Posts Tagged ‘virus’

MacAfee ပြောတဲ့ ၂၀၁၁

တူလေး ရေးသားသည်။

၂၀၁၁ မှာ အသစ်ထွက်ပေါ်လာမဲ့ နည်းပညာ ပစ္စည်းတွေ၊ သတင်းတွေ နဲ့ အားလုံး ရင်ခုန်နေကြသလို antivirus နဲ့ တခြား security product တွေ ကို ထုတ်လုပ်နေတဲ့ MacAfee ကုမ္ပဏီကလည်း သူတို့ မျှော်လင့် ထားတဲ့ ၂၀၁၁ ကို အခုလိုထုတ်ဖော် ပြောကြားခဲ့ပါတယ်။

MacAfee က ၂၀၁၁ ခုနှစ်မှာ အင်တာနက် ကွန်ယက်တွေကို အခြေခံပြီး တိုက် ခိုက် လာမဲ့ cybercriminal တွေ များပြားလာမယ် လို့ မှန်းထားပါတယ်။ သူတို့ မှန်းဆ ထားတဲ့ အဓိက ပစ်မှတ်က တော့ အခုနောက်ပိုင်း ခေတ်စား လာတဲ့ မိုဘိုင်း platform တွေ ဖြစ်တဲ့ iOS, Android နဲ့ အတူ လူသုံးများလာတဲ့ social network တွေ နဲ့ location service %E

Cyber War ကို စတင် နေပြီလား

တူလေး ရေးသားသည်။

အခု ရက်ပိုင်းမှာ ဘီဘီစီ၊ စီအင်အင်၊ စတဲ့ သတင်း ဌာန တွေမှာ ဟိုးလေး တကျော်ကျော် ဖြစ်နေတဲ့ Stuxnet worm အကြောင်းကို သတိ ထားမိ မှာပါ။ ဒီ worm / virus က သာမန် အဆင့်မဟုတ်ပဲ လက်ရှိအချိန်မှာ အသေ သတ်ဆုံး တည်ထွင် ထားတာ ဖြစ်သလို အဆုံး အရှုံးအများဆုံးကို ဦးတည် သွားမဲ့ worm တစ်မျိုး ဖြစ်တယ်လို့ Security လောက မှ နာမည်ကြီး သူတွေ အားလုံး လက်ခံ ထားတဲ့ worm ပါ။ ဟုတ်ပါတယ်။ သူတို့ လက်ခံ ထားသလို ပဲ တကယ် ကို ကြောက်ဖို့ ကောင်းတဲ့ worm တစ်မျိုးပါ။ သာမန် worm တွေလို သာမန် လူတန်းစားတွေ သုံးတဲ့ ကွန်ပျူတာတွေ ပျက်စီး သွားအောင်၊ data တွေ သုံးလို့ မရ တော့အောင် ဖန်တီး ထားတာ မျိုးမဟုတ်ပဲ၊ စက်ရုံ၊ အလုပ် ရုံတွေ ရပ်သွား ပြီး အားလုံး ကမောက်ကမ ဖြစ်သွားအောင် လုပ်ဆောင်ပေး နိုင်တဲ့ worm ဖြစ်နေလို့ပါ။ အတိ အကျ ပြောရရင် နူက လီယား အခြေပြု စက် ရုံတွေ ကိုပါ။