543 quad-core graphic processor တွေကို အသုံးပြုထားတာကြောင့် လက်ရှိ PSP ထက် ၄ ဆ လောက် အစွမ်းထက်တယ်လို့ ဆိုနိုင်ပါတယ်။ ဘက်ထရီ သက်တမ်း အနေနဲ့တော့ ၄ နာရီနဲ့ ၅ နာရီ ဝန်းကျင် အသုံးခံမယ် လို့ သိရပါတယ်။
Sony Move ရဲ့ ပုံစံ အသစ်
Sony က သူ ရဲ့ Play Station 3 နဲ့ တွဲကစားဖို့ Sony Move ကို မကြာခင်က ထုတ်လုပ်ထားခဲ့ပါတယ်။ အဲဒါ ကတော့ ဂိမ်းကို ပုံမှန် လက်ကိုင်တွေ အစား Sony Move ကို ကိုင်ပြီး တင်းနစ် ဂိမ်း၊ အပစ်အခတ် ဂိမ်း စတာတွေကို ပိုမို သဘာဝ ကျကျ နဲ့ ပျော်ပျော်ရွင်ရွင် ကစားနိုင်တဲ့ console တစ်ခုပါ။ အခု Sony က အဲဒီ Sony Move ကို အပစ် အခတ် ဂိမ်းတွေ အတွက် သီးသန့် ရည်ရွယ်ထားတဲ့ Sony Move Shooting ကို ထုတ်လုပ် လိုက်ပါတယ်။
HD movie နဲ့ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်တဲ့ Sony Digital Camera
ဆိုနီရဲ့ ဒီဂျစ်တယ် ကင်မရာ Cyber-shot DSC-TX7 ပါ။ Full HD video ကို 1080p နဲ့ ရိုက်ကူးနိုင်ပါတယ်။ 10.2 Mega pixel ဖြစ်ပြီး အရည်အသွေး ကောင်းမွန် တဲ့ ဓာတ်ပုံ တွေကို ရိုက်ကူးပေးနိုင် သလို အရွယ်အစား ကလည်း ပြောစရာ မလိုအောင် ကျစ်လစ်ပါတယ်။ ဒါကြောင့် သွားလေရာကို ယူသွားဖို့ အခက်အခဲ မရှိသလို တစ်ဖက် မှာလည်း ကျစ်လစ် လွန်းတဲ့အတွက် ကိုင်တွယ်တဲ့ နေရာမှာတော့ အခက်အခဲတွေ ရှိနေနိုင်တယ်လို့ သုံးသပ် ထားပါတယ်။
လှုပ်လှုပ်ရှားရှား Sony Game များ အတွက် Sony Move
Nintendo ရဲ့ Wii, Microsoft ရဲ့ Project Natal စတဲ့ ကရိယာ တွေနဲ့ အတူ Sony ကလည်း PlayStation Move လို့နာမည်ပေးထားတဲ့ ခန္ဓာ ကိုယ် လှုပ်ရှားမှုတွေကို sony_moveဂိမ်းထဲက ဇာတ်ကောင်ရဲ့ လှုပ်ရှားမှု အဖြစ် အသွင်ပြောင်းပေးမဲ့ motion controller ကို ဈေးကွက် ဖြန့်ချီတော့မှာပါ။ PlayStation Move ကို PlayStation 3 နဲ့ တွဲဖက် ကစားလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ပုံစံကတော့ မျက်လှည့်ဆရာသုံး မှော်တုတ်တံ ကလေး လို ဖြစ်ပြီး လေထဲမှာ ဝှေ့ယမ်း အသုံး ပြုပြီး ဂိမ်းကို ကစားရမှာပါ။
Sony ရဲ့ PlayStation Smart Phone
Sony က Apple ရဲ့ iPod, iPhone တွေကြောင့် သူရဲ့ ထုတ်ကုန်တွေ ရေပန်းစားမှု နည်းလာတာကို ကျော်လွားဖို့ အတွက် ဂိမ်းတွေလည်း ကောင်းကောင်း ကစားလို့ရ နိုင်မဲ့ Smart Phone တစ်မျိုးကို ထုတ်လုပ် တော့မယ် လို့ သိရ ပါတယ်။ ဒီ ဖုန်းက ဖုန်း တစ်လုံး အဖြစ်သာမက iPhone မှာလိုပဲ သီချင်းတွေ အတွက် အကောင်းဆုံး လုပ်ဆောင် ပေးမှာ ဖြစ်သလို PSP လိုလည်း ဂိမ်းတွေ ကောင်းကောင်း ဆော့ ကစားနိုင် မယ်လို့ သိရပါတယ်။ သီချင်း နဲ့ ဗီဒီယို တွေ အတွက် iTune Store လိုပဲ store တစ်ခုကိုလည်း တည်ဆောက် သွားဖို့ရှိပါတယ်။
Lens တွေ ပြောင်းလဲ အသုံးပြုနိုင်မဲ့ Sony compact camera
Lens တွေပြောင်းတပ်နေတဲ့ ဓာတ်ပုံဆရာတွေကို အားကျသလို တစ်ဖက်မှာလည်း လေးလံပြီး ၀န်ကြီးတဲ့ DSLR တွေကို မသယ်သွားချင်တဲ့သူတွေရဲ့ ခံစားချက်ကို Sony က ကောင်းကောင်း သဘော ပေါက်ပုံ ပေါ်ပါတယ်။ Sony ရဲ့ ထုတ်လုပ်လိုက်တဲ့ ကင်မရာက ပုံမှန် ဒီဂျစ်တယ် compact camera ဖြစ်ပေမဲ့ lens တွေကိုပြောင်းလဲ တပ်ဆင် အသုံး ပြုနိုင်တော့မှာပါ။ အရေအသွေး မြင့်တဲ့ DSL sensor ကို အသုံးပြုမှာ ဖြစ်သလို၊ Sony ရဲ့ DSL brand logo , alpha ကို ပဲ ဒီ ကင်မရာမှာ တွေ့ရမှာပါ။ ရှေးဦး DSL ကင်မရာတွေ နီးတူ Viewfinder မှသာ ကြည့်ရှု ရိုက်ကူး နိုင်မယ်လို့ သိရပါတယ်။
ပေါ့ပါးတယ်၊ ပါးလွှာတယ်၊ ခိုင်ခန့်တယ်၊ ဒါ့ အပြင် အကောင်းဆုံး စွမ်းဆောင် ပေးနိုင်တဲ့ Sony Vaio X
Windows 7 ကို အခြေခံထားပြီး မဖြစ်နိုင်လောက်အောင် ပါးလွှာ၊ ပေါ့ပါးတဲ့ Sony ရဲ့ Vaio X ပါ။ အရင် က ထုတ်လုပ် ခဲ့တဲ့ Sony Vaio series notebook ရဲ့ အားနည်း ချက် တွေကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံး ထုတ်လုပ်ခဲ့ တဲ့ notebook ဖြစ်တာနဲ့ အညီ ဈေးနှုန်းကလည်း ဒေါ်လာ ၁၃၀၀ ကို ခုန်တက်သွားခဲ့ပါတယ်။ ဟာသ အနေနဲ့ အင်တာနက်မှာ ပြောဆိုထားတာက ပါးလွှာလှပါပြီဆိုတဲ့ macbook air က ကိတ်မုန့် လှီးလို့ ရလောက်အောင် ပါးလွှာတယ်ဆိုရင်၊ ဒီ Sony Viao X က ခွဲစိတ်ခန်း မှာ ဓားအနေ နဲ့တောင် အသုံးပြုလို့ရပါတယ်လို့ ပြောဆို ထားတာ တွေ့ရပါတယ်။



