Posts Tagged ‘website’
ကိုယ်မွေးတဲ့ နှစ်မှာ ဘာဖြစ်ခဲ့ သလဲ
What Happened In My Birth Year ကတော့ ဒီဝဘ်ဆိုဒ် ရဲ့ နာမည်ပါ။ သူ့ရဲ့ နာမည် အတိုင်း ကိုယ်မွေးခဲ့ တဲ့ နှစ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘာရုပ်ရှင် ထွက်ခဲ့ပြီး ဘယ်သူ က နာမည် ကြီး ဖြစ်ခဲ့သလဲ၊ အော်စကာ ဘယ်သူ ရခဲ့သလဲ၊ ဘယ်စာအုပ် ရောင်းကောင်း ခဲ့သလဲ၊ ကိုယ် နဲ့ တစ်နှစ်တည်း ဘယ် နိုင်ငံကျော်တွေ၊ ဘယ် အဆိုကျော် တွေ မွေးခဲ့သလဲ စတာတွေကို ပြပေးမှာပါ။
Tetris ဂိမ်းဝါသနာအိုးများအတွက် Tetris’d reverse
အပေါ်ကကျလာတဲ့ block တွေကို အဆင်ပြေပြေဖြစ်အောင် စီပြီး ဆော့ကစားရတဲ့ Tetris ဂိမ်းက တကယ့်ကို လူကြိုက်များ ပြီး မရိုးနိုင်တဲ့ ဂိမ်းပါ။ ဒီ Tetris ဂိမ်းမှာတော့ တမူထူးခြားပြီး အတုံးတွေကို စီရမှာမဟုတ်ပဲ Tetris block တွေကို platform အနေနဲ့ သုံးပြီး ကျလာမဲ့ block တွေအပေါ် ခုန်ပျံ တွယ်တက်ပြီး မပိမိအောင် နေရမဲ့ နင်ဂျာလို သူရဲ့ နေရာမှာ ကစားရမှာဖြစ် ပါတယ်။
October လအတွက် wallpaper အဆန်းများ
ပုံမှန် wallpaper collection တွေ စုစည်း တင်ဆက်ပေးနေကျ Smashing Magazine က ဒီတစ်လမှတော့ အောက်တို ဘာလ ဖြစ်တာ အညီ ပုံမှန် ချစ်စရာကောင်းတဲ့ ဒီဇိုင်းတွေ အပြင် ဆန်းပြားတဲ့ Halloween theme တွေပါ ထည့်သွင်းထား တာ တွေ့ရပါတယ်။
လွတ်လပ်တဲ့ freehand design များအတွက် inkscape
Illustrator, CorelDraw, XaraX တို့လိုပဲ လုပ်ဆောင်နိုင်တဲ့ vector graphic editor ပါ။ ထူးခြားတာကတော့ အခမဲ့ ရနိုင် တဲ့ application တစ်ခုပါ။ branding, icon package, webdesign, cd booklet နဲ့ game map စတာတွေ ရေးဆွဲနိုင်တယ် ပါတယ်။



